Archive for January, 2008
{ January 31,08 @ 11: 10 am }
·
{ တွေးစရာ }
{ }
·
{ }
မိုးလင်းကတည်းက မိုးတစ်အုံ့အုံ့ ဖြစ်နေတာ..
နေလည်ကျတော့ရွာချပါလေရော…
အိပ်ရာထဲကွေးနေရရင်တော့ အပြတ်မိုက်မဲ့ရာသီဥတုပဲ….
သို့သော်လည်းပေါ့လေ…လစာလာယူလို့ရပါပြီဆိုတဲ့…
ဖုန်းသံလေးမမြည်မချင်း…စိတ်ကဟိုပျံ့ဒီပျံ့….
တိုင်လို့မရ ထလို့မရနဲ့ တကြွကြွဖြစ်နေပါရာလား…
အပြင်သွားပြီး လက်ဖက်ရည်ဆိုင်ထွက်တိုင်နေရင်ကောင်းမလား…
ဒါလည်းမဖြစ်ပြန်ဘူး…ဒီမိုးကပိုသည်းလာရင်ခက်သား…
ထီကလည်းမရှိလေတော့…လဖက်ရည်ဆိုင်ထိုင်မယ့်အတွေးဖျက်လိုက်တယ်…
ဖုန်းကထအော်လာတော့ ၀မ်းသာအားရကိုင်လိုက်တယ်…
(……လား.?
…ဟုတ်ကဲ့ဗျ…
ပြောစရာလေးရှိလို့….ညနေလာနိုင်မလား…
ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့ပါမယ်…)
စောင့်တဲ့ဖုန်းကတစ်ခု လာတာကတစ်ခု..
ဝရမ်တာမှာ ထွက်ငေးနေတဲ့ လူတွေကိုလှမ်းကြည့်နေမိတယ်..
သူတို့လည်းစောင့်နေကြတာကိုး…
လွမ်းနေတဲ့လူတွေလည်းပါကြတော့မပေါ့..
မိုးရွာရင်လွမ်းနေတတ်တာလည်း ရောဂါတစ်ခုပဲ…
လှမ်းအော်ပြောလိုက်တော့ စစ်ကြေငြာမဲ့အကြည့်တွေ..၀ဲလာတယ်..
ဒီကြားထဲ…စကားလေးလာပြောပေးပါဦး..
စိတ်ထဲမကောင်းဖြစ်နေလို့ဆိုတဲ့သူကရှိသေး…
ကယ်တင်ရှင်ကြီးများထင်နေလားမသိ..
အော် ဟူတ်ကဲ့ လာခဲ့ပါပြီ…ပြောပါဦးဘာဖြစ်လို့လဲ….
(……………………)
အော် …ဒါလား…..ခံစားစရာမှမဟုတ်တဲ့ဟာ..
ခံစားမနေနဲ့လေ…ပင်ပန်းတာပေါ့…
အင်း..အင်း…
ဝရမ်တာမှာ ဆက်ရပ်နေလိုက်မိတယ်…
လွမ်းလိုက်တာနော်….
ဘာလွမ်းနေလို့ လွမ်းနေမှန်းမသိ…
ဒိနေ့ သူမွေးနေ့ပဲလေ….
ပို့လိုက်တဲ့ မွေးနေ့လက်ဆောင်က ရောက်မှရောက်ပါမလား….
ချောပိုတဲ့ဆီကတော့ ဒီနေ့ရောက်မှာပါ စိတ်ချလို့ပြောတာပဲ…
တစ်ခုခုတော့လုပ်ဦးမှ….
ချယ်ရီမဖတ်ရသေးဘူးပဲ..
စားပွဲမှာပြန်ထိုင်….
ဒိနေ့မှ အပြင်မှာလည်းငြိမ်သက်နေလိုက်တာ…
စာအုပ်ထဲအာရုံပြန်သွင်း…
စာမျက်နှာတွေ လျှောက်လှန်နေလိုက်တာ…
မင်းခိုက်စိုးစန်ဆိုပါလား….
ဒိလူလည်းပျောက်နေလိုက်တာ..
စာအုပ်ထဲလည်း ချူသံပါအောင်ငြီးပြနေသေတယ်း…
ဒီနှစ်ထဲတော့ မင်းခိုက်စိုးစန်နာမည်နဲ့….
စာအုပ်တွေ ဆက်တိုက်ထွက်နိုင်အောင်လုပ်မယ်တဲ့….
အပြောအဆိုတွေက ကောင်းတုန်းတုန်းပဲဟ..
လူဆိုတာကိုယ်ဘာလုပ်ချင်လဲ ဆိုတာရယ်…
ကိုယ်ဘာလုပ်နိုင်မလဲဆိုတာရယ်ကို….
အမြင်ရှင်းရှင်းသိထားမှ အေးချမ်းတယ်ဆိုပဲ…
ပတိဝန်းကျင်ကိုလည်း ဒုက္ခပေးသလိုမလုပ်မိတော့ဘူးတဲ့…
ဆကိပြီးတော့လည်း ပြောသေးသဗျ…
လူ့အဖွဲ့အစည်းမှာအခြေခံအကျဆုံးယူနစ်က…
လူတစ်ယောက်ချင်းစီဟာ(အနည်းဆုံးတော့…
စား၊ ၀တ်၊ နေ ရေးမှာပေါ့) ကိုယ့်တာဝန်ကိုယ်ယူနိုင်ရေးပဲတဲ့။
တယ်ဟုတ်တဲ့လူပါလား…..
လူအဖွဲကအစည်းတည်ငြိမ်ဖို့လည်း ….
အရေးကြီးသေးတယ်ဆိုပဲ….
လူတစ်ဦးချင်းစီဟာ မိမိယုံကြည်ရာကို…
လွတ်လွတ်လပ်လပ် ရွေးချယိခွင့်ရှိရမတဲ့…။
Osho ရဲ့ Love, freedom, alonenessဆိုတဲ့စာအုပ်ကိုလည်း
ကြီုက်လွန်းလို့ ညွန်းလိုက်ပါသေးသဗျ…
ဘာတဲ့….စာအုပ်ထဲမှာပါတယ်တဲ့…
သင်ဟာ ဆင်းရဲနေချိန်မှာ ချမ်းသာခြင်းကို တောင့်တနေလိမ့်မယ်…
ဘာကြောင့်လဲ…သင့်မှာချမ်းသာခြင်းမှ မရှိပဲကိုး…
သင်ဟာ တစ်ကယ်ချမ်းသာကြည့်ပါလား…
ဒိအကြောင်းကိုစကားထဲတောင် ထည့်ပြောမှာမဟုတ်ဘူး။
အစားအသောက်စားချင်တဲ့အကြောင်း…
ပြောနေရတာဟာလည်း…
ငတ်မွတ်နေခြင်းကြောင့်ပဲဖြစ်တယ်….
ဗိုက်ဝပြည့်အင့်နေချိန်မှာ အစားအသောက်အကြောင်..
ဘယ်သူမှ မပြောပါဘူး။
အဲလိုပဲပေါ့။ ဒီနေ့ကမ္ဘာပေါ်မှာ လူတိုင်းနီးနီးဟာ..
အချစ်အကြောင်းပြောနေကြတယ်…
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ အချစ်စစ်စစ်မရှိသေးလိုပဲတဲ့။
Truth and seeker cannot exit together.
You and love cannot exit together.
အမှန်တရားနဲ့ အမှန်တရားကိုရှာဖွေသူဟာ..
တစ်ပြိုင်နက်တည်းမှာ..အတူယှဉ်တွဲပြီး…
မရရှိနိုင်မဖြစ်နိုင်ဘူး….
သင်နဲ့ချစ်ခြင်းမေတ္တာတရားဟာလည်း…
တပြိုင်နက်ထဲမှာ…
အတူယှဉ်တွဲပြီးရှိမနေနိုင်ဘူး……
မလှဘူးလားတဲ့…
်ပြန်တောင်မေးလိုက်သေးရဲ့
Osho ကိုသိတဲ့လူတွေရှိမှာပါ….
အတော်ကကြီးကကြောင်နိုင်တဲ့လူကြီး..
သူဟာနဲ့သူတော့ ဟုတ်နေတာပဲ..
ဆရာပါရဂူဆိုလည်း. Osho ဆို အရူးအမူးပဲ…
စာစဖတ်တုန်းကတော့ ဒါမျိုးတွေသိပ်ကြိုက်ပေါ့…
ခုချိန်တော့လည်း သိပ်ပြီးတော့ ဟပ်ဟပ်ပက်ပက်မရှိပါဘူး..
မင်းခိုက်စီုးစန်ကပါ ကြီုက်တယ်ဆိုတာ့…အင်း..
ဖုန်းက ထမြည်လာပြန်တယ်…
လာစာလာယူလို့ရပါပြီတဲ့..
သာယာလိုက်တဲ့အသံလေး….
ချမ်းသားခြင်းဆိုတာ ဒါပဲနေမှာ…
လစာထုတ်တဲ့နေရာရောက်တော့….
ကိုယ့်ထက်ဦးတဲ့လူတွေက ရှေ့မှာ ပြုံးဖြီးဖြီးတွေနဲ့…
အပေါ်ထပ်ကိုပြန်ရောက်တော့…
မိုးက တဖွဲဖွဲရွာနေတုန်းပဲ…
ဝရမ်တာမှာတော့ လူတစ်ယောက်မှ ရပ်မနေတော့ပါဘူး…။
{ January 31,08 @ 6: 06 am }
·
{ တွေးစရာ }
{ }
·
{ }
ပြုံးစရာလေးပါ…
သူငယ်ချင်းတစ်ယောက်မေးလ်ပို့လိုက်လေးကို
ပြန်လက်ဆင့်ကမ်းလိုက်ပါတယ်………

{ January 30,08 @ 11: 19 am }
·
{ တွေးစရာ }
{ }
·
{ }
cbox မှာ မောင်မျိုးက ဒီလိုစကားလေးသုံးပြီး…
နှုတ်ဆက်သွားတော့ ခေါင်းထဲအတွေးဝင်လာပါတယ်…
ဒီစာသားလေးကို ဒီရက်ပိုင်း တော်တော်ကြားနေရပါတယ်…
လူတိုင်းကလည်း တစ်ယောက်နဲ့တစ်ယောက် ဒီစကားလေးတွေနဲ့….
တောင်းဆုခြွေလေ့ရှိပါတယ်…
အမှန်တော့ လူတိုင်းပြုံးပျော်ပြီး အဆင်ပြေချင်ကြတာပါပဲ..
လက်တွေ့မှာဖြစ်မလာကြတာကလည်း လူတိုင်းကြုံနေရတာပါပဲ…
ဘာကြောင့် လူတွေဟာ မပြုံးပျော်ပြီး အဆင်မပြေဖြစ်နေကြရတာလဲ…
ဟိုတုန်းက လူကြီးမိဘတွေပြောကြတာကတော့…
သူတို့ဘ၀တွေမှာ များသောအားဖြင့် အချိန်တော်တော်များများက…
အပူအပင်ကင်းခဲ့ရတဲ့ အချိန်တွေများခဲ့ရပါသတဲ့…
စိတ်ညစ်တယ်ဆိုတာကလည်း ဒီခေတ်လောက်တော့မများလှပါဘူးလို့လည်းဆိုကြပါတယ်…
သိုသော်လည်းစိတ်ညစ်စရာတွေရှိနေခဲ့တာပဲတဲ့…
စိတ်ညစ်စရာတွေကိုလည်း ပြေပျောက်အောင် အချိန်တိုအတွင်းမှာပဲ…
လုပ်ဆောင်နိုင်ကြပါတယ်တဲ့ ….
အဲ့လိုလုပ်ဆောင်နိုင်ဖို့ အဓိက ကူညီပေးကြတာက..
လူကြီးမိဘတွေ..သူငယ်ချင်း အပေါင်းအသင်းတွေနဲ့…
ပတ်ဝန်းကျင်အနေအထားအထားတွေက
အများကြီးကူညီပေးခဲ့ကြတာပါတဲ့……..
သူတို့ပြောသလိုဆိုရင်တော့ ကြုံနေရတဲ့ဒီနေ့အခြေအနေတွေက…
တွေးစရာဆက်ဖြစ်လာပါတယ်…
လူတစ်ယောက်စိတ်ညစ်နေတယ်ဆိုပါစို့….
အဲဒီလူအတွက်..စိတ်ညစ်စရာတွေလျော့ပါးအောင်
ပတ်ဝန်းကျင်အနေအထားတွေက…
ဘယ်လောက်ဖြည့်ဆည်းပေးနိုင်ပါမည်လဲ…
သူသူကိုယ်ကိုယ် ရုန်းကန်နေရတာချင်းအတူတူ..
အိမ်ပြန်ရောက်လို့မှ ထမင်းတောင်အတူမစားနိုင်…
မျက်နှာတောင်သေချာမကြည့်ရ….
စကားဖြင့် လေးလုံးကွဲအောင်မပြောနိုင်..
ဘ၀အမောတွေကို အိပ်ရာဝင်ချိန်မှာပဲ..
သက်ပြင်းအရှည်ကြီးတွေချလို့….
အိပ်ရာဝင်ပုံပြင်ထဲရောက်အောင်…
အိပ်မက်ဆိုးတွေကိုအသက်သွင်း..
ကြောက်ရွံ့ခြင်းတွေမွေးမြူ ….
နောက်တစ်နေ့မိုးလင်းချိန်…၀မ်းစာရှာဖို့အတွက်..
ကျင်လည်ရာအသိုင်းအ၀ိုင်းတွေဆီပြန်သွားရောက်…
ဒီလိုဘ၀မျိုးတွေကရော..
စိတ်ညစ်စရာတွေလျော့ပါးနိုင်မတဲ့လား…
သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း…
သူလိုကိုယ်လို…တစ်ကယ်တန်းရုန်းကန်ရတော့..
သူ့ဘ၀ကိုယ်မကူနိုင်…ကိုယ့်ဘ၀ သူမကယ်နိုင်နဲ့…
ဒီသံသရာတောမှာပဲ…စုန်ဆန်မျောကြရင်း…
စကားအလှတွေနဲ့ အားပေးနိုင်မူတွေကိုသာ..
အများစုက ပိုင်ဆိုင်ထားကြရတာပါ….
သူလက်ကမ်းလို့ကိုယ်မသွားနိုင်…
ကိုယ်လက်ကမ်းတော့ သူမမြင်နိုင်…
အဖော်မွန်ဆိုတာကရော….
ဒိခရီးမှာ ဘယ်လောက်အပြန်အလှန် မှီခိုကြရပါမည်လဲ…
သေချာတာကတော့…
ကိုယ်လမ်းကိုယ်ဖောက် ကိုယ်ခရီးကိုယ်လျောက်ကြရင်း…..
ကိုယ့်က်ုကိုယ်သာ အားကိုးရာဆိုပြီး…
ခေတ်ကိုလည်းအပြစ်မမြင်နိုင်…
စနစ်ကိုလည်းအပြစ်မတင်နိုင်ကြတော့ပဲ…
ကိုယ့်အမှိုက်ကိုယ်ရှင်း…
ကိုယ့်ဇာတ်ထုတ်ကိုယ်ခင်းရင်း….
အဆင်မပြေတာတွေပုံထပ်…
ပျော်စရာတွေလွှင့်ပါး..
တစ်နေ့တဲတခြားပို ရုန်းကန်ရတာကလွဲလို့……
ဘာရယ်မှ ထူးမလာတော့တဲ့အခြေ..
ဘုရားဟောအတိုင်းချည်းသာဆို ဘာမဆိုဒုက္ခချည်းပေါ့…
ရလာတာကိုကဒုက္ခ၊ ရောက်လာတာကိုက ဒုက္ခပဲလား…
သေချာကြည့်တော့ တရားရနိုင်သလိုနဲ့….
တနေ့တခြား အပြုံးတွေ အားနည်းလာတာက…
တရားနဲ့ပိုဝေးလာနေသလို….
ခေတ်တွေကတော့မြင့်လာပါရဲ့….
စိတ်အနေတွေကရောမြင့်ခဲ့လိုလား…
နောင်ဆုံးထုတ် Reader’s Digest ထဲမှာမေးခွန်းထုတ်ထားတာက
အ၀တ်အစားတွေ အသုံးအဆောင်တွေကို ခေတ်မီအောင်တော့
Upgrades တွေလုပ်နိုင်ပါရဲ့တဲ့ ခင်ဗျားတိုရဲ့စိတ်တွေကိုရော..
ခေတ်အခြေအနေတွေနဲ့ လိုက်ဖက်အောင် Upgrades လုပ်ပြီးကြပြီလားတဲ့…
နားလည်သယောင်ထင်ရပေမယ့်…အလန့်တကြားဖြစ်ခဲ့ရတဲ့..
မေးခွန်းတစ်ခု ကောက်မေးခံလိုက်ရသလိုပါပဲ..
ပြန်စဉ်းစားကြည့်တော့…
အရာရာကို သိနားလည်လောက်ပါရဲ့ လို့ တွေးထားတဲ့..
အမြင်တွေက ပြိုကွဲသွားတော့တာပါပဲ…
ကြည့်စမ်းပါဦး…
ကိုယ့်ရဲ့စိတ်ကို Upgrades မလုပ်ပဲပစ်ထားထာတာ..
လယ်လောက်တောင်ကြာခဲ့ပါပြီလဲ..
ဘယ်လောက်အထိ လုပ်ဖိုလိုအပ်နေပါပြီလဲ…
ကြောက်စရာကောင်းလှတဲ့အဖြေကို သွားတွေ့ပါရော…
ပိုင်ဆံတွေဘယ်လောက်ရှိရှိ…
အနေအထိုင်တွေ ဘယ်လောက်အဆင်မြင့်မြင့်….
ဘယ်အရာကြီးတွေ ဘယ်လို ရထား ရထား…
ကိုယ့်စိတ်ကိုယ်…အခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့်..
Upgrades မလုပ်နိုင်မှတော့….
ပျော်ရွှင်အဆင်ပြေခြင်းဆိုတာ ပျောက်ဆုံးနေအုန်းမည်လားမသိ…
သေချာတာကတော့ စိတ်ကျဆေးတွေ
ရောင်းကောင်းနေတယ်ဆိုတဲ့သတင်းတွေ…
စိတ်ရောဂါကုဆေးရုံမှာ လူနာတွေပိုများလာတယ်ဆိုတဲ့
သတင်းတွေက လူတွေကို အချိန်ပြည့် ကိုင်လှုပ်နေတုန်းပါပဲ…
ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင် အဆင်ပြေခြင်းဆိုတာက…
ဆုတောင်းပေးနိုင်ထဲ့ အရာထက်..
ကာယကံရှင်တစ်ဦးတစ်ယောက်ခြင်းကသာ…
ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့တော့ ထင်မြင်ယူဆမိပါတယ်…
အများအမြင်နဲ့တော့ ကွဲလွဲကောင်းကွဲလွဲနိုင်နိုင်ပါလိမ့်မယ်…
မုတ်သုန်ကတော့ ဒီလိုပဲမြင်မိပါတယ်….
တစ်နေ့ထက်တစ်နေ့တော့…
အဆင်မပြေတာတွေ…
မပျော်ရွှင်နေကြတာတွေ….
လျော့ပါးကောင်း လျော့ပါးလာနိုင်လိမ့်မယ်လို့……
ခပ်ရေးရေးကလေး မျှော်လင့်မိပါတယ်…
ဒါပေမယ့် သိပ်မကျိန်းသေလှပါဘူး….
စိတ်ဖိစီးမှုဆိုင်ရာဆေးတွေ…
ရောင်းအားကောင်းနေတုန်းပါပဲ…
မွန်းကျပ်မှုတွေအတွက်…နှစ်သိမ့်ပေးနိုင်မယ့်..
နှစ်သိမ့်ဆွေးနွေးပေးတဲ့ နေရာတွေကလည်း…
ပိုများလာနေတုန်းပါပဲ….
အားလုံးကလည်း ဟန်ဆောင်အပြုံးတွေ..
တပ်ဆင်နေကြတုန်းပါပဲ…။
{ January 27,08 @ 10: 57 am }
·
{ တွေးစရာ }
{ }
·
{ }
ပြီးခဲ့တဲ့ရက်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို သွားရင်းအတွေးစတစ်ခုပေါ်ခဲ့တယ်..
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့လည်း..
ဒီအကြောင်းလေးကိုပဲ စကားစပ်မိကြပြန်ပါတယ်..
ကျေးလက်ဒေသတွေမှာတော့ ရပ်ဆွေ ရပ်မျိုးဆိုတာ
တစ်ယောက်နဲ့ တစ်ယောက် ဆွေးမျိုးရင်းတွေလို ရိုင်းပင်းကြပါတယ်..
မြို့ကြီးတွေရဲ့ အနီးအနားမှာရှိနေတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့..
ကျေးလက်ကလူတွေလိုမျိုး တစ်ယောက်တစ်ယောက်ရင်းရင်းနှီးနှီး..သိပ်မရှိကြသလို
ဂုဏ်တုဂုဏ်ပြိုင်လေးတွေနဲ့..အရောင်တွေကလည်းစုံကြပါတယ်…
အရောင်တွေစုံတော့လည်း ပြသာနာလေးတွေးကလည်းစုံပါတယ်..
စာရေးကောင်းသူတွေအတွက်တော့ စာကောင်းတစ်ပုဒ်ရနိုင်ပါရဲ့..
ရပ်ကွက်ထဲကိုစရောက်ရောက်ချင်း နာရေးတစ်ခုနဲ့ တန်းတိုးပါတယ်..
သက်ကြီးပိုင်းတစ်ယောက်ကွယ်လွန်သွားတာပါ…
ဆွေမျိုးသိပ်မရှိတာကြောင့် သူကွယ်လွန်သွားတဲ့အချိန်မှာ..
ဘေးနား လူတစ်ယောက်မှတောင်ရှိမနေခဲ့ပါဘူးတဲ့…
ဆွေမျိုးမရှိတော့ ရပ်ကွက်ကပဲ နောက်ဆုံးခရီးကို စုပေါင်းလုပ်ပေးကြရတာပေါ့..
ဒီလိုနဲ့ပဲ မြေ့ကျဖို့အရေးက ပြေလည်သွားခဲ့ပါတယ်…
မြေကျဖို့ အရေးပြီးသွားတော့ ရက်လည်ဆွမ်းသွပ်အတွက် စဉ်းစာကြရပြန်ပါတယ်..
ဒီနေရာမှာ စကားပြောလာတာက ပိုက်ဆံပါ..
အလောင်းမြေကျဖို့အရေးက ပြေလည်သွားပေမယ့်…
ပိုက်ဆံစုပေါင်းစိုက်ထည့်ထားတာဆိုတော့ ဆွန်းသွပ်အတွက်ခေါင်းစားသွားကြပါတယ်..
အနီးအနားမှာနေတဲ့လူတွေကလည်း လက်လုပ်လက်စားတွေပဲများတာဆိုတော့..
တစ်နေ့ဝင်ငွေက ရလှမှ သုံးထောင်လောက်ပဲရကြပါတယ်..
အခုလည်းရက်လည်လုပ်ပေးဖို့ ငွေကစကားပြောလာတာပါ..
နီးစပ်ရာလူတွေတိုင်ပင်ပြီး အဆင်ပြေသလိုလုပ်ကြဖို့ အဖြေထုတ်ကြပါတယ်..
ထွက်လာတဲ့အဖြေကတော့ …..လမ်းထဲမှာရှိတဲ့လူတွေ အားလုံးဆီက..
ရက်လည်မှာကူမယ့်ငွေ ဘယ်လောက်ရှိနိုင်မလဲဆိုတာ လိုက်မေးပြီးဖြေရှင်းတာပါ..
ရက်မလည်ခင်ငွေကြိုကောက်လိုက်တဲ့ သဘောပါပဲ…
သဘောတူညီစွာနဲ့ပဲ စုပေါင်းလုပ်လိုက်ကြတာ နားရေးအတွက်တော့ အဆင်ပြေသွားပါတယ်..
နာရေးအဆင်ပြေသွားလို့ မကြာသေးပါဘူး …
မလှမ်းမကမ်းအိမ်တစ်အိမ်က ဆဲသံ ဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လို့လာပါတယ်..
အကြောင်းရင်းက သကြန်ရောက်ရင် လှူဖို့တန်းဖို့ ဆိုပြီး နီးစပ်ရာလူတွေ ….
တစ်နေ့ကို တစ်ရာကျပ်စီ စုနေကြရာက ပိုက်ဆံကိုင်ထားတဲ့လူက….
အခြားသူတွေကို အလှုငွေပိုက်ဆံထဲကနေ့ ငွေတိုးချေးစားနေလို့ပါတဲ့…
သိသွားတဲ့လူက မကျေနပ်လို့ ပိုက်ဆံပြန်တောင်းရာက အချင်းများကြတာလို့ဆိုပါတယ်..
လာထုတ်တဲငွေက ငါးထောင်တောင်ကျော်နေလို့ စိတ်မချတောလို့ ပြန်ထုတ်တာပါတဲ့..
ငွေကိုင်ထားတဲ့လူကလည်းခွန်းတုန့်ပြန်ပါတယ်..
တစ်နေ့တရာထည့်ထားတဲ့ ငွေကို တစ်နေ့တစ်ရာပဲ ပြန်ထုတ်ပေးနိုင်ပါမယ်တဲ့…
ဘယ်လိုညှိနှုင်းလိုက်ကြသလဲတော့ မသိပါဘူး…
ဆဲဆိုသံတွေတော့ တိတ်သွားပြီး အဆုံးသတ်အော်ပြောသံတစ်ခုပဲ ထွက်လာပါတယ်..
ငါ့အလှုတုန်းကတော့ တစ်မိသားစုလုံး တစ်ဖြဲနှစ်ဖြဲလာစားကြပြီး….
အခုကျတော့ သူတို့မဟုတ်သလိုနဲ့ ငါ့ကိုများပြောလိုက်ကြတာ…
နင်တို့တွေ ငါ့အကြောင်းသိဖို့သာပြင်ထားပေတော့ တဲ့။
ပိုက်ဆံလာထုတ်တဲ့ အမျိုးသမီးကြီးကပြောသွားတာပါ…..
သိရသလောက်တော့ သူဒီလိုမျိုးပြောတာ များလွန်းလို့ ..
လမ်းထဲကလူတွေက ရိုးတောင်နေပါပြီတဲ့….သူအိမ်အလှူလုပ်ရင်လည်း….
မျက်နှာမပျက်တက်စားကြတာ မိသားစုကုန်လို့ ညနေတောင်ထမင်းလွတ်ပါသတဲ့။
အဲ့ဒီအချိန်ဆို သူမျက်နှာကြီးကလည်း ပြုံးလို့ပျော်လို့ပါပဲတဲ့။
မကြာပါဘူးကလေးတွေ ပန်ကန် အလျိုလျိုကိုင်ပြီးဆင်းလာတာမြင်တော့ စပ်စုမိပါတယ်..
လမ်းထိပ်ကအလှူသွားကြမလို့ဆိုပြီးပြန်ဖြေပါတယ်…
လမ်းထိပ်မှာခုံတွေခင်းထားတာ ဒါကြောင့်လို့ စိတ်ထဲတွေးမိပါတယ်…
နှစ်ကျိပ်ရှစ်ဆူဘရားပွဲအလှူ လာသမျှလူတွေကို ထမင်းကျွေးမှာပါတဲ့..
ဟင်းကတော့ ပဲကလားဟင်းနဲ့ ငပိကြော်လို့ဆိုပါတယ်..
စောစောသွားမှ ၀၀စားရမှာဖြစ်လို့ ကိုယ့်ပန်ကန် ကိုယ်ယူပြီး သွားတန်းစီကြရမှာပါတဲ့..
ကလေးတွေနောက်က လူကြီးတွေလည်းလိုက်သွားကြတာတွေ့ရပါတယ်…
စောစောသွားရခြင်းက မ၀သေးရင်နောက်တစ်ခေါက်ယူလို့ ရအောင်ပါလို့ပြောပါတယ်…
အဓိကကတော့ ကိုယ့်အလှည်မရောကခင် ကုန်မသွားဖို့ပဲအရေားကြီးပါသတဲ့..
ရထားတဲ့တစ်ပန်ကန်ကိုမြန်မြန်စား မ၀သေးရင် နောက်တစ်ခေါက်တန်းစီစားရတဲ့ပုံပါ..
ဒီလိုမျိုးထမင်းကျွေးတာမျိုးတစ်နှစ်မှာ တစ်ခါနှစ်ခါလောက်တော့ ရှိတတ်ပါတယ်တဲ့..
အကုန်လုံးကတော့ ပျော်ပျော်ပါးပါးသွားစားကြရာတာပဲလို့ဆိုပါတယ်…
အားလုံးကတော့ ပျော်ရွှင်နေကြတဲ့ပုံပါပဲ…မျက်နှာတွေကလည်း အပူအပင်ကင်းပုံပါပဲ..
စိတ်ဖိစီးမှုဆိုတာလည်း သူတို့ဆီမှာရှိမယ်ပုံမပေါ်သလို အခက်အခဲတွေ့ရင်လည်း
ကြုံသလို ရှင်းတတ်ကြတဲ့ စိတ်ပဲရှိပြီး..နောက်အရေးလည်းခေါင်းထဲထည်းမထားပုံပါပဲ..
ပြောဖို့ကျန်နေသေးတာတစ်ခုကျန်ပါသေးတယ်…
အဲဒီရပ်ကွက်က လူတွေဟာ ဗီဒီယိုလည်းကြည့်တတ်ကြပြီး…
သူတိုကြိုက်တဲ့ဇာတ်ကားတွေက ချမ်းသာတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်.
တစ်ယောက်နဲ့တစ်ယေက်စိတ်ဆိုးနေကြတာကို သူငယ်ချင်းမိဖတွေက..
ပြေလည်အောင်ဖန်တီးပေးကြတဲ့ ဟာသပျော်ဇာတ်ကားတွေဖြစ်ပြီးတော့..
ဘယ်တော့မှ လွတ်လပ်ရေးမရသေးတဲ့ သီဟတင်စိုးတို့ရဲ့
လွတ်လပ်ရေးကြိုးပမ်းမှု အက်ရှင်ဇာတ်ကားတွေကိုလည်း ကြိုက်ကြပါသတဲ့..
ဘာရယ်မဟုတ်ပါဘူး…ဆင်ခြေဖုံးရပ်ကွက်တစ်ခုကိုရောက်သွားခဲ့တာပါ။ ။
{ January 27,08 @ 10: 55 am }
·
{ news }
{ }
·
{ }
ခုတလောမုတ်သုန်တော့..
အလုပ်ကရှုပ်…အချိန်ကမရနဲ့..
ကြားရတဲ့သတင်းတွေကလည်းမကောင်း…
မကောင်းတာကိုလည်းမရေးချင်နဲ့
ပတ်ချာလည်ကို ရိုက်နေရပါတယ်..
သေချာတာကတော့…ဒီရက်ပိုင်း….
ဘလောဂ်မိတ်ဆွေတွေအများကြီးရလာတာ….
စိတ်ကျေနပ်စရာပါပဲ…
နောက်တစ်ခုက word press က ဓာတ်ပုံတွေ၊
တခြားဖိုင်တွေအတွက် 50MB ပဲပေးထားရက…
3GB အထိပေးမယ်ဆိုလို့ တော်တောါဝမ်းသာသွားပါတယ်..
word press က blogger ဆို့ i blogger တို့လိုမျိုး..
မဟုတ်လေတော့ တလောကတောင်..
အွန်လိုင်းပေါ်မှာ ကိုဂူဂူနဲ့တွေ့တော့…
ဒီအကြောင်းပြောပြီး ခေါင်းစားခဲ့ရပါသေးတယ်…
အဓိကတော့ ဓာတ်ပုံတွေတင်ချင်တာပါ..
အခု 3GB အထိပေးမယ်ဆိုတော့..
အများကြီးကောင်းသွားပါတယ်…
အခမဲ့အသုံးပြုနိုင်တဲ့ ၀က်ဘ်တွေထဲမှာ
နံပါတ်ခြောက်အဆင့်ရှိတဲ word press ရဲ့ စေတနာလို့
ပြောရင်တောင်ရမလားမသိပါ…
သိတဲ့အတိုင်း…domain ၀ယ်မယ်ဆိုရင်တောင်..
ပြည်တွင်းကနေပိုက်ဆံချေဖို့ လုပ်မရတော့…
domain ၀ယ်နိုင်ရင်တောင် ၀ယ်လို့ကမရပြန်ပါဘူး..
အိုင်တီနဲပတ်သက်လာရင်လည်း…
ကွန်ပျူတာဖွင့်တတ်ပိတ်တတ်ရုံကလွဲပြီး…
ဘာမှ ရေရေရာရာမသိထားတော့….
ရေးထားတဲ့ဘလောဂ်လေးမပျက်သွားအောင်လည်း…
တတ်သလောက်မှတ်သလောက်ဂရုစိုက်နေရပါတယ်…
blog backup ထားရင် အဆင်ပြေတယ်လို့
ကိုကဒေါင်ရဲ့ ဘလောဂ်မှာရေးထားတာတွေ့ရတော့
အသည်းအသန် လုပ်ထားလိုက်ရပါတယ်…
လောလောဆယ်တော့ blog spot မှာ
ဘလောဂ်တစ်ခုရှိပေမယ့်လည်း..
blogger ဖွင့်ရတာ အဆင်မပြေတာကြောင့်ရယ်…
word press ကသုံးရတာ ဘာပဲပြောပြော..
ကောင်းနေတာကြောင့် word press ကိုသုံးဖို့ပြောပြီး..
အခုဘလောဂ်ကို ကိုယ်တိုင်လုပ်ပေးခဲ့တဲ့..
သူငယ်ချင်းကိုတောင် တော်တော်လေးကျေးဇူးတင်နေမိပါတယ်..
word press မုတ်သုန်စလုပ်တတ်တာက
register လုပ်တာနဲ့ template ရွေးတာတစ်ခုပဲ..
လုပ်တတ်ခဲ့တာပါ…။
ဘလောဂ်ချင်တာတစ်ခုတည်းသိပြီး..
ဘာမှမလုပ်တတ်တဲ့ မုတ်သုန်ဟာ..
အခုထိလည်း ဘာမှ မယ်မယ်ရရ မလုပ်တတ်သေးပါဘူး။
နောက်တော့ လုပ်တတ်သွားမယ်ထင်ပါရဲ့။
ပြောစရာသတင်းတွေကိုတော့ နောက်တစ်ပတ်ထဲမှပဲ..
ဆက်ရေးသွားပါတော့မယ်.။
အခုချိန် ရန်ကုန်မှာတော့ တိမ်သားတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့
ရာသီဥတုကနေလို့ကောင်းနေပါတယ်။
မြန်မာပြည်ရဲ့ တစ်ချို့နေရာတွေမှာလည်း…
အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့..
သတိပေးထားပါတယ်…။
ပုဂံဖက်မှာလည်း မိုးရွာနေတယ်လို့ ကြားရပြီး
မနက်ကရန်ကုန်မှာလည်း မိုးမှုန်တစ်ချို့ကျခဲ့ပါတယ်ဗျာ။ ။
{ January 27,08 @ 10: 18 am }
·
{ တွေးစရာ }
{ }
·
{ }
ကုန်ခဲ့တဲ့သုံးလေးပတ်လောက်က
ဂျာနယ်တစ်စောင်မှာ..
ကိုရီးယားကားကြည့်တာမကောင်းဘူးလို့
ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ဖတ်မိပြီး
အတော်လည်းအူပွမိပါတယ်..
သူပြောပုံတစ်ခုမှ မကောင်တဲ့ဖက်ကကြီးပါပဲ..
ပြန်ပြောရအောင်ကလည်း မပြေတတ်နဲ့..
အီလည်လည်ကြီးဖြစ်နေတုန်း..
လူထုစိန်ဝင်းက ဆောင်းပါးရေးလာပါတယ်..
စိတ်ဓာတ်အခြေခံကောင်းဖို့ဆိုလား…
သူကလည်း အစောကပြောခဲ့တဲ့..
ကိုရီးယားဆောင်းပါးကိုပဲရည်ညွှန်းပုံရပါတယ်..
သူပြောတာကလည်း မုတ်သုန်ပြောတာချင်တာနဲ့..
ထပ်တူနီးပါးရှိနေတော့လည်း
အတော်ဝမ်းသာသွားပါတယ်..
ကိုရီးယားကားကြည့်တာ ကြည့်ပါစေတဲ့..
အတုယူခြင်းမယူခြင်းဆိုတာက..
လူ့ရဲအခြေခံစိတ်နဲ့ပဲဆိုင်ပါတယ်တဲ့..
စိတ်ဓာတ်အခြေခံကောင်းရင်ကောင်းသလို..
အတုယူတာကလည်း ကောင်းမှပါတယ်..
အရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားတွေလည်း..
မြန်မာတွေကြိုက်ခဲ့ကြတာပါပဲတဲ့..
မကောင်းတာတွေ အတုယူတဲ့လူ ..
ဘယ်လောက်များများရှိခဲ့ပါသလဲတဲ့..
နောက်ပြီး ကိုရီးယားကောင်မလေးတွေက
ကောင်လေးတွေကို
အတင်းလိုက်ကြိုက်တယ်ဆိုတာကလည်း..
သူတို့ဆီမှာက အခုလိုမတိုးတက်ခင်
မိန်းမ၊ ယောကျာ်း ခွဲခြားမ များခဲ့လို..
အခုလိုတိုးတက်ချိန်မှာ ပွင့်ပွင့်လင်းလင်း..
ပြောဆိုလုပ်ကိုင်လာကြတာတွေရှိလို့ပါတဲ့..
မြန်မာတွေကျတော့ သူတိုလိုမဟုတ်ပါဘူးတဲ့..
မြန်မာယောကျာ်းလေးနဲ့ မိန်းခလေး ခွဲခြားမှုဆိုတာ..
ဘယ်လောက်ကြီးများရှိခဲ့လို့ပါလဲတဲ့…
နောက်ပြီး မြန်မာမိန်းကလေးတွေဆိုတာ …
ကိုယ်ကျင့်တရားကိုလည်းတန်ဖိုးထားတတ်ပြီး..
ရိုးရာကိုလည်း မြတ်နိုးထားတတ်သူတွေမို့..
ဒီလိုဖြစ်မှာကို စိတ်မပူကြပါနဲ့တဲ့…
နောက်ထပ်ပြောသွားတာက…
လူတွေမှာ ကိုရီးယားကားလေးကြည့်ပြီး.
အပန်းဖြေနေရတဲ့အချိန်မှာ..
ကိုရီးယာကားမကြည့်ကြနဲ့ဆိုတာကလည်း…
ကိုးရီးယားကားမှ မကြည့်ရရင်..
ဘာကြည့်ကြရတော့မတုန်း…
ဘာလုပ်ကြရတော့မတုန်း…
ကိုယ့်သားသမီးတွေကိုရော…
ဘယ်လိုဖျော်ဖြေမှုတွေပေးကြတော့မတုန်းလို့လည်း..
ဆရာကမေးခွန်းထုတ်ခဲ့ပါတယ်..
ဆရာပြောတာမှန်ပါတယ်..
ကိုရီးယားကားကို ဆင်းရဲချမ်းသာမရွေးကြိုက်ကြပါတယ်..
ကြိုက်တဲ့နေရာမှာလဲ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး..
ကိုရီးယားလှိုင်းဆိုတာကလည်း …
နိုင်ငံအနှံအပြားကို ရိုက်ခတ်နေခဲ့တာပါ…
ပြည်တွင်းမှာဆိုလည်း..ကိုရီးယားစတိုင်..
ကိုရီးယားအ၀တ်အစား…နေပုံထိုင်ပုံတွေကအစ…
လမ်းဘေးမှာ ကိုရီးယားတုတ်ထိုးဆိုင်တွေ..
မှိုလိုပေါက်အောင်ပေါ်လာတာတွေ..
နောက်ဆုံး…ကိုရီးယားပဲခေါက်ဆွဲဆိုရင်..
လက်ကျန်မရှိတော့အောင်ကို…
ရောက်တာနဲ့ ကုန်သွားတဲ့အထိလည်း..
ကိုရီးယားလှိုင်းရိုက်ခတ်နေတာပါ..
လူငယ်တွေဆိုရင်လည်း…
တော်တော်များများက ကိုရီးယားပုံစံမျိုး..
နေထိုင်ဝတ်စားနေကြတာတွေ့ရပါတယ်..
ဒါမျိုးတွေက မလုပ်နဲ့လို့ တားမရပါဘူး..
မလုပ်နဲ့ပြောလည်းလုပ်ကြမှာပါ..
လုပ်တဲ့အပေါ်မှာ တစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားက..
တိန်းချုပ်သွားမှာပါ…
တစ်ခုတော့ရှိတာပေါ့လေ..
ကိုရီးယားကောင်မလေးတွေ…
ဘောင်းဘီအတို၊ စကတ်အတို ၀တ်ကြတာကို..
လိုက်ဝတ်နေလို့ကတော့ ဘယ်ဖြစ်ကြမလဲ..
သူတို့ဆီမှာက ၀င်ငွေရှိသူတိုင်း…
ကိုယ်ပိုင်ကားစီးနိုင်ပြီး…
ဒီမှာအများစုက ဘတ်စ်ကားစီးသွားနေရတော့…
ဒီလိုမျိုးဝတ်တာစားတာတော့ ရှောင်သင့်တာပေါ့..
ကျန်တာကတော့ ဆရာလူထုစိန်ဝင်းပြောသလို..
စိတ်အခြေခံကသာဆုံးဖြတ်သွားပါလိမ့်မယ်..
ကိုယ်ကျင့်တရားကသာဆုံးဖြတ်ပါလိမ့်မယ်…
ဝင်လာတဲ့အရာကို အသုံးချဖို့ပဲလိုပြီး…
ပိတ်ပင်ဖို့ကြိုးစားနေရင်တော့ ပိုပြီးနောက်ကျကုန်ပါလိမ့်မယ်..
အကောင်းဆုံးက ပြတင်းတံခါးတွေဖွင့်ထားဖို့ဖိုပါပဲ..
ပိတ်ထားတဲ့ ခြံတစ်ခုတည်းရောက်နေချိန်မှာ…
ကိုယ့်အိမ်က ပြတင်းပေါက်လေးကိုတော့..
ဖွင့်ထားပါရစေလား….။
လေကောင်းလေသန့်တွေလည်း ၀င်လာမှာပါ….
တလောကတောင်ကြားလိုက်ပါရဲ့..
နိုင်ငံပိုင်မီဒီယာတွေမှာ..
ကိုရီးယားကားတွေများလွန်းလို့…
အခြားနိုင်ငံက ဇာတ်လမ်းတွေနဲ့ အလှည့်ကျ..
ပြသသွားပါမယ်တဲ့…။
ကိုရီးယားလှိုင်းကတော့
ဆက်ပြီးရိုက်ခတ်နေအုန်းမယ်ထင်ပါတယ်။ ။
{ January 25,08 @ 8: 39 pm }
·
{ diary, poem }
{ }
·
{ }
ခုတလောတော့ စိတ်တွေက ဟိုလွင့်လွင့်ပါပဲ..
ရေးစရာတွေရှိပေမယ့် ရေးချင်စိတ်ကမရှိဖြစ်နေတာကြောင့်..
ဒီအတိုင်းပဲနေ နေလိုက်တော့တယ်…
စာကြည့်တိုက်ထဲသွားရင်း မဂွဇင်းတစ်အုပ်ကိုကောင်လှန်လိုက်တော့..
မဟောင်းသေးတဲ့အနာကို အရင်းခံနေသေးတဲ့ ..
လူတစ်ယောက်ကိုတွေ့လိုက်ရတယ်..
ကြာခဲ့တာလည်းကြာပြီဆိုတော့..
မေ့ပြီထင်နေတာ …..
သူမမေ့သေးတာကို အလန့်တကြားတွေ့ရတယ်…
ခပ်ဝေးဝေးက လာနေတဲ့ အရိပ်တွေက
တည့်တည့်တိုးဝင်လာသလိုပဲ..
ရုတ်တရက်အငိုက်မိသွားချိန်…
တယ်လီဖုန်းနံပါတ်ကောက်နှိပ်တယ်…
လူကြီးမင်းနဲ့တိုးပြီးတဲ့နောက်..အသိတရားရှိစွာနဲ့ပဲ…
ပြန်ချထားလိုက်တယ်….
ကဗျာကိုပြန်ဖတ်ကြည့်တယ်..သူအခုထိမမေ့သေးဘူး..
သူမမေ့သလိုမျိုး…ကိုယ်လည်းမမေ့နိုင်ခဲ့ရင်…
အရှေ့ဖက်မှာ အရောင်လွင့်နေတဲ့တိမ်တွေ..
လွင့်မျောလာသလိုပါပဲ…
ဟောင်းသွားပြီဆိုပေမယ့်….
မနေ့ကအတိုင်းပဲ….
ရနံတွေက ပျောက်မသွားသေးဘူး…..
ကြွေနေတဲ့သစ်ပင်
ရောက်လေရာအရပ်မှာ
မိုးတွေများ ရွာချပြီဆိုရင်ဖြင့်
နေရာလပ်မကျန်အောင်
ဘယ်ပြန်ညာပြန် လွမ်းမိပါရဲ့
ဟိုး ရှေးရှေးတုန်းက မျက်မှန်လေးရေ
ရေကြည်ရာမြက်နုရာ ရှာဖွေကြရင်း
မင်းလည်းအဝေးရောက်
ငါလည်းဘေးရောက်ခဲ့ပေမယ့်
နားလည်မှုကို ရုပ်ဖျက်ပြီးပေးတတ်တဲ့
နှုတ်ခမ်းလေးကို
ဘယ်လိုလုပ်ပြီးမေ့လို့ရမှာလဲ
မင်းမဟုတ်တဲ့အခြားတစ်ယောက်ကို
ရင်းနှီးခဲ့ရတာ
မင်းရွေးချယ်တဲ့ အလုပ်ကိုမှ
လက်ရှောင်ခဲ့တာ
သံယောဇဉ်ခေါင်းပါးခဲ့လို့မှမဟုတ်ပဲ
မိသားစုကျောက်တုံးပိနေတဲ့ ယောက်ျားတစ်ယောက်
အချစ်သမိုင်းမှာ သွေးပေခဲ့ရပါပြီ
ဆွေမျိုးသားချင်းဆီကတောင် မရဖူးတဲ့
အမေ့လို မေတ္တာတရား
မင်း င့ါကိုပေးခဲ့တယ်
နံရံတစ်ချပ်တည်းခြားပြီး
ပျောက်ဆုံးနေတဲ့ အမှန်တရားကိုတော့
မင်းရှာလို့မတွ့ခဲ့ဖူးနော်
နာမည်ရှေ့မှာ ကို တပ်တပ်ပြီးခေါ်ခဲ့တဲ့
တယ်လိဖုန်းကြိုးလေး ကြိုးပြတ်သွားပြီ
အမှောင်ထဲမှာ တိတ်တိတ်စိုက်ပျိုးခဲ့တဲ့
မျှော်လင့်ခြင်းသစ်ပင်ဟာ မီးသင့်လို့
အမှတ်တရတွေ
စုန်းမီူးလိုတောက်စားနေတဲ့ ငါ့ဝိညာဉ်ထဲ
မင်းအမည်နာမလေး
ကမ္ဘာကုန်ကျယ်သရွေ့ ထိုးစိုက်နေတော့မှာ။
ကျော်သက်လွင်
ဇန်န၀ါရီ ၂၀၀၈
Fashion Image
{ January 22,08 @ 4: 25 pm }
·
{ memories, poem }
{ }
·
{ }
လွန်ခဲ့တဲ့တစ်နှစ်လောက်ကပါ…
ပျဉ်မနားဖက်သွားရင်း ဒီကဗျာလေးကိုရခဲ့တာ…
ကဗျာကိုရေးခဲ့တဲ့ သူငယ်ချင်းကတော့ ပြောပါတယ်….
တကယ်ကြိုက်ခဲ့ရတဲ့ကဗျာပါတဲ့…..
သူပေးတဲ့ ကဗျာခေါင်းစဉ်က ဒီလိုမဟုတ်ပါဘူး..
ဖတ်ကြည့်လို့ပြောပြီး ပေးလာတဲ့ကဗျာကို အစအဆုံးဖတ်…..
သူ့ရှေ့မှာပဲခေါင်းစီးပြင်လိုက်တော့ သူကပြုံးနေတယ်…
နောက်…နှစ်ယောက်သား ပေါင်းလောင်းဖက်သွားပြီး…
အရက်ပုန်းဆိုင်တစ်ခုကိုသွားခဲ့ကြတယ်….
ဆိုင်ကပြန်ထွက်တော့….
ကျနော်ကဘာလက်ဆောင်မှမပေးနိုင်ဘူး….
ဒီကဗျာက ကျနော့် လက်ဆောင်ပေါ့ဗျာတဲ့…
ခင်ဗျားရန်ကုန်ပြန်သွားရင် ယူသွားလိုက်ဗျာတဲ့…
နောက်တော့လည်းမေ့မေ့ပျောက်ပျောက်ပါပဲ…
သူနဲ့လည်းပြန်မတွေ့ဖြစ်သေးပါဘူး..
သူကဗျာတွေကိုတော့ လစဉ်ထုတ်မဂွဇင်းတွေမှာ..
ခပ်ကျဲကျဲတွေ့နေရုံကလွဲလို့ပေါ့….
မိသားစုအရေးကလည်း မပြေလည်ဘူး…
ချစ်သူကလည်းမကြေလည်ဘူးတဲ့….
နေခဲ့တဲ့ကာလတစ်လျှောက်လုံး..
ညနေတိုင်း စက်ဘီးလေးနင်းပြီးရောက်ရောက်လာတတ်တယ်…
သူနဲ့အတိုင်အဖောက်ညီ ရင်ဘတ်တွေတူခဲ့ကြတယ်…
ခံစားချက်တွေက ဒလဟောစီးလို့…
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က…
စာပွဲပေါ်က စာအုပ်တွေရှင်းရင်…
သူပေးလိုက်တဲ့ ကဗျာစာရွက်လေး ..
အမှတ်တမဲ့တွေလိုက်ရတယ်….
ဖတ်ကြည့်တိုင်းကောင်းနေတုန်းပဲ…
အဲဒီညနေပိုင်းမှာပဲ…
ပတ်သက်ခဲ့ဖူးတဲ့ သံယောဇဉ်အမျှင်တန်းခပ်ပါးပါးလေး..
မျက်စိရှေ့ကလွှင့်ထွက်သွားတာ အစိန်းလိုက်တွေ့လိုက်ရတယ်……
သူ့ကဗျာထဲက အတိုင်းပဲ…
ဒီတစ်ခေါက်ပြန်တွေ့ ကြရင်တော့..
ဒီအကြောင်းသူ့ကို ပြောပြဖြစ်လိမ့်မယ်…။
ပြောတယ်
ကျွန်မဆီမလာတော့နဲ့
ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ အခန်းတွေ
ကျွန်မမေ့လိုက်ပြီ ။
ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် မချုပ်ချယ်ကြေးဆိုတာ
ရှင်မှသဘောမတူပဲ
ကျွန်မဆီမလာတော့နဲ့ ။
ကျွန်မမှာ လုပ်စရာတွေအများကြီးရှိသေးတယ်
ကျွန်မဖုန်းတွေကို ကျွန်မလက်ခံရမှာပဲ
ကျွန်မဖုန်းနံပါတ်ကို ကျွန်မပဲပေးခဲ့တာလေ
ကျွန်မတောင်းပန်ပါတယ်
ကျွန်မဆီမလာတော့နဲ့ ။
ကျွန်မမှာ ရှင်ကိုးကွယ်တဲ့ အချစ်စစ်စစ်မရှိဘူး
ကျွန်မမှာ ရှင်မြတ်နိုးတဲ့ ဂုဏ်သိက္ခာလဲမရှိဘူး
ကျွန်မက လမ်းကြိုက်တယ်
ကျွန်မက ဆိုင်ကြိုက်တယ်
ကျွန်မ ရှင့်ကဗျာတွေနဲ့လည်း မကျေနပ်နိုင်ဘူး
ကျွန်မဆီ မလာတော့နဲ့ ။
သူတို့က ကျွန်မကို သိပ်နားလည်တယ်
ရှင့်အကြောင်းတစ်ယောက်မဟခဲ့ဘူး
ရှင်ပဲ ရန်လိုနေတာ ။
ကျွန်မကို ဘုရားဖူးလည်းမပို့ခဲ့ဘူး
ကျွန်မကို မွေးနေ့လက်ဆောင်လည်း မပေးသေးဘူး
ကျွန်မကို လက်ဖက်ရည်ဆိုင်ထက် ကြီးတဲ့ဆိုင်လည်း ခေါ်မသွားဘူး
ကျွန်မသူငယ်ချင်းတွေကို ဘယ်လိုယှဉ်ရမှာလည်း
ကျွန်မဟာ
ရှင့်ရဲ့ကျွန်မ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး
ကျွန်မဆီမလာတော့နဲ့
ကျွန်မတို့ဖြတ်သန်းခဲ့တဲ့အခန်းတွေ
ကျွန်မမေ့လိုက်ပြီ ။ ။
ကျော်သက်လွင်
{ January 21,08 @ 5: 28 pm }
·
{ news }
{ }
·
{ }
ဒီနေ့မနက် မိုးမလင်းသေဘူး။
မီးသတ်ကားသံက စကြားနေရတော့
စိတ်ထဲမကောင်းမိပါဘူး…
မီးမလာတဲ့ကြားထဲ မီးကလောင်နေပြန်တော့
ဘယ်သူတွေ အခက်တွေ့ကြရအုန်းမလဲ မသိပါဘူး..။
နောက်ရုံးရောက်ပြန်တော့လည်း
စိတ်မကောင်းစရာသတင်းကတွေ့ရပြန်ရော။
ကျိုက်ထိုမြို့အ၀င်မှာ ရန်ကုန်-ကျိုက်က္ခမီ
မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး
အနက် ၁၀ပေရှိတဲ့ မြောင်းထဲထိုးကျရာက
ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေထဲက
အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံး၊
သံဃာတစ်ပါးလည်း ပျံလွန်တော်မူသွားပြီး
၁၀ ဦးဒဏ်ရာရရှိခဲတယ်ဆိုတဲ့
သတင်းကို သတင်းစာမှာဖတ်လိုက်ရတော့
ဘယ်လိုတွေများဖြစ်နေကြသလဲလို့
တွေးရင်းစိတ်မကောင်းဖြစ်ရပြန်ပါတယ်…
ရုံးကနေပြန်ထွက် ရွှေဂုံတိုင်လမ်းဆုံနားရောက်တော့
ဒိုင်နာကားတစ်စီးကဘီအမ်ကားတစ်စီးကို
နောက်က၀င်တိုက်ထားတာ စိစိညက်ကို ကြေနေတဲ့
မြင်ကွင်းနဲ့တိုးပြန်ရော…မနေ့ကတင်
ကားတွေ အရမ်းတိုက်နေကြတယ်လို့ပြောလို့မဆုံးသေးခင်
ဖြစ်ကြပြန်ပါပြီ….
ထိခိုက်သေဆုံးသးရှိမရှိ မသိရပေမယ့်
ဝင်တိုက်တဲ့ ဒိုင်နာကားပေါ်က ဒရိုင်ဘာကတော့
ကားခေါင်းတစ်ခုလုံးကြေသွားတာကြောင့်မသေတောင်
အတော်ဒဏ်ရာရသွားမယ့်ပုံပါပဲ…
စိတ်မကောင်းစရာတွေချည်း တွေ့နေရတဲ့ ဒီနေ့မှာ
နောက်ထပ် ၀မ်းနည်းစရာတစ်ခုကတော့
အကယ်ဒမီဒေါ်မေနွဲ့ တစ်ယောက်
မနေ့ကကွယ်လွန်သွားခဲ့ဖြင်းပဲဖြစ်ပါတယ်…
ကွယ်လွန်ချိန်မှာ ဒေါ်မေနွဲ့ရဲ့
အသက်က ၉၀ ရှိနေပါပြီ…
အော် စိတ်မကောင်းစရာတွေ….
ဘာတွေဆက်ဖြစ်ဦးမလဲမသိပါဘူး….
{ January 20,08 @ 9: 31 am }
·
{ current affair }
{ }
·
{ }
တကယ်ပါပြောလို့ပြောတာမဟုတ်ဘူး။
ခုတလော မီးကအရမ်းကို ဆိုးဝါးနေတယ်။
အရင်လိုလည်း လာမယ်ဆို အချိန်မမှန်။
လာပြန်တော့လည်း သူမဟုတ်သလိုနဲ့
မီး အကြောင်းတော့မပြောချင်တော့ပါဘူး။
စည်းကမ်းရှိဖို့ကို တတ်သလောက် မှတ်သလောက်
ပြောပြရင်လည်းမရ၊ ချော့ပြောလို့လည်းမစွံ
ခြောက်ပြောတော့လည်း အလေးအနက်တောင်မထားတော့ဘူး။
ပြောသာပြောရတယ် ခြောက်ပြောရအောင်ကလည်း
ကိုယ်ကကြောက်ရသူဖြစ်ပြီး သူက နိုင်စားသူဆိုတော့
ခက်ရပြန်ရောဗျာ။
တကယ်ပါ မီးကိုတော့ စိတ်ကုန်နေပါပြီ။
သူမရှိတော့လည်းမဖြစ်ပြန်တော့
နေရထိုင်ရတာကလည်း အချိုးကမကျရပြန်။
ပြောကြပါဦးလား ဘယ်လိုလုပ်ရမလဲလို့။
အရင်တုန်းကတော့ ကြားလိုက်ပြန်ပါရဲ့.
အလှည့်ကျဆိုလား။ ညပိုင်းပုံမှန်ရမယ်ဆိုလား
အခုတော့မဟုတ်ပါဘူး။
ပြတ်ချိန်ဆိုရင်တော့ အချိန်မှန်
လာချိန်ဆိုရင်တော့ မျှော်မနေနဲ့
ခရီးလွန်နေပြီ။ ဘယ်လောက်ခရီးလွန်သလဲဆို
နိုင်ငံခြားအထိတောင်ရောက်သတဲ့လေ။
မြိုတွင်းခြောက်မြို့နယ် မီးအမြဲပေးမတဲ့။
ခုတော သူတိုလည်း မီးစက်သံတွေ တ၀ုန်းဝုန်း။
ရေဗူးနဲ ဖိနပ်မပါရင် နွေခါမှသိသတဲ့။
ခုတော့ မဟုတ်တော့ပါဘူး။.
မီးစက်နဲ့ အင်ဗာတာမရှိရင် နွေခါမှသိ ဆိုသလို။
လုပ်တဲ့လူတွေလည်း လုပ်နေကြပါတယ်။
ရှင်းတဲ့လူတွေလည်း ရှင်းနေကြပါတယ်။
ဘယ်သို့သော အကြောင်းများကြောင့်ပေါ့လေ။
မီးပေးပုံစံ ရှင်းပြတဲ့စာရွက်ဆိုရင်
မိုးကုတ်တရားပြတဲ့ တရားစက်ဝိုင်းကျနေတာပါပဲ။
ရှင်းသွားတာနဲ့ တရားတောင်ရနိုင်ပါရဲ့။
အော် ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့
စိတ်ကူးတွေယဉ်လိုက်ရတာ
ဒီနှစ်ထဲ မီးပုံမှန်ရမယ်ဆိုလို့လေ။
တိုးလာတဲ့လူတွေနဲ့ လုပ်ငန်းတွေများလာတော့လည်း
အခြေအနေတွေက ထူးမလာတော့ဘူးနဲ့တူပါရဲ့။
တကယ်ပြောတာပါ ။
မီးကိုတော့ စိတ်ကုန်နေပါပြီ။
ဒါပေမယ့်လည်း
ကိုယ်က မပြတ်နိုင်သူဆိုတော့လည်း
မျှော်နေရတာပေါ့လေ။
မျှော်ကာမျှော်သည် ……သူကတော့လေ
စနေထောင့်မှာ ပန်းသွားလှူတာပဲ ကောင်းမယ်ထင်ပါရဲ့။
ရန်ကုန်မှာလည်းခုတလော ယာဉ်တိုက်မှုတွေဆက်တိုက်ဖြစ်နေပါရောလား။
ပြီးခဲတဲ့ နှစ်ပတ်လောက်ကမှ မြို့တွင်းခြောက်မြို့နယ်နဲ့
ဆိပ်ကမ်းမြို့နယ်ကို ယာဉ်တိုက်မှုကင်းမဲ့ဇုန်လို့
သတ်မှတ်ထားပြီးကာမှ ယာဉ်တိုက်မှုတွေကဆက်လို့ဖြစ်နေပါရော။
သွားရင်းလာရင်း နေ့စဉ်ရက်ဆက်ဆိုသလို
နေရာသုံးလေးနေရာမှ ဆက်တိုက်တွေ့နေရတော့
ယာဉ်ကြောင့်လား၊ လူကြောင့်လား
စက်ကြောင့်လားဆိုတာတော့ တွေးရင်းခက်ရပါတယ်။
ကားဈေးတွေကသာ မိုးထိနေတာ
ဘတ်စ်ကားတွေနဲ့ ယာဉ်အတော်များများက
ဟောင်းနွမ်းလို့ တစ်ချို့ဆို ဆွေးတောင်နေကြတာ
ရန်ကုန်ဘတ်စ်ကားစီး ခရီးသည်တိုင်းသိကြလေတော့
ပြောပြန်ရင်လည်း ပြောသူကပဲ လွန်လေမလားမသိတောပါ။
« Previous entries