header image
 

ဘာတွေလဲစိတ်ညစ်ရပါလား….

ခုတလော ရန်ကုန်သတင်းတွေကျော်လို့
ကြားနေရတဲ့သတင်းတွေက မကောင်းပါလားနော်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံခံလိုက်ရတာ
အင်မတန်မှကို ဆိုးဝါးတဲ့သတင်းတစ်ခုပါ။
ပါကစ္စတန်ပြည်သူတွေ ကောင်းစားစေဖို့
ကြိုးစားခဲ့တဲ့ ဘူတို ဟာအခုတော့
အရာအားလုံးကို ကျောခိုင်းသွားခဲ့ရပါတယ်။
သာမန်အားဖြင့် နိုင်ငံရေးအရ လုပ်ကြံခံရတယ်လို့
ပြောနိုင်ပေမယ့် ဖြစ်ရပ်တစ်ခုလုံးကတော့
မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တယ်လို့ဆိုရမှာပါ။
မူရှာရက်ဖ်ကြောင့်လိုပြောပြော၊
အယ်လ်ကိုင်ဒါ တွေကြောင့်လိုဆိုဆို၊
ပါကစ္စတန်တာလီဘန်တွေကြောင့်လို ပြောပြော
ဘူတိုကတော့ သေဆုံးသွားခဲ့ရပါတယ်။
CNN ကတော့ဘူတိုဟာ သူသာတစ်ခုခုဖြစ်ခဲ့ရင်
ဒီအတွက် မူရှာရက်ဖ်မှာ တာဝန်ရှိတယ်လို့
သူရဲ့အီးမေးလ်မှာရေးသားခဲ့တယ်လို့ဆိုထားပြီး
ဘူတိုသေဆုံးပြီးညနေမှာတက်လာတဲ့
အင်တာနက်ဆောင်းပါးတစ်ခုမှာတော့
Good Night Bhutto …..Good luck Pakistan!!
လို့ဆိုခဲ့ပါတယ်။ အရှိတရားဘာဆိုတာပြသွားခဲ့တာပါ။
ဘူတိုရဲ့စိတ်ဓာတ်ကတော့ ကြောက်စရာကောင်းပါတယ်။
ချမ်းချမ်းသာသာ အေးအေးဆေးဆေးနေနိုင်ပါလျက်နဲ့
သေနိုင်တယ်ဆိုတဲ့ လမ်းကိုရွေးချယ်ပြီး
ပါကစ္စတန်ပြည်သူတွေ ကောင်းစားအောင်လုပ်ပေးဖို့
ပါကစ္စတန်ကိုပြန်လာခဲ့တာပါ။
လုပ်ကြံမခံရခင်လေးကတင်
လုပ်င်္ကြခံရပြီး သေသွားနိုင်တယ်လို့ ပြောသွားခဲ့ပါသေးတယ်။
သူရဲကောင်းတစ်ယောက် သူရဲကောင်းစိတ်ဓာတ်နဲ့
အများအတွက် အသက်စွန့်သွားခဲ့တာပါ။
လောလောဆယ်မှာတော့ ပါကစ္စတန်မှာ
နိုင်ငံရေးရှုပ်ထွေးမှုတွေ အရှိန်ပိုမြင့်လာမယ် အနေအထားရှိနေပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းမှာလည်း
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပါတီကို ပြန်ဖွဲ့ထားတဲ့
PPP ကရွေးကောက်ပွဲအနိုင်ရသွားတော့
နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေပေါ်လာအုံးမလားမသိပါ။
အင်း…….ရန်ကုန်မှာတော့
ဓာတ်ဆီတစ်ဂါလံပဲပေးတော့မယ်လို့
ပြောနေကြတဲ့ အသံတွေ ညံနေချိန်မှာ စနေ မနက်ကစလို
တစ်ဂါလံပဲပေးတော့တယ်လို့ taxi သမားတစ်ယောက်က
သတင်းပေးရင်း သွားနေကြခရီး ၁၂၀၀ ကို
၁၅၀၀ တောင်းပြီး သက်သေပြလိုက်တော့
အတော့်ကို စိတ်ညစ်ရပြန်ရော။
ဂတ်စ်ကားတွေကို ဂတ်စ်တပ်ဆင်ပေးနေတာကလည်း
ယာယီရပ်ထားတယ်ဆိုလို ဆိုလာတာကြောင့်
ဘယ်လိုဆက်ပြီးစခန်းသွားကြလေမလဲမသိ။
ဂတ်စ်ကားတွေ အတွက် တပ်ဆင်မှုယာယီ
ရပ်ထားတာက ဂတ်စ်ဆိုင်တွေကိုပေးရတဲ့
လျှပ်စစ်အားကြောင့်ပါတဲ့။ ကားတွေများလာရင်
ဆိုင်တွေတိုးရမယ်။ ဆိုင်တွေတိုးလာရင်
ပေးရတဲ့လျှပ်စစ်အားလည်းတိုးလာပါမယ်တဲ့။
လျှပ်စစ်ပိုပေးရရင် လူနေအိမ်တွေအတွက်
ပေးနေရတဲ့ လျှပ်စစ်တွေ လျောသွားနိုင်တာကြောင့်
ယာယီရပ်ထားရတယ်လို့ ပြောထားတာ တွေ့ရပြန်တယ်။
ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာလုပ်မယ်
ရန်ကုန်ညဈေးကတော့ ပြောထားတဲ့နေ့မှာ မဖွင့်နိုင်တော့ပဲ
ဗိုလ်ချုပ်ဈေးသစ်ဘေး ကလေဟာပြင်ကို
ပြောင်းဖွင့်မယ်လို့ ဆိုလာခဲ့ပေမယ့်
ဘယ်နေ့ဘယ်ရက်မှာဖြင့် ပေါ်လာလေအုံးမယ်ရယ်လို့
အားလုံးကမျှော်လင့်နေကြပါရဲ့ဗျာ။
ရန်ကုန်မြိုမှာ စားသောက်ဆိုင်တွေ ဖွင့်တာကိုလည်း
ကန့်သတ်မယ်လို့ ကြားမိပါတယ်။
မုတ်သုန်တော ကိုရီးယားကားတွေကြည့်ပြီး
သူတို့ဆီမှာ ညဖက်ဖွင့်တဲ ဖျင်တဲ စားသောက်ဆိုင်လေးတွေကို
ထိုင်ချင်စိတိပေါ်မိတာကို သတိရနေမိပါရောလား။
အိပ်မက်တစ်ခုတော့ ဆုံးပြန်ပြီလားမသိ။
ပြောရအုန်းမယ်။ဟိုးအရင်နှစ်တစ်ခုတုန်းက
ကိုတာ ဆိုတဲ့ စာရေးဆရာတစ်ယောက်ပေါ့။
လူငယ်တွေ လဖေ့ရည်ဆိုင်ထိုင်တာမကောင်းဘူးတဲ့။
တန်ဖိုးရှိတဲ့ အချိန်တွေဖြုန်းရာရောက်တယ်။
မထိုင်ကြပါနဲ့တဲ့။ မကြာပါဘူး။
ကဗျာဆရာတစ်ယောက်က ပြန်တွယ်လိုက်တာလေ။
ဘယ်လိုလဲဆိုတော့ ပရာဒို ကားကြီးပေါ်က
ကြည့်ရင်တော့ လဖေ့ရည်ဆိုင်ထိုင်တာ
ဘယနားလည်နိုင်ပ့ါမလဲ့တဲ့။
ဒီသဘော သက်ရောက်တဲ့ စာပြန်ရေးလိုက်တာ
ဆိုင်မဆိုင်တော့ မသိဘူး။
မုတ်သုန်တော့ သဘောကိုကျလို့။
ဟုတ်ပါ့ဗျာ။ ထစ်ခနဲရှိစ လူငယ်တွေ လဖေ့ရည်ဆိုင်မထိုင်ဖို့ပဲ
ပြောနေကြတာ လူငယ်တွေခဗျာ.. လဖေ့ရည်ဆိုင်မထိုင်
ဘယ်သွားထိုင်ကြရမှာတုန်း။ အရက်ဆိုင်၊ ဘီယာဆိုင်ရောက်ကုန်တော့
ပိုမဆိုးကုန်ဖူးလားနော်။ ဘာတွေမှန်းလဲမသိ စိတ်ညစ်ရပါလားနော်။
သိကြတယ်မဟုတ်လား။သီချင်းတောင်ရှိတယ်လေ။
လဖေ့ရည်ဆိုင်ကိုသွားကြပါစို့ ဆိုတာ။
ကိုကိုင်ဇာကြီးဆိုထားတာပေါ့။
လူတွေပြောနေကြတာပါနော်။
ဘာရယ်မဟုတ်ပါဘူး။
ရန်ကုန်မှာပါဗျာ။

~ by မုတ်သုန်လေ on December 30,07.

One Response to “ဘာတွေလဲစိတ်ညစ်ရပါလား….”

  1. ကိုမုတ်သုန်ရေ့…အရမ်းကောင်းတဲ့စာပေးစုလေးပါပဲ ..ဘူတိုလို အဖြစ်မျိုး ကျနော်တို့ ရဲ့ ငြိမ်းချမ်းရေး မိခင်ကြီးလဲ မကြုံပါစေနဲ့ လို့ ဆုတောင်းမိပါတယ် ….

Leave a Reply