ပြောတယ်
လွန်ခဲ့တဲ့တစ်နှစ်လောက်ကပါ…
ပျဉ်မနားဖက်သွားရင်း ဒီကဗျာလေးကိုရခဲ့တာ…
ကဗျာကိုရေးခဲ့တဲ့ သူငယ်ချင်းကတော့ ပြောပါတယ်….
တကယ်ကြိုက်ခဲ့ရတဲ့ကဗျာပါတဲ့…..
သူပေးတဲ့ ကဗျာခေါင်းစဉ်က ဒီလိုမဟုတ်ပါဘူး..
ဖတ်ကြည့်လို့ပြောပြီး ပေးလာတဲ့ကဗျာကို အစအဆုံးဖတ်…..
သူ့ရှေ့မှာပဲခေါင်းစီးပြင်လိုက်တော့ သူကပြုံးနေတယ်…
နောက်…နှစ်ယောက်သား ပေါင်းလောင်းဖက်သွားပြီး…
အရက်ပုန်းဆိုင်တစ်ခုကိုသွားခဲ့ကြတယ်….
ဆိုင်ကပြန်ထွက်တော့….
ကျနော်ကဘာလက်ဆောင်မှမပေးနိုင်ဘူး….
ဒီကဗျာက ကျနော့် လက်ဆောင်ပေါ့ဗျာတဲ့…
ခင်ဗျားရန်ကုန်ပြန်သွားရင် ယူသွားလိုက်ဗျာတဲ့…
နောက်တော့လည်းမေ့မေ့ပျောက်ပျောက်ပါပဲ…
သူနဲ့လည်းပြန်မတွေ့ဖြစ်သေးပါဘူး..
သူကဗျာတွေကိုတော့ လစဉ်ထုတ်မဂွဇင်းတွေမှာ..
ခပ်ကျဲကျဲတွေ့နေရုံကလွဲလို့ပေါ့….
မိသားစုအရေးကလည်း မပြေလည်ဘူး…
ချစ်သူကလည်းမကြေလည်ဘူးတဲ့….
နေခဲ့တဲ့ကာလတစ်လျှောက်လုံး..
ညနေတိုင်း စက်ဘီးလေးနင်းပြီးရောက်ရောက်လာတတ်တယ်…
သူနဲ့အတိုင်အဖောက်ညီ ရင်ဘတ်တွေတူခဲ့ကြတယ်…
ခံစားချက်တွေက ဒလဟောစီးလို့…
ပြီးခဲ့တဲ့ရက်ပိုင်းလောက်က…
စာပွဲပေါ်က စာအုပ်တွေရှင်းရင်…
သူပေးလိုက်တဲ့ ကဗျာစာရွက်လေး ..
အမှတ်တမဲ့တွေလိုက်ရတယ်….
ဖတ်ကြည့်တိုင်းကောင်းနေတုန်းပဲ…
အဲဒီညနေပိုင်းမှာပဲ…
ပတ်သက်ခဲ့ဖူးတဲ့ သံယောဇဉ်အမျှင်တန်းခပ်ပါးပါးလေး..
မျက်စိရှေ့ကလွှင့်ထွက်သွားတာ အစိန်းလိုက်တွေ့လိုက်ရတယ်……
သူ့ကဗျာထဲက အတိုင်းပဲ…
ဒီတစ်ခေါက်ပြန်တွေ့ ကြရင်တော့..
ဒီအကြောင်းသူ့ကို ပြောပြဖြစ်လိမ့်မယ်…။
ပြောတယ်
ကျွန်မဆီမလာတော့နဲ့
ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ အခန်းတွေ
ကျွန်မမေ့လိုက်ပြီ ။
ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် မချုပ်ချယ်ကြေးဆိုတာ
ရှင်မှသဘောမတူပဲ
ကျွန်မဆီမလာတော့နဲ့ ။
ကျွန်မမှာ လုပ်စရာတွေအများကြီးရှိသေးတယ်
ကျွန်မဖုန်းတွေကို ကျွန်မလက်ခံရမှာပဲ
ကျွန်မဖုန်းနံပါတ်ကို ကျွန်မပဲပေးခဲ့တာလေ
ကျွန်မတောင်းပန်ပါတယ်
ကျွန်မဆီမလာတော့နဲ့ ။
ကျွန်မမှာ ရှင်ကိုးကွယ်တဲ့ အချစ်စစ်စစ်မရှိဘူး
ကျွန်မမှာ ရှင်မြတ်နိုးတဲ့ ဂုဏ်သိက္ခာလဲမရှိဘူး
ကျွန်မက လမ်းကြိုက်တယ်
ကျွန်မက ဆိုင်ကြိုက်တယ်
ကျွန်မ ရှင့်ကဗျာတွေနဲ့လည်း မကျေနပ်နိုင်ဘူး
ကျွန်မဆီ မလာတော့နဲ့ ။
သူတို့က ကျွန်မကို သိပ်နားလည်တယ်
ရှင့်အကြောင်းတစ်ယောက်မဟခဲ့ဘူး
ရှင်ပဲ ရန်လိုနေတာ ။
ကျွန်မကို ဘုရားဖူးလည်းမပို့ခဲ့ဘူး
ကျွန်မကို မွေးနေ့လက်ဆောင်လည်း မပေးသေးဘူး
ကျွန်မကို လက်ဖက်ရည်ဆိုင်ထက် ကြီးတဲ့ဆိုင်လည်း ခေါ်မသွားဘူး
ကျွန်မသူငယ်ချင်းတွေကို ဘယ်လိုယှဉ်ရမှာလည်း
ကျွန်မဟာ
ရှင့်ရဲ့ကျွန်မ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး
ကျွန်မဆီမလာတော့နဲ့
ကျွန်မတို့ဖြတ်သန်းခဲ့တဲ့အခန်းတွေ
ကျွန်မမေ့လိုက်ပြီ ။ ။
ကျော်သက်လွင်

ကဗျာက အဲဒီအချိန်က စိတ်ကူးယဉ်ပြီး ရေးထားတာလား ဒါမှမဟုတ် ဒီလိုရေးမိလို့ သူ့အတွက် နိမိတ်ဖတ်သလိုဖြစ်သွားလားတော့ မသိဘူးနော်။
ကဗျာက ချစ်စရာကောင်းတယ် ။ ပြောတယ် လို့ ခေါင်းစဉ် တပ်ထားတော့ ပြောရုံ လေး ဘဲ ပြောတာလား ? ” ပြောတယ် “လို့ ဖတ်ရတာ ထပ်ပြီး ပြောလာအုန်းမယ် လို့ ခံစားမိသလို ဘဲ ။ ကိုယ် အတွေးချော်တာလဲ ဖြစ်မှာ ပေါ့ ။
ကဗျာတွေကို သိပ်မခံစားတတ်ပေမယ့် ဒီကဗျာလေးက ရှင်းလို့လား မသိဘူး.. ဖတ်လို့ရတယ်.. ခံစားလို့ရတယ်.. ဖတ်ပြီးတော့လည်း စိတ်မကောင်းဘူး..
အင်း မုတ်သုန်တော့ ကဗျာရေးတာစွန့်လွှတ်ရင်ကောင်းမယ်နဲ့တူတယ်..
မုတ်သုန်ရဲ့ ကဗျာတွေတောင် ဒီလောက်အထိ အားပေးတာမတွေ့ဖူးဘူး..
ဒီကဗျာက သူငယ်ချင်းတစ်ယောက်ရေးထားတာပါ…
သူကတော့တကယ်ကြုံခဲ့ရတာကိုရေးတာပါ…
မုတ်သုန် ကဗျာကိုစရတုန်းက အရေးအသားပြေပြစ်ပြီး..
သူကြုံတွေ့ခဲ့တာကိုလည်း….အကောင်းဆုံးပြောပြနိုင်လို့ကြိုက်မိသွားတာပါ…
ကဗျာထဲမှာပါတဲ့ အဖြစ်အပျက်မျိုးကိုတော့
ပြီးခဲ့တဲ့လလောက်က ကိုယ်တိုင်ကြုံခဲ့ရဖူးပါတယ်…
ကဗျာပြန်ဖတ်တဲ့အချိန်ကျတော့ ရသေ့စိတ်ဖြေဆိုသလို..
ဘလောဂ်မှာတင်လိုက်တာပါ…
ကဗျာကိုကြိုက်ကြရင်တော့ ပျဉ်းမနားမှာနေတဲ့..
ကျော်သကလွင်လို့ခေါ်တွင်ပါသော ကဗျာဆရာလေးရဲ့…
ခံစားမှုတွေပါတဲ့အရေးအသားကသာ စွဲမက်ဖွယ်ကောင်းနေလို့ဖြစ်ပါလိမ့်မယ်..
Ko Kha pyaw loe… Lar Lal Twar Tal bwar… Aung Myin Par Say… =)
ဘယ်ပြန်ညာပြန် လွမ်းသတဲ့
သဘောကျတယ်
ကိုကျော်သက်လွင်ရဲ့ (ပြောတယ်) ကဗျာကို တကယ်ကြိုက်တယ်ဗျာ။အထူးသဖြင့်
သူတို့က ကျွန်မကို သိပ်နားလည်တယ်
ရှင့်အကြောင်းတစ်ယောက်မဟခဲ့ဘူး
ရှင်ပဲ ရန်လိုနေတာ ။
ကျွန်မကို ဘုရားဖူးလည်းမပို့ခဲ့ဘူး
ကျွန်မကို မွေးနေ့လက်ဆောင်လည်း မပေးသေးဘူး
ကျွန်မကို လက်ဖက်ရည်ဆိုင်ထက် ကြီးတဲ့ဆိုင်လည်း ခေါ်မသွားဘူး
ကျွန်မသူငယ်ချင်းတွေကို ဘယ်လိုယှဉ်ရမှာလည်း
ကျွန်မဟာ
ရှင့်ရဲ့ကျွန်မ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး
ကျွန်မဆီမလာတော့နဲ့
ကျွန်မတို့ဖြတ်သန်းခဲ့တဲ့အခန်းတွေ
ကျွန်မမေ့လိုက်ပြီ ။ ။
ကဗျာ ကောင်းတွေကို စောင့်ဖတ်နေပါတယ် ခင်ဗျား။
comment တွေအားသက်သရော ရေးပေးကြသူအပေါင်းအားး
ကျေးဇူးအထူးအထူးတင်ပါတယ်ဗျို့….