ဘယ်တော့မှလည်းမဆုံးနိုင်တယ်
ခုတလောမုတ်သုန်သီချင်းတစ်ပုဒ်ငြီးနေမိပါတယ်။
ကော်ပီကိုကော်ပီပြန်လုပ်ထားတာလေ။
သီချင်းက တင်ဇာမော်ဆိုထားတာပါ။
သီချင်းနာမည်တော့မသိတော့ဘူး။
စာသားတစ်ပိုင်းတစ်စတော့ရွတ်ပြမယ်နော်။
ကောက်လိုက်…..ဖြောင့်လိုက်သူ့ဆံပင်တွေ
ပြင်ဆင်လိုလည်းမဆုံးနိုင်တယ်……တဲ့။
ဒီသီချင်းငြီးမိတဲ့အကြောင်းက
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က MPTလိုင်းကBlogတွေပြန်ဖွင့်ပေးထားတော့
ကျော်ခွစရာမလိုပဲ ကြည့်လို့ရနေရာကနေ ဒီနေ့နေ့လည်ပိုင်ရောက်တော့
သုံးရက်တောင်မကြာပါဘူး ပြန်ပိတ်လိုက်ပါလေရော။
Proxy သုံးတောဖောင့်ကကြောင်တာရယ်၊ စီပုံးဝင်ရေးလို့မရတာရယ် နဲ့
အလုပ်တွေရှုပ်ရအုန်းတော့မှာပေါ့။
ဒါနဲ့ မုတ်သုန်လည်း ခုနကသီချင်းကို စာသားပြောင်းပြီး
ငြီးနေမိပါတယ်။
ဖွင့်လိုက်…….ပိတ်လိုက်သူ့ဆာဗာ
ပြင်ဆင်လို့လည်း မဆုံးနိုင်တယ်……ပေါ့နော်။
ကြုံလို့ပြောပြရအုန်းမယ်
ခုတလော ရန်ကုန်မှာလေ
ရက်အတိအကျနဲ့ ကြေငြာထားတဲ့ ရှိုးပွဲတွေလေ
လုပ်မယ့်နေ့ရောက်တော့ မှ ရက်တွေရွေ့ကုန်တယ်ဗျ။
တခြားပွဲတွေရောလို့ ကြားတာပဲ။
မြို့တော်ခန်းမရှေ့က ညဈေးကလည်း
မျှော်သာမျှော်သည် ပေါ်မလာပြီဖြစ်နေလေရဲ့။
ယုဇန ပလာဇာမှာတော့ ဈေးပွဲတော်လုပ်နေတယ်ဗျို့။
ငါးရက်တောင်လုပ်မှာတဲ့။
အထူလျော့ဈေးဆိုလား…အထူးလျော့ဈေးဆိုလားပဲ။
ညကိုးနာရီအထိရောင်းမှာတဲ့။
လကုန်ရက်ဖြစ်နေတော့ ပိုက်ဆံကလည်းပွတ်နေရတယ်။
နောက်ဆုံးရက်တော့သွားကြည်အုန်းမှပဲ။
ပေါချောင်ကောင်းလေးတွေရမလားလို့။
လောလောဆယ်တော့ မုတ်သုန်တစ်ယောက်
နှစ်ကုန် အလုပ်တွေပုံ နဲ့
ခေါင်းတောင်မဖော်နိုင်သေးဘူးဖြစ်နေတယ်။
လုပ်လိုက်…..ရှုပ်လိုက် အလုပ်တွေရယ်
ဘယ်တော့မှလည်းမဆုံးနိုင်တယ် ….ပေါ့ဗျာ။

အထူးဈေးရောင်းပွဲတော်ဆိုတော့ အထူးထုခံနေရဦးမယ်နော်။ သယ်ရင်းတွေ ခံကြရလွန်းလို့ အထူးဈေးရောင်းပွဲဆို ယုံဘူးဗျ!
ဒီမှာလည်း နှစ်ကုန်ခါနီး ၂၉ ရက်နေ့ကစပြီး နောက်လ ၆ ရက်နေ့အထိ ပိတ်ရက်ရှည်ရှိတယ်..ကြားထဲက ၁ ရက်ကို ခွင့်ယူလိုက်ရတာပေါ့.. အဲဒီမတိုင်ခင်ကို အားတင်းပြီး အရှုတ်တွေ ပြီးအောင် လုပ်နေရတယ်.. သူများတွေ ရဲ့ ပိတ်ရက်တွေကို အားကျလိုက်တာ.. ကိုမုတ်သုန်ပြောသလို “လုပ်လိုက်.. ရှုပ်လိုက်.. အလုပ်တွေရယ်.. ဘယ်တော့မှလည်း မဆုံးနိုင်တယ်..”ပေါ့.. အဲဒီစာသားတော့ ကြိုက်တယ်ဗျို့..