Archive for November, 2007

ရန်ကုန်မှာပါဗျာ

ခုတလောရန်ကုန်မှာသတင်းတွေက စုံလို့အောင်ပါပဲ
လူတွေအပြောများနေ ကြတာကတော့
အအေးပိုလာတဲ့အကြောင်းန့
ရုပ်ရှင်နဲ့ ဂီတနယ်ပယ်ကသတင်းတွေပါပဲ့။
ပြောစရာသတင်းတွေပေါမဟုတ်လား
ပြောလို့ရတာလေးတွေပြောကြတာပေါ့။
နောက် ငါးဗိုက်ထဲက ကလေးမွေးတယ်ဆိုတဲ့
သတင်းကလည်း နာမည်ကြီးပဲ
မှားမှသာမှားရောပေါ့ စွတ်ပြောကြတာ
သတင်းကဘယ်ဟုတ်လိမ့်မလဲ ။ အမှားကြီးပါ။
ယုံတဲ့ လူတွေကယုံနေတုန်းပါပဲ။
ပြောလို့ကောင်းနေကြတာကတော့
ရုပ်ရှင်နယ်ပယ်က အတင်းကိစ္စပါပဲ….
တော်ရုံဆိုကောင်းတယ်
အခုက ဆန်းဆန်းဖြစ်နေရင်ဒုက္ခ
ဖုန်းအားလုံး နားထောင်လို့ရတယ်ဆိုရင်ကော
ဘယ်နှယ့်လုပ်ကြမတုန်း
ခက်ပြီပေါ့……..
ဒါတွေဂရုမထားနိုင်သေးတဲ့လူတွေတော့
မပူရပါဘူး.ကိုယ်မှာလည်းဖုန်းမှမရှိတာနော်
အေးဆေးပဲ……..
ခိုးကူးသမားတွေတော့အလုပ်ဖြစ်ဆိုပဲ
ဘာတဲ့ …ကြားလိုက်ရပါတယ်
ဘုန်းကြီးအခွေနဲ့ အတင်းခွေဆို
ကြီးငယ်မရွေး အကုန်ကြိုက်ဆိုပ
သီချင်းခွေအသစ်မထွက်လို့ခက်နေတာ
အတော်ပဲပေါ့
နောက်တခုက
မြရိပ်ညို နောက်ဆက်တွဲ
ဆိုက်ကလုန်းက ဂျီတုန်း ဆိုတဲ့ ချာတိတ်
ပိတ်ခံရဆိုပဲ ပြောကြတာပဲ
ဂီတအစည်းအရုံးကတော့ သူတို မပိတ်ထားဘူးလို့
ငြင်းချက်ထုတ်ပါတယ်
ဘယ်သူပါးစပ်ဆော့ပြန်တယ်တော့မသိပါဘူး
ဒါတွေထားပါဦး
ရန်ကုန်ဆောင်းပိုးအေးလာတာလဲ
ပြောမဆုံးတဲ့ အကြောင်းဖြစ်နေတယ်
လုချင်းတွေ့ရင်တောင် အေးလာပြီနော်
နှုတ်ဆက်ကြနဲ့ ပြောစရာစကားအသစ်
ရလာကြတယ်
ဒီနှစ်ပိုအေးလာတယ်နော်
ထပ်ပြောမယ့်စကားပ်ါပဲ
ရန်ကုန်သားတွေဆိုလဲ
မနက် ည မရွေးပါဘူး
အနွေးထည်ဝတ် ဖို့ချောင်းနေကြတယ်
တနေကုန်ဝတ်မရတော့ခက်နေကြတာပေါ့
နေ့ခင်းဆိုရင်တော့ တော်တော် ပူပါတယ်
နွေဆိုပိုဆိုးမယ်ထင်ပ့ါ
လူတွေဖောက်ပြန်နေမှတော့
ရာသီဥတုလည်းဖောက်ပြန်ပြီပေါ့
အများပြောနေကြတဲ့စကားပါ။
Taxi တွေမီတာတပ်မှာလည်း
လူတွေ စိတ်ဝင်စားကြတယ်
တက်တာနဲ့ ၅၀၀
တမိုင် ၁၅၀ ဆိုတာဘယ်ဆိုးလို့တုန်းပေါ့
အိပ်မက်မဖြစ်ရင်ပြီးတာပဲလေ…
ကြားလိုက်ပါသေးတယ်
ဆီမသန့်တဲ့အကြောင်းတွေလေ
ကျန်းမာရေးပဲ
ဂရုစိုက်ရမှာပေါ့
ပြောကြတာတွေတော့အများကြီးပဲ
ဘာရယ်မဟုတ်ပါဘူး
ရန်ကုန်မှာပါဗျာ။ ။

စကားအပိုင်းအစများ

ကိုမျိုး(IR)ှ။ ။ တစ်ချိန်တုန်းကလို သီိချင်းတွေဘက် အာရုံခံစားနိုင်ဖို
ဘယ်လိုအခြေအနေမျိုး ဖန်တီးပေးသင့်တယ်လို့ထင်ပါသလဲ။

လေးဖြူ ။ ။ အဲ့ဒါတော့ မမျှော်လင့်ပါနဲ့တော့ကိုမျိုးရေ။ Finish ဖြစ်
သွားပြီဗျာ။ ပြန်မတမ်းတနဲ့တော့ ပြန်ဖြစ်နိုင်ဖို့တို့၊ ပြန်လုပ်နိုင်ဖို့တို့ 
ဆိုတာက မဖြစ်နိုင်တော့ဘူး။ ကျတော်နားလည်ထားတဲ့ အယူအဆ
တစ်ခုက ဖြစ်ပြီးသွားတဲ့အရာတစ်ခုကို ပြန်ကုစားဖို့ဆိုတာကို ကျတော်
သိပ်မယုံကြည်ဘူး။ အဲ့ဒါကပြီးသွားပြီဗျ။ နဂိုအတိုင်းဘယ်တော့မှ
ပြန်မဖြစ်နိုင်တော့ဘူး။ ဘယ်တော့မှလည်းပြန်မရနိုင်ဘူးလေ။
သဘောက ရေနှစ်ခါမစီးဘူးပေါ့ဗျာ။ အဲ့ဒီသဘောပါပဲ။
တချိန်တုန်းကဆိုတာ အခုမှာပြီးသွားပြီ။ ကျန်ခဲ့ပြီ။
အခု ကိုမျိုးမျက်စိရှေ့တဲ့တဲ့မှာရှိနေတာက ကိုမျိုး life ပဲ။
ကိမျိုးရဲ ဘ၀ပဲ။ အရင်တိုင်းပြန်ဖြစ်အောင်ဆိုတာမျိုး
အိပ်မက်မမက်ပါနဲ့ တွေးလည်းမတွေးပါနဲ့၊ ကြံလည်းမကြံစည်ပါနဲ့
အခုလက်ရှိဖြစ်နေတဲ့အနေအထားကို အကောင်ဆုံးဖြစ်အောင်
ကြိုးစားပေါ့။ ဒါပဲရှိတယ်။
ဂီတမြစ်ငါးစင်း၏
အဇ္ဈတ္တတံခါးများကိုဖွင့်ကြည့်ခြင်း
စာအုပ်မှ…….

သက်ရှိသမိုင်းစာအုပ်ရဲ့၉၂နှစ်ပြည်မွေးနေ့

စာပေလောကကလူတွေရော နယ်ပယ်အသီးသီးကလူတွေပါ
လေးစားကြတဲ့ လူတွေကပါလေးစားကြတဲ့ ဆရာမကြီးလူထုဒေါ်အမာ ဟာ
ဒီကနေ့မှာပဲ အသက် ၉၂ နှစ်ပြည်ခဲ့ပါပြီ……
လူထုဒေါ်အမာကို ၁၉၁၅ ခု နိုဝင်ဘာလ ၂၉ ရက်နေ့က မွေးဖွားခဲ့တာပါ။
ဒေါ်အမာလို့ ထင်ရှားလာခဲ့တာကတော့ မောရစ်ကောလစ်ရဲ့ စာအုပ်ဖြစ်တဲ့
TRIALS IN BURMA ကို တက္ကသိုလ်သပိတ်မှောက်ကျောင်းသူအမာ ဆိုတဲ့
နာမည်နဲ့ ဘာသာပြန်ခဲ့ရာကထင်ရှားလာခဲ့တာပါ။ ဒီစာအုပ်ကို ၁၉၃၈ ခုနှစ်က
ထုတ်ဝေခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုများ လို့အများသိကြပါတယ်။
၁၉၃၇ မှာ လူထုဦးလှနဲ့ လက်ထပ်ခဲ့ပါတယ်။လူထုဂျာနယ်မှာတော့
လက်ထောက်အယ်ဒီတာ(၁၉၄၅)
လူထုသတင်းစာအယ်ဒီတာအဖွဲ့ဝင်(၁၉၄၆)တို့အဖြစ်တာဝန်ယူခဲ့ပြီး
ဒီနောက်မှာတော့ ခင်ပွန်းသည်နဲ့အတူ
သတင်းစာဂျာနယ်လုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။
၁၉၆၄ မှာတော့ ပြည်သူချစ်သောအနုပညာရှင်များ
ဆိုတဲ့စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာစာပေဆုကို ရခဲ့ပါသေးတယ်။
သမိုင်းတွင်မယ့် လုပ်ရပ်များစွာကိုလည်း ခေတ်အဆက်ဆက်လုပ်ကိုင်ခဲ့သူတဦးပါ။
အများကတော့ လူထုဒေါ်အမာကို သက်ရှိသမိုင်းစာအုပ်တအုပ်လို့ တင်စားထားပြီး
သက်ရှိထင်ရှားရှိနေသေးတာကိုက အားတက်စရာတစ်ခုအဖြစ်ရှုမြင်ထားကြပါတယ်။
လူထုဒေါ်အမာ ရေးသားခဲ့ပြီးထင်ရှားခဲ့တဲ့စာအုပ်အချို့ကတော့
မြန်မာပြည်တွင်စစ်ဆေးခဲ့သောအမှုများ(၂၉၃၈)၊
စန္ဒမာလာ(၁၉၄၀)၊ပြည်သူချစ်သောအနုပညာသည်များ(၁၉၆၄)၊
ဘ၀ချင်းမတူသည့်တရုတ်ပြည်(၁၉၆၆)၊
အောင်ဗလ ဖိုးစိန် စိန်ကတုံး(၁၉၆၇)၊ရွှေရိုးဦးဘကလေး(၁၉၆၉)၊
ရွှေမန်းတင်မောင်(၁၉၇၀)၊
အငြိမ့်(၁၉၇၃)၊ရွှေဒေါင်းတောင်ဆောင်းပါးများ(၁၉၇၅)၊
ဆရာကြီးသခင်ကိုယ်တော်မှိုင်း(၁၉၇၆)၊
အာဖရိကဝတ္တုတိုများ(၁၉၈၉)၊ မန္တလေးသူမန္တလေးသားများ(၁၉၉၁)၊
ထိုင်းဝတ္တုတိုများ-၁(၁၉၉၂)၊
ထိုင်းဝတ္တုတိုများ-၂(၁၉၉၃)၊ရတနာပုံမန္တလေးကျမတို့မန္တလေး(၁၉၉၃)၊
သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄)၊ကျမတို့ငယ်ငယ်က(၁၉၉၄) နဲ့
အမေ့ရှေးစကား(၁၉၉၇)တို့ပဲဖြစ်ာကပါတယ်။ အခြားကလောင်တွေကတော့
ခင်လ၀င်း၊ခင်အောင်နိုင်၊ဖိုးသာအောင်၊မြမဉ္ဇူ၊ အမာ၊
အင်လျားကျောင်းဆောင်သူတစ်ဦး တို့ပါပဲ။
နှစ်စဉ်လူထုဒေါ်အမာရဲ့ မွေးနေ့ရောက်တိုင်း နိုင်ငံတနံတလျားကစာပေသမားတွေ
မန္တလေးကိုလာကြပြီး အမရပူရကတောင်လေးလုံးကျောင်းမှာမွေးနေ့ပွဲဆင်နွဲ ကြပေမယ့်
မနှစ်ကမပြီးအရင်နှစ်တွေလို လုပ်မရတော့တာကြောင့်
ဒီနှစ်မှာလည်း အကျဉ်းရုံးလို့ ဆွမ်းကပ်ရုံလောက်ပဲ
မွေးနေပွဲလုပ်သွားမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဆရာမကြီးလူထုဒေါ်အမာ အသက်ရာကျော်ရှည်ပါစေကြာင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။

blog တွေကို ban လိုက်ပြန်တဲ့ MPT

စက်တင်ဘာနောက်ပိုင်း blog တွေကိုအလွတ်မပေးတော့တဲ့ မြန်မာ့ဆက်သွယ်ရေးဟာ ခုတစ်ခါမှာတော့ ADSL့ ကတဆင့်ကြည့်လို့
ရတဲ့ blog တွေကိုပါဒီနေ့မနက်မှာပဲ ban လိုက်ပြန်ပါပြီ။ဒီအတွက်ကြောင့်broadband နဲ့ရော ADSLနဲ့ပါ blog တွေကိုကြည့်လို့မရတော့ပါဘူး။
blog ရေးချင်သူတွေအတွက်တော့ ကိုယ်ပိုင် domain မ၀ယ်နိုင်ရင်
အခမဲ့ရတဲ့ blog ဆိုဒ်တွေ အရှာထွက်ကြရအုန်းမှာပါ။ ဖတ်ချင်သူတွေအတွက်တော့ proxy ဆိုဒ်ကောင်းကောင်းတွေရှိနေပါသေးတယ်။
ဒီရက်ပိုင်း အဆိုးရွားဆုံးအရာကတော့ အလှည့်ကျမီးပေးစနစ်
အိမ်တံခါးခေါက်ဝင်လာတာပါပဲ…..။ဧည့်သည်ကိုကြိုဆိုဖို့ ပြုံးနိုင်မယ်တော့မထင်ပါဘူး။ … continue reading this entry.