ကိုရီးယားရယ်တဲ့ ကိုရီးယား
ကုန်ခဲ့တဲ့သုံးလေးပတ်လောက်က
ဂျာနယ်တစ်စောင်မှာ..
ကိုရီးယားကားကြည့်တာမကောင်းဘူးလို့
ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ဖတ်မိပြီး
အတော်လည်းအူပွမိပါတယ်..
သူပြောပုံတစ်ခုမှ မကောင်တဲ့ဖက်ကကြီးပါပဲ..
ပြန်ပြောရအောင်ကလည်း မပြေတတ်နဲ့..
အီလည်လည်ကြီးဖြစ်နေတုန်း..
လူထုစိန်ဝင်းက ဆောင်းပါးရေးလာပါတယ်..
စိတ်ဓာတ်အခြေခံကောင်းဖို့ဆိုလား…
သူကလည်း အစောကပြောခဲ့တဲ့..
ကိုရီးယားဆောင်းပါးကိုပဲရည်ညွှန်းပုံရပါတယ်..
သူပြောတာကလည်း မုတ်သုန်ပြောတာချင်တာနဲ့..
ထပ်တူနီးပါးရှိနေတော့လည်း
အတော်ဝမ်းသာသွားပါတယ်..
ကိုရီးယားကားကြည့်တာ ကြည့်ပါစေတဲ့..
အတုယူခြင်းမယူခြင်းဆိုတာက..
လူ့ရဲအခြေခံစိတ်နဲ့ပဲဆိုင်ပါတယ်တဲ့..
စိတ်ဓာတ်အခြေခံကောင်းရင်ကောင်းသလို..
အတုယူတာကလည်း ကောင်းမှပါတယ်..
အရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားတွေလည်း..
မြန်မာတွေကြိုက်ခဲ့ကြတာပါပဲတဲ့..
မကောင်းတာတွေ အတုယူတဲ့လူ ..
ဘယ်လောက်များများရှိခဲ့ပါသလဲတဲ့..
နောက်ပြီး ကိုရီးယားကောင်မလေးတွေက
ကောင်လေးတွေကို
အတင်းလိုက်ကြိုက်တယ်ဆိုတာကလည်း..
သူတို့ဆီမှာက အခုလိုမတိုးတက်ခင်
မိန်းမ၊ ယောကျာ်း ခွဲခြားမ များခဲ့လို..
အခုလိုတိုးတက်ချိန်မှာ ပွင့်ပွင့်လင်းလင်း..
ပြောဆိုလုပ်ကိုင်လာကြတာတွေရှိလို့ပါတဲ့..
မြန်မာတွေကျတော့ သူတိုလိုမဟုတ်ပါဘူးတဲ့..
မြန်မာယောကျာ်းလေးနဲ့ မိန်းခလေး ခွဲခြားမှုဆိုတာ..
ဘယ်လောက်ကြီးများရှိခဲ့လို့ပါလဲတဲ့…
နောက်ပြီး မြန်မာမိန်းကလေးတွေဆိုတာ …
ကိုယ်ကျင့်တရားကိုလည်းတန်ဖိုးထားတတ်ပြီး..
ရိုးရာကိုလည်း မြတ်နိုးထားတတ်သူတွေမို့..
ဒီလိုဖြစ်မှာကို စိတ်မပူကြပါနဲ့တဲ့…
နောက်ထပ်ပြောသွားတာက…
လူတွေမှာ ကိုရီးယားကားလေးကြည့်ပြီး.
အပန်းဖြေနေရတဲ့အချိန်မှာ..
ကိုရီးယာကားမကြည့်ကြနဲ့ဆိုတာကလည်း…
ကိုးရီးယားကားမှ မကြည့်ရရင်..
ဘာကြည့်ကြရတော့မတုန်း…
ဘာလုပ်ကြရတော့မတုန်း…
ကိုယ့်သားသမီးတွေကိုရော…
ဘယ်လိုဖျော်ဖြေမှုတွေပေးကြတော့မတုန်းလို့လည်း..
ဆရာကမေးခွန်းထုတ်ခဲ့ပါတယ်..
ဆရာပြောတာမှန်ပါတယ်..
ကိုရီးယားကားကို ဆင်းရဲချမ်းသာမရွေးကြိုက်ကြပါတယ်..
ကြိုက်တဲ့နေရာမှာလဲ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး..
ကိုရီးယားလှိုင်းဆိုတာကလည်း …
နိုင်ငံအနှံအပြားကို ရိုက်ခတ်နေခဲ့တာပါ…
ပြည်တွင်းမှာဆိုလည်း..ကိုရီးယားစတိုင်..
ကိုရီးယားအ၀တ်အစား…နေပုံထိုင်ပုံတွေကအစ…
လမ်းဘေးမှာ ကိုရီးယားတုတ်ထိုးဆိုင်တွေ..
မှိုလိုပေါက်အောင်ပေါ်လာတာတွေ..
နောက်ဆုံး…ကိုရီးယားပဲခေါက်ဆွဲဆိုရင်..
လက်ကျန်မရှိတော့အောင်ကို…
ရောက်တာနဲ့ ကုန်သွားတဲ့အထိလည်း..
ကိုရီးယားလှိုင်းရိုက်ခတ်နေတာပါ..
လူငယ်တွေဆိုရင်လည်း…
တော်တော်များများက ကိုရီးယားပုံစံမျိုး..
နေထိုင်ဝတ်စားနေကြတာတွေ့ရပါတယ်..
ဒါမျိုးတွေက မလုပ်နဲ့လို့ တားမရပါဘူး..
မလုပ်နဲ့ပြောလည်းလုပ်ကြမှာပါ..
လုပ်တဲ့အပေါ်မှာ တစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားက..
တိန်းချုပ်သွားမှာပါ…
တစ်ခုတော့ရှိတာပေါ့လေ..
ကိုရီးယားကောင်မလေးတွေ…
ဘောင်းဘီအတို၊ စကတ်အတို ၀တ်ကြတာကို..
လိုက်ဝတ်နေလို့ကတော့ ဘယ်ဖြစ်ကြမလဲ..
သူတို့ဆီမှာက ၀င်ငွေရှိသူတိုင်း…
ကိုယ်ပိုင်ကားစီးနိုင်ပြီး…
ဒီမှာအများစုက ဘတ်စ်ကားစီးသွားနေရတော့…
ဒီလိုမျိုးဝတ်တာစားတာတော့ ရှောင်သင့်တာပေါ့..
ကျန်တာကတော့ ဆရာလူထုစိန်ဝင်းပြောသလို..
စိတ်အခြေခံကသာဆုံးဖြတ်သွားပါလိမ့်မယ်..
ကိုယ်ကျင့်တရားကသာဆုံးဖြတ်ပါလိမ့်မယ်…
ဝင်လာတဲ့အရာကို အသုံးချဖို့ပဲလိုပြီး…
ပိတ်ပင်ဖို့ကြိုးစားနေရင်တော့ ပိုပြီးနောက်ကျကုန်ပါလိမ့်မယ်..
အကောင်းဆုံးက ပြတင်းတံခါးတွေဖွင့်ထားဖို့ဖိုပါပဲ..
ပိတ်ထားတဲ့ ခြံတစ်ခုတည်းရောက်နေချိန်မှာ…
ကိုယ့်အိမ်က ပြတင်းပေါက်လေးကိုတော့..
ဖွင့်ထားပါရစေလား….။
လေကောင်းလေသန့်တွေလည်း ၀င်လာမှာပါ….
တလောကတောင်ကြားလိုက်ပါရဲ့..
နိုင်ငံပိုင်မီဒီယာတွေမှာ..
ကိုရီးယားကားတွေများလွန်းလို့…
အခြားနိုင်ငံက ဇာတ်လမ်းတွေနဲ့ အလှည့်ကျ..
ပြသသွားပါမယ်တဲ့…။
ကိုရီးယားလှိုင်းကတော့
ဆက်ပြီးရိုက်ခတ်နေအုန်းမယ်ထင်ပါတယ်။ ။

ငါကတော့ ကိုရီးယား က မကြည့်ရရင် မနေတတ်တော့ဘူးး…ငါထင်တော့ ယဉ်ကျေးမှုချင်းက အရမ်းအကွာကြီးမဟုတ်တော့ မစိုးပါဘူးး……
သူနို့ နိုင်ငံရဲ့ လူနေမှုအဆင့်တန်းကိုလဲ သိနိုင်တယ်လေ…
ငါကတော့ ကြိုက်တယ်ဝေ့
ကိုရီးယားကား တကယ်ကြိုက်သလား
ကြောင်ဆရာလေးရ…
ကိုရီးပဲယား ယား၊ ယိုးဒပဲ ယား ယား…
မြန်မာမလေးတော့ ပိုပြီးကျက်သရေ ရှိသဟ….
အင်းလေ… ကိုရီးယားကားမှ မကြည့်ရင် တခြားဘာကားကြည့်ရမှာလဲ.. နောက်ပြီး ကိုယ့်မြန်မာကားတွေကို နှိမ်ပြောတာမဟုတ်ဘူး.. ကိုရိးယားကားတွေက အလုပ်ဆိုရင်လည်း အလုပ်ထဲမှာ ပီပြင်အောင် ၊ သူ့ရာထူး သူ့ဇာတ်နဲ့ လိုက်ဖက်အောင် ရိုက်ပြထားတယ်။ မြန်မာကားတွေက တချို့နေရာတွေမှာ မပီပြင်တာတွေ အများကြီးပဲ။ ဒါပေမယ့်လည်း မြန်မာကားတွေကို မြန်မာတွေက အခုထိ မက်မက်မောမောကြည့်နေကြတာပဲ။ အတုယူမှားတယ် မမှားဘူးဆိုတာ ကိုရီးယားကားကြည့်မှ မဟုတ်ပါဘူး။ အဓိက က ဇာတ်လမ်းထဲက ပေးချင်တဲ့ Message ကို ယူတတ်ရင် ရတာပဲ မဟုတ်လား။ ဆရာလူထုစိန်ဝင်းပြောတာ ထောက်ခံတယ်.. စိတ်အခြေခံကသာ အရေးကြီးပါတယ်လေ…