မင်း သူ့ကိုမှတ်မိလား
မင်းသူ့ကိုမှတ်မိလား
မင်းသူ့ကိုမှတ်မိလား
မင်းနဲ့ခွေလှိမ့်ဖက် ရန်ဖြစ်ဖက်
ကျောင်းနေဖက်သူငယ်ချင်းတွေမို့လား
ကျောင်းနံရံကပ်စာစောင်မှာ
သူ့ကဗျာကို မင်းဖတ်ဖူးတယ်မို့လား
ဖဲကစားရင်သူအမြဲရှုံးပြီး
စစ်တုရင်ကစားရင်သူအမြဲနိုင်တယ်
ဗိုက်ဆာနေရင်စိတ်တိုနေတတ်တယ်
ဗိုက်ပြည့်နေရင် စိတ်ကောင်းရှိပြီး
မင်းတို့နှစ်ယောက်စလုံး ပိုက်ဆံပြတ်တိုင်း
လောဂရစ်သမ်အိုး ကျကွဲကြတာလေ
တစ်ခါက သူ့လေ့ကျင့်ခန်းစာအုပ်ထဲမှာ
ပေါက်ကရတွေရေးထည့်ပေးလိုက်တာ
သူစိတ်ဆိုးပြိးဒေါသထွက်နေခဲ့တာလေ
သူ့ရဲနာမည်ပြောင်က
မှန်ကြောင်မို့လား
သူ့မျက်မှတ်မင်းဝှက်ထားတော့
အရူးတွေ အရူးတွေ
ငါဘာမှ မမြင်ရတော့ဘူး ခွေးမသားတွေ လို့
အားလုံးကို သူဆဲဆိုနေခဲ့တာလေ….
တနင်္ဂနွေနေ့တွေမှာ
မင်းတို့ငါးမျှားထွက်ကြတော့
သူက ငါးတွေမိပြီး
မင်းကတစ်ကောင်မှမမိတော့
မင်းကို ဟိုဟာသပြောပြီး ရယ်သေးတယ်မို့လား
မင်းတို့နှစ်ယောက် တစ်ဖက်သတ်ကြိုက်တဲ့ကောင်မလေး
လင်နောက်လိုက်သွားတော့
မင်းတို့နှစ်ယောက်လုံး အရက်တွေမူးပြီး
ကွေးနေအောင်ကကြတာလေ…ဒုက္ခနဲ့မအောင်မြင်မှုကိုဖွဲ့နွဲ့မှ
အနုပညာမြောက်မယ်ဆိုရင်
အဲ့ဒီကဗျာ တစ်သက်လုံးမရေးဘူးပြောခဲ့တာ
မင်းရယ်နေခဲ့တာ
သူ့ဆံပင်တွေ ဘယ်သူ့မှ အကိုင်မခံခဲ့တာ
ဘာဖြစ်လို့လဲမင်းမေးတော့
ရွံ့လို့တဲ့
သူခပ်တည်တည်ဖြေခဲ့တာ
တစ်ခုခုဖြစ်ရင်
မတရားဘူး…မတရားဘူး လို့
အမြဲတန်းပြောတာ
မင်းတိုနှစ်ယောက်
ဂျင်းဘောင်းဘိကို အုတ်နီခဲနဲ့တိုက်ဝတ်ခဲ့တာ
စာအုပ်တွေထဲမှာ မင်နီတွေရွှဲနေခဲ့တာ
သူ့အကျီင်္မီးလောင်ပေါက်တွေကိုကြည့်ပြီး
သူ့ဘာသာသဘောကျလို့
တဖြည်းဖြည်း
သူစကားနည်းနည်းလာတယ်
တစ်ခါတလေအကြာကြီးတွေးနေတတ်တယ်
သူ့အခန်းမှာ
မင်းနဲ့မသိတဲ့အပေါင်းအသင်းတွေ
ဝင်ထွက်နေကြတာ မင်းမှတ်မိလား
သူ နှစ်ည သုံးည ပျောက်ပျောက်သွားတယ်
နောက်…
တစ်ခါတည်းပျောက်သွားတယ်
သူ့အကြောင်းမေးလာသမျှ
မင်းကရှင်းပြရတယ်
အဓိပ္ပာလ်က ဘယ်ရောက်လို့ရောက်မှန်းမသိ
အကုန်လုံးအိတ်သွန်ဖာမှောက်
ဓာတုဗေဒနဲ့ကျောင်းပြီးတော့
မင်းသဘောင်္သားဖြစ်သွားတာ သူသိမှာပေါ့
သူကျောင်းမပြီးတာလည်း မင်းသိမှာပေါ့
ခိုးရာပါပစ္စည်း လက်သင့်ခံမှုနဲ့ထောင်ကျသွားတဲ့
သူ့သူငယ်ချင်းရဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ကြတာ
မင်းသိမှာပေါ့
အဲဒီကောင်မလေးမှာ
ကိုယ်ဝန်သုံးလပါလာတာလည်း မင်းသိမှာပေါ့
သူ့ဘကြီးသေတော့
သူအမွေတွေအများကြီးရလိုက်တာ မင်းသိမှာပေါ့
သူ့အကြံမင်းမသိပေမယ့်
သူ့အသံကိုတော့ မင်းကြားမှာပေါ့
သူ့အကြောင်းပြောရတာ
အန္တာရယ်ရှိမှန်း မင်းသိမှာပါ
မင်းက အခုလိုက်ပွဲနဲ့
ဗိုက်ရွှဲလို့
သွေးပေါင်မှန်မှန်ချိန်ရဲ့လား
မြွေတစ်ကောင်မှာ
အဆိပ်နဲ့အရေခွံကိုပဲ လူတွေတန်ဖိုးထားကြတာ
မင်းတို့နှစ်ယောက်ဟာ အဆိပ်နဲ့အရေခွံ
မင်းမှာငွေတွေအထပ်လိုက်
သူ့မှာတောတွေ တောင်တွေအထပ်လိုက်
မင်းကလက်မှတ်တွေထိုးတယ်
သူက
နေ့စဉ် မီးကွင်းတွေထဲကျွမ်းထိုးလို့
နှင်းတွေထူထူထဲထဲကျဆင်းနေတဲ့
နေ့တွေလွန်မြောက်လို့
နေရောင်ခြည်ဟာ ၀င်းပလာပြီဆိုရင်
မင်းအိမ်တံခါးကို အရင်ဆုံးလာခေါက်မယ့်လူဟာ
သူပဲ
မင်း သူ့ကိုမှတ်မိလား။
မင်းနဲ့ခွေလှိမ့်ဖက် ရန်ဖြစ်ဖက်
ကျောင်းနေဖက်သူငယ်ချင်းတွေမို့လား
ကျောင်းနံရံကပ်စာစောင်မှာ
သူ့ကဗျာကို မင်းဖတ်ဖူးတယ်မို့လား
ဖဲကစားရင်သူအမြဲရှုံးပြီး
စစ်တုရင်ကစားရင်သူအမြဲနိုင်တယ်
ဗိုက်ဆာနေရင်စိတ်တိုနေတတ်တယ်
ဗိုက်ပြည့်နေရင် စိတ်ကောင်းရှိပြီး
မင်းတို့နှစ်ယောက်စလုံး ပိုက်ဆံပြတ်တိုင်း
လောဂရစ်သမ်အိုး ကျကွဲကြတာလေ
တစ်ခါက သူ့လေ့ကျင့်ခန်းစာအုပ်ထဲမှာ
ပေါက်ကရတွေရေးထည့်ပေးလိုက်တာ
သူစိတ်ဆိုးပြိးဒေါသထွက်နေခဲ့တာလေ
သူ့ရဲနာမည်ပြောင်က
မှန်ကြောင်မို့လား
သူ့မျက်မှတ်မင်းဝှက်ထားတော့
အရူးတွေ အရူးတွေ
ငါဘာမှ မမြင်ရတော့ဘူး ခွေးမသားတွေ လို့
အားလုံးကို သူဆဲဆိုနေခဲ့တာလေ….
တနင်္ဂနွေနေ့တွေမှာ
မင်းတို့ငါးမျှားထွက်ကြတော့
သူက ငါးတွေမိပြီး
မင်းကတစ်ကောင်မှမမိတော့
မင်းကို ဟိုဟာသပြောပြီး ရယ်သေးတယ်မို့လား
မင်းတို့နှစ်ယောက် တစ်ဖက်သတ်ကြိုက်တဲ့ကောင်မလေး
လင်နောက်လိုက်သွားတော့
မင်းတို့နှစ်ယောက်လုံး အရက်တွေမူးပြီး
ကွေးနေအောင်ကကြတာလေ…ဒုက္ခနဲ့မအောင်မြင်မှုကိုဖွဲ့နွဲ့မှ
အနုပညာမြောက်မယ်ဆိုရင်
အဲ့ဒီကဗျာ တစ်သက်လုံးမရေးဘူးပြောခဲ့တာ
မင်းရယ်နေခဲ့တာ
သူ့ဆံပင်တွေ ဘယ်သူ့မှ အကိုင်မခံခဲ့တာ
ဘာဖြစ်လို့လဲမင်းမေးတော့
ရွံ့လို့တဲ့
သူခပ်တည်တည်ဖြေခဲ့တာ
တစ်ခုခုဖြစ်ရင်
မတရားဘူး…မတရားဘူး လို့
အမြဲတန်းပြောတာ
မင်းတိုနှစ်ယောက်
ဂျင်းဘောင်းဘိကို အုတ်နီခဲနဲ့တိုက်ဝတ်ခဲ့တာ
စာအုပ်တွေထဲမှာ မင်နီတွေရွှဲနေခဲ့တာ
သူ့အကျီင်္မီးလောင်ပေါက်တွေကိုကြည့်ပြီး
သူ့ဘာသာသဘောကျလို့
တဖြည်းဖြည်း
သူစကားနည်းနည်းလာတယ်
တစ်ခါတလေအကြာကြီးတွေးနေတတ်တယ်
သူ့အခန်းမှာ
မင်းနဲ့မသိတဲ့အပေါင်းအသင်းတွေ
ဝင်ထွက်နေကြတာ မင်းမှတ်မိလား
သူ နှစ်ည သုံးည ပျောက်ပျောက်သွားတယ်
နောက်…
တစ်ခါတည်းပျောက်သွားတယ်
သူ့အကြောင်းမေးလာသမျှ
မင်းကရှင်းပြရတယ်
အဓိပ္ပာလ်က ဘယ်ရောက်လို့ရောက်မှန်းမသိ
အကုန်လုံးအိတ်သွန်ဖာမှောက်
ဓာတုဗေဒနဲ့ကျောင်းပြီးတော့
မင်းသဘောင်္သားဖြစ်သွားတာ သူသိမှာပေါ့
သူကျောင်းမပြီးတာလည်း မင်းသိမှာပေါ့
ခိုးရာပါပစ္စည်း လက်သင့်ခံမှုနဲ့ထောင်ကျသွားတဲ့
သူ့သူငယ်ချင်းရဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ကြတာ
မင်းသိမှာပေါ့
အဲဒီကောင်မလေးမှာ
ကိုယ်ဝန်သုံးလပါလာတာလည်း မင်းသိမှာပေါ့
သူ့ဘကြီးသေတော့
သူအမွေတွေအများကြီးရလိုက်တာ မင်းသိမှာပေါ့
သူ့အကြံမင်းမသိပေမယ့်
သူ့အသံကိုတော့ မင်းကြားမှာပေါ့
သူ့အကြောင်းပြောရတာ
အန္တာရယ်ရှိမှန်း မင်းသိမှာပါ
မင်းက အခုလိုက်ပွဲနဲ့
ဗိုက်ရွှဲလို့
သွေးပေါင်မှန်မှန်ချိန်ရဲ့လား
မြွေတစ်ကောင်မှာ
အဆိပ်နဲ့အရေခွံကိုပဲ လူတွေတန်ဖိုးထားကြတာ
မင်းတို့နှစ်ယောက်ဟာ အဆိပ်နဲ့အရေခွံ
မင်းမှာငွေတွေအထပ်လိုက်
သူ့မှာတောတွေ တောင်တွေအထပ်လိုက်
မင်းကလက်မှတ်တွေထိုးတယ်
သူက
နေ့စဉ် မီးကွင်းတွေထဲကျွမ်းထိုးလို့
နှင်းတွေထူထူထဲထဲကျဆင်းနေတဲ့
နေ့တွေလွန်မြောက်လို့
နေရောင်ခြည်ဟာ ၀င်းပလာပြီဆိုရင်
မင်းအိမ်တံခါးကို အရင်ဆုံးလာခေါက်မယ့်လူဟာ
သူပဲ
မင်း သူ့ကိုမှတ်မိလား။
ကြည်ဇော်အေး

ဒီကဗျာက တမျိုးတော့ တမျိုးဘဲ။ သင်္ချာတွက်ခိုင်းလို့ အတွေးတွေပေးတဲ့ ကဗျာနဲ့ ခေါင်းစားအောင် ပြန်လုပ်ထားတယ်။
ဒီကဗျာဖတ်ပြီး ဝေးကွာသွားပြီဖြစ်တဲ့ သူငယ်ချင်းတွေကို…. လွမ်းတယ်
သြော်… ဘ၀တွေ ဘ၀တွေ ဝေးကွာသွားလိုက်ကြတာနော်…