မုတ်သုန်သည်အန္တရယ်ရှိသောသူ
(ဘာကိုမှလည်းမရည်ရွယ်သလိုဘယ်လိုမှလည်း
လက်ခံစရာနိုင်စရာအကြောင်းမရှိပါဘူး။
လက်အငြိမ်မနေနိုင်လို့ရေးတာဖြစ်ပြီးတော့..
ကျော်ဖတ်ရမယ့်စာတစ်ပုဒ်သက်သက်သာဖြစ်ပါတယ်..)
ညာဖက်လက်ကနာနေတယ်…
တဆစ်တစ်နဲ့ ဘယ်လိုဖြစ်တာပါလိမ့်..
မင်းအိမ်ပြန်နောက်ကျတဲ့..
ရက်တွေကများနေပါလား…
အလုပ်တွေများနေတာလား..
လျှောက်သွားနေတာလား…
ဘယ်တော့မှအပြစ်မပြောဘူး..
ခြံတံခါးဝက ဘဲလ်ကိုနှိပ်လိုက်တာနဲ့..
ခွေးမကအပြင်ပြေးထွက်လာတယ်…
သူတောင်သားပေါက်တော့မယ်..
အတင်းဖက်ရပ်တက်လို့…
ဒီနေ့မီးပျက်ရက်လားဟင်…
ကားစီးရတာအဆင်ပြေလားကွ..
ကားတော့တွယ်မစီးနဲ့နော်…..
အင်း…လက်နာနေတာ..
ကားတွယ်စီးထားလို့လား….
ထမင်းစားတော့မှာလား..
မျက်နှာသစ်အုံးမယ်..
လမ်းကြုံရင်ရန်ကုန်မြေပုံ..
စာအုပ်တစ်အုပ်ဝယ်လာခဲ့ကွာ…
ကမ္ဘာပတ်ကားမောင်းတော့မယ့်သူက..
ရန်ကုန်ကိုပဲပတ်တော့မှာလား…
ကားမောင်းသင်ထားရင်ကောင်းမလား…
လကလည်းကုန်ခါနီးနေပြီ…
ထမင်းစားတော့မှာလား…
မီးဘယ်အချိန်လာမှာလဲဟင်…
ညနေထဲကပျက်သွားတာ..
အလုပ်မှာအဆင်ပြေလား….
သတင်းစာဖတ်လိုက်ဦးမယ်..
သရက်သီးတို့ဦးမလား…
နေ့ခင်းဆိုတဖြုတ်ဖြုတ်ပဲ…
အားဆေးမသောက်တော့ဘူးလား…
ဖယောင်းတိုင်ဝယ်ထားပေးရအုန်းမှာလား..
စောစောတော့အိပ်ကွာ..
မနေ့ညက ရုံးမှပဲနေခဲ့တာမဟုတ်လား…
မင်းကိုပြောပြရအုန်းမယ်…
ဌက်ပျောသီးဆန်ပုံးပေါ်တင်ထားတယ်..
လေယျာဉ်ပျံမီးအိမ်လေးထွန်းလို…
အောက်မှာကားကပါသေး..
မွဲလွန်းတယ်လို့မပြောရအောင်လေ..
လေယျာဉ်ရောကားပါဝယ်ပစ်တာ…
သုံးထောင်တောင်မပေးရဘူး…
ထမင်းထပ်မယူတော့ဘူးလား..
အိပ်တော့မယ်..
မင်းလည်းစောစောအိပ်..
မနက်ပုံမှန်အတိုင်းပဲနှိုးရမှာလား…
ရေးနွေးအိုးထဲမှာရေနွေးအသစ်ဖြည့်ထားတယ်…
မီးကလည်းခုတိမလာသေးဘူး..
လမ်းထိပ်ကသံချောင်းဆယ်နှစ်ချက်ခေါက်တယ်..
နာနေတဲ့လက်ကိုဆရာခိုလူးထားရင်ကောင်းမလား…
ခြင်တွေကလည်းတစ်ဝီ၀ီနဲ့..
ခြင်ဆေးထွန်းထား၇င်ကောင်းမလား..
ဘာစာအုပ်ဖတ်နေတာလဲ….
စာအုပ်ဆက်ဖတ်ရင်ကောင်းမလား..
ဇာတ်ကားသစ်ပါလာတယ်..
အန်းလီရိုက်ထားတာ သိပ်ကောင်းဆိုပဲ..
လက်စ်ကားရှင်းကြည့်ချင်လိုက်တာ…
ပိုက်ဆံကလည်းနည်းနေပြီ…
စောစောအိပ်လိုက်ရင်ကောင်းမလား…
အလုပ်ကပါလာတာတွေလုပ်ရင်ကောင်းမလား..
သီချင်းနားထောင်ချင်လိုက်တာ…
ကြွက်သံတွေထွက်နေပါလား..
စာအုပ်စင်ရှင်းဦးမှပါပဲလေ…
ခုနေမီးလာရင် ဘာလုပ်ရမလဲ…
ရေးနွေသွားဖြည့်ထားဦးမှ…
ခွေးမလေးဘယ်တော့မွေးမလဲမသိဘူး…
ခြင်ဆေးထပ်ထည့်အုန်းမှ…
ခွေးတွေအူနေကြပြီ…
တစ်ချက်တီးပြီလား..
တစ္ဆေထွက်ချိန်ပေါ့..
ကားတစ်စီးဝင်လာပါလား..
အိမ်လာတာမဟုတ်ရင်ကောင်းမယ်..
တော်ပါသေးရဲ့ကျော်သွားလို့…
တွေးစရာတွေများနေတယ်..
အဆင်မပြေတာတွေများလိုက်တာ..
ဘလောဂ်မရေးတော့ရင်ကောင်းမလား..
စိတ်ညစ်တာတွေဖယ်ထားဦးမှ..
ရေဒီယိုလိုင်းဖမ်းထားရင်ကောင်းမလား…
ဘယ်လိုင်းမိမလဲမသိဘူး…
စာအုပ်…
ဖတ်နေတဲ့စာအုပ်ဘယ်ရောက်သွားတာလဲ..
ရူးတော့မှာလား..
စာအုပ်ပျောက်တာနဲကတင်..
ပြာယာခတ်နေရအောင်..
ခုနေသေသွားရင်ဘယ်လိုလုပ်မလဲ…
အသုဘကိုလူလာပါ့မလား….
ဘယ်သူတွေငိုကြမှာလဲ..
ခြင်တွေကလည်းတ၀ီဝီနဲ့..
အိမ်ရှေ့ကလူနှစ်ယောက်ဖြစ်လျောက်သွားတယ်…
သာယာတယ်ဆိုတာဘာကိုခေါ်တာလဲ..
ထီတိုးဖို့မမေ့အောင်သတိထားဦးမှ..
ခုထိလည်းမပေါက်နိုင်သေးဘူး…
အခုဘာတွေရေးနေတာလဲ..
အိမ်မှာပဲရှိနေသေးတာလား..
အိပ်မပျော်တာလား…
စာကလေးတွေကြောင်လိုက်ခုတ်နေသေးလား..
စာလေးအိမ်တစ်လုံးလောက်ဝယ်ထားဦးမှ..
သံးနာရီထိုးတော့မှာလား..
အိပ်ရာဝင်ရင်ကောင်းမလား…
ခြင်တွေကလည်းကိုက်လိုက်တာ..
အိပ်ဦးမှပါပဲ…
မနက်ဖြန်ဘာတွေလုပ်စရာရှိဦးမလဲ…
လုပ်စရာတွေအများကြီးပါလား..
ဗိုက်ဆာလာတာလား..
ဘာလုပ်ရင်ကောင်းမလဲ..
အင်နာဗွန်စီပြန်သောက်ရင်ကောင်းမလား…
အူကြောင်ကြောင်ကောင်လို့ပြောဦးမှာလား…
မိုးလင်းတော့မှာလား…
မင်းညကမအိပ်ဘူးလား…
ဒီညပြန်လာမှာလား…
လက်ကနာနေတုန်းပဲ..
ပြန်လာရင်မုန့်တွေဝယ်မလာနဲ့…
အလကားပိုက်ဆံကုန်တယ်..
ပိုက်ဆံ.. ပိုက်ဆံ..
ပိုက်ဆံသွားရှာရအုန်းမှာပ်လား..
သွားပြီနော်..အေး…အေး…
မောနင်းဆရာ…အချိန်မှန်နော်..
ကျနော်လား…ဒီလိုပါပဲ..
ဟိုသတင်းကြားထားတယ်ဗျ..
ဟုတ်လား… ဘယ်လိုမှန်းမသိပါဘူး..
အင်း…အင်း..ဟုတ်မှာပေါ့…
ဟိုင်း..သူငယ်ချင်း…မောနင်း..
အိုကေလေ..ဖုန်းဆက်ထားမယ်…
အော်….ဟုတ်လားအစ်ကိုရ…
ကျနော်ကြားတာတော့ကြာပြီ..
နေကောင်းဆယ်နော်..
အဆင်ပြေတယ်နော်…
ခင်ဗျားလုပ်ရင်ဖြစ်ပါတယ်…
လောကကြီး အားလုံးမင်္ဂလာပါ။

စိတ်မညစ်ပါနဲ့ဗျာ… မောမောနဲ့ အိမ်ပြန်အလာမှာ မီးပျက်နေတာကလည်း တကယ်အမောဆို့ပါတယ်… အဲဒီခံစားချက်မျိုးကို လတ်လတ်ဆတ်ဆတ်ကြီး မှတ်မိသေးတယ်။ ဘလော့ဂ်မရေးတော့ရင် ကောင်းမလားလို့ ယောင်လို့တောင် မတွေးမိစေနဲ့ဗျို.. အဲဒါမာရ်နတ်ဆွယ်နေတာ
ရန်ကုန်သတင်းကို ပြည့်ပြည့်စုံစုံပြောပြပေးတဲ့သူက ရှားပါဘိနဲ့။ စိတ်လဲမပူပါနဲ့ လွတ်ကင်းနေတာပဲ ( u know?) ဆိုတော့… keep up your ရသစုံ blog!!!
အန်း…စိတ်ရှုပ်လို့  အပျင်းထူလို့ လာပါတယ်ဆို သူကပိုစိုးနေတယ်…..
ငါလဲပျင်းတာပဲ မင်းစိတ်ကလဲတော်၂စကားပြောနိုင်ပါလားနော် ရှုပ်ရှက်ခက်နေတာပဲ ဘာတေါမှန်းကိုမသိဘူး မုတ်သန် အန္တရယ်ရှိသောသူ မဟုတ်ဘူးဘေ မုတ်သုန်ဓာပြတိုက်ရင် တောထဲတွင်ကြောင်သွားသောသူးးးး)