(၁)
ပျံသန်းမယ့်ငှက်ကို ….. သူတို့မို့ဖမ်းချင်တာ
ရွှေလှောင်အိမ်မှာ ….. ပျော်လို့မရပါ
ချစ်တဲ့ကောင်းကင်ရဲ့….. လွတ်လပ်မှုကိုရှာ
ပွင့်လန်းမယ့်ပန်းကို ….. သူတို့မို့တားချင်တာ
ထာဝစဉ်ငုံကာ ….. နေလို့မရပါ
ချစ်တဲ့အလင်းရောင်ရဲ့ ….. ယုယမှုကိုရှာ
ရှိတာတွေကို ….. ရှိပါစေလေ
ဖြစ်တာတွေကို ….. ဖြစ်ပါစေလေ
သဘာဝဟာ ….. သဘာဝပါ…
သဘာဝဟာ သဘာဝပါလို့ အသံရှည်ကြီးဆွဲလို ထွက်ပေါ်လာတဲ့အသံ နောက်ပါသွားတဲ့စိတ်ကို ဘယ်လိုမှထိန်းမရနိုင်တော့။ ဖြစ်ချင်တာတွေ ဖြစ်မရနိုင်တာကို နှစ်သိမ့်ပေးနေသလိုလို။ ရှိတာတွေကို ရှိပါစေလေ။ ဖြစ်တာတွေကို ဖြစ်ပါစေတဲ့။ ရိုးစင်းတဲ့စာသားတွေက အားကောင်းကောင်း နဲ့ဆွဲငင်လို့။ဒီသီချင်းကိုဘယ်သူဆိုထားတာလဲ။လွိုင်လင်ကအပြန် ဒီသီချင်း ကိုသယ်ဆောင်လာတဲ့အဖေ့ကိုလှမ်းမေးလိုက်တော့၊ စိုင်းထီးဆိုင်တဲ့။မန္တလေး ရောက်နေတဲ့ရှမ်းတစ်ယောက်ပေါ့ကွာ။အဖေဆက်ပြောလိုက်တဲ့စကားသံ ကတစ်စွန်းတစ်စသာကြားလိုက်ရင်း။
စိတ်တွေကတော့ ဟိုးအရှေးကလှမ်းမြင်နေရတဲ့ ရှမ်းတောင်တန်း ကြီးတွေဆီ သီချင်းသံနဲ့အလိုက်သင့်မျောပါလို့။ သဘာဝဟာသဘာဝ ပါလို့ ဆိုလိုက်သူ။သူ့သီချင်းသံတွေက မြင်နေရတဲ့ရှမ်းတောင်တန်းတွေဆီကနေ အဝေးဆုံးထိ ကျော်လွန်သွားလိမ့်မယ်ဆိုတာ အဲဒီအချိန်တုန်းက သတိမထား မိလိုက်တာတော့အမှန်ပင်။ သီချင်းတစ်ပုဒ်ချင်းဝယ်သွင်းလို့ရတဲ့အချိန်မှာစိုင်းထီးဆိုင်ရဲ့သီချင်း တွေထဲကနောက်ထပ်သတိထားမိခဲ့တဲ့သီချင်းတစ်ပုဒ်က]သေအောင်သာရွာပါမိုး}။ လူငယ်သဘာဝလိုချင်တာကိုဆုပ်မိနိုင်ဖို့အားနည်းနေတဲ့အချိန်။ကြုံသမျှအရှုံး၊ ကံကိုကဆိုးလွန်းတယ်လို့ အရာရာအပြစ်မြင်နေတဲ့အချိန်။ခေတ်ကို အပြစ်တင်၊စနစ်ကိုအပြစ်မြင်တတ်တဲ့အချိန်။ဒီလိုချိန်မျိုးမှာ နားထောင် မိခဲ့တဲ့သီချင်း။သီချင်းစာသားတွေအပေါ်အတင်းဖိနင်း ထားတဲ့ဆိုဟန်။ နားထောင်သူရဲ့စိတ်ကို ကိုင်လှုပ်လိုက်တဲ့အချိန်မှာ အကုန်လုံးကကျိုးကျေလို့။ ဘယ်လိုမှထွက်ပေါက်မရှိနိုင်တော့ဘူးလို့ထင်ခဲ့ရတဲ့အထိ။
အနိုင်ရပြီးခဲ့ပြီမို့….. တကယ်ကျေနပ်ဖို့ ကောင်းပါတယ် အိုး …
အခုတော့ မဟုတ်ပါတယ် ….. တမင်တကာရက်စက်လွန်းပြီကွယ်
သေအောင်သာရွာပါမိုး ….. သေအောင်သာရွာပါမိုး …..
(ခြောက်သွေ့တဲ့လမ်းပေါ်တောင်မှ ချိုင့်ခွက်နဲ့
မလွဲနိုင်သူအဖို့ ရွံ့ဖွက်နဲ့ထပ်တိုးလို့ မထူးတော့ပြီမို့
ရွာချင်ရင် ရွာပါမိုး)
ဒီလောက်အညှိုးကြီးရင်တော့ ….. ဒီကမ္ဘာက အကျဉ်းလေးပါကွယ်
လည်စဉ်းပြီးပေးပါ့မယ့် ….. ဒီတခါတော့မပြေးတော့ပြီကွယ်
(သေအောင်သာ ရွာပါမိုး)
စိတ်ကိုအဆုံးစွန်ထိထွက်ပေါက်မပေးတော့။ ဆိုးနိုင်သလောက်ဆိုး ပါလေ။သေအောင်သာရွာပစ်စမ်းပါလို့စိန်ခေါ်လိုက်သံ။ ခေတ်ရဲ့သီချင်း။ လူငယ်တို့ရဲ့သီချင်း။ ဒီသီချင်းတွေကြားထဲကမှ ခံစားမှုဒဿနတွေလှပ်ပြ။ ကြီးပြင်းခဲ့ရာရှမ်းမြေဆီကိုလှမ်းလင့်ခေါ်သံပြုလိုက်တဲ့သီချင်းတစ်ပုဒ်က ]တောင်ပေါ်မြေရဲ့အခြားတမျက်နှာ}။ ချယ်ရီတွေသာယာ၊ ထင်ရှုးတောတွေနဲ့ ရှမ်းမလေးတွေနေတဲ့ရှမ်းမြေ။ သာယာလှတဲ့ တောင်ပေါ်မြေ။အဲ့ဒီတောင်ပေါ် မြေရဲ့အခြားတစ်ဖက်မှာဘာတွေရှိနေမှန်းတော့မသိကြပါဘူးလို့ဆိုလိုက်သံ။
မြင်စရာတွေ တကယ်တန်းပြောပြစရာ ….. ပုံလို့သာနေ
အကိုတို့ရေ ….. ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ
တောင်ပေါ်မြေရဲ့ ….. အခြားတဘက်မျက်နှာမှာ
ချယ်ရီတွေလဲ ….. ယမ်းနံ့စွဲနေ သာယာတယ်ဆိုတဲ့…..
ထင်ရှုးတောတွေဟာ ….. လောင်ရာတွေနဲ့ရုပ်ပျက်နေ…..
အဲဒီခေတ်၊အဲဒီအခါတုန်းက ရှမ်းတောင်ပေါ်မြေရဲ့ဖြစ်ရပ်မှန်တွေကို အကောင်းဆုံးလှစ်ဟပြသွားနိုင်ခဲ့တာပါ။လှပတဲ့ချယ်ရီတွေကယမ်းနံ့စွဲလို့၊
ရှုမဆုံးတဲ့ထင်းရှုးတောတွေက လောင်ရာတွေနဲ့။ အိပ်ပျော်နေတဲ့ အစ်ကိုတွေ အပြင်ထွက်ခဲ့ပါတော့တဲ့။ ]တောင်ပေါ်မြေရဲ့ အခြားတမျက်နှာ}သီချင်းနဲ့ ရှမ်းပြည်ရဲ့ အမှန်တရား၊ အနှစ်သာရတစ်ခုကို အသစ်လွင်ဆုံးဖော်ကျူး ပြရင်း နောက်ထပ်ရှမ်းပြည်ဖွဲ့တေးတွေထဲမှာချစ်စရာအကောင်းဆုံးနဲ့လွမ်း မောဖွယ် ဖြစ်ခဲ့ရတဲ့သီချင်းတစ်ပုဒ်ကငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ်။
အို ….. ငွေတောင်တန်းရယ်
ဆယ်နှစ်နီးပါး ….. စောင့်ခဲ့ကြပြီးမှ
ဒီအချိန်မှာ ….. တညဖြစ်ဖြစ် နှစ်သိမ့်ဆုလေးလောက်တော့
တသက်လုံးမခွဲကြခင် ….. ကြင်နာခွင့်ရသင့်ပါတယ်….
ငွေတောင်တန်းကိုသက်သေပြုရင်းမ၀ံ့မရဲ လှမ်းဆိုလိုက်တဲ့ ချစ်သက် သေစကား။ ချစ်သူနှစ်ဦးအတွက် ကမ်းလင့်တောင်းခံနေတဲ့ တောင်းဆု။ အချစ်တခုတည်း အားကိုးလို့မဖြစ်နိုင်ဘူးဆိုတာပြောဆိုလို့ ဆက်ရှိ နေမယ့် ဇာတ်လမ်းတစ်ခု။အနေဝေးတော့လည်းအေးခဲရပါတယ်တဲ့။
သူတို့တောင့်တတဲ့ အာမခံမိုးပေမယ့် တိမ်လေတွေနဲ့
လွင့်ပါးပျောက်ကွယ် အို ….. ငွေတောင်တန်းရယ် …..
အနေဝေးတော့ အေးခဲ့တဲ့အချစ်ဟာ
တကယ်သာမငြိမ်းသေးပဲ ခွဲခဲ့ရင် မခက်ပေဘူးလား …..
ဒီဇာတ်လမ်းလေးအတွက် ….. တချိန်ချိန် ဆက်ရှိဦးမယ်
ခုများတော့ တယောက်က အပြီးအပိုင် ကန့်လန့်ကာချပြီ
မင်းသမီးပျိုလေးအတွက် ….. ပြာပုံပေမယ့်
အဝေးရောက်သားအတွက် မီးလောင်ဆဲ ….. ။
(၂)
ခံစားမှုအသစ်၊ တွေးခေါ်မှုအသစ် တွေကိုရိုးရှင်းတဲ့သံစဉ်တွေနဲ့ဖော် ပြခဲ့ပြီး အကြိမ်ကြိမ်ပြန်နားထောင်းတိုင်း တရှိုက်မက်မက်စွဲနေလောက်အောင် သီဖွဲ့ပြခဲ့သောသီချင်းများထဲတွင် လူတိုင်းခံစားနှစ်သက်ခဲ့ရသည့်သီချင်းက မန္တလေးရောက်ရှမ်းတစ်ယောက်}။ဒီသီချင်းကတော့ စိတ်ပညာဘာသာရပ်နဲ့ မန္တလေးကို ကျောင်းလာတက်ခဲ့တဲ့စိုင်းထီးဆိုင်အတွက်ရော၊ မန္တလေး ဆေးတက္ကသိုလ် မှာ ပညာသင်နေတဲ့ စိုင်းခမ်းလိတ်အတွက်ပါ အမှတ်ရစရာ တွေအပြည့်ရှိနေမှာပင်။ဒီသီချင်းမှာ စွဲနေခဲ့တဲ့စာသားက တောင်ပေါ်သား ဖြစ်ရတာဂုဏ်ယူပါတယ်}တဲ့။
အို ….. အို ….. နေရာချင်းတော့မလဲပါဘူး
တောင်ပေါ်သားဖြစ်ရတာ ….. ဂုဏ်ယူပါတယ်ကွာ
ဒါပေမယ့်လည်း ….. မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့
အဖြစ်ဟာ ….. မလွယ်ပါလား
လူတိုင်းပါးစပ်ဖျားကိုရောက်ခဲ့တဲ့သီချင်း။စိုင်းခမ်းလိတ်နဲ့စိုင်းထီးဆိုင် အတွဲကို လူတိုင်းသတိထားမိစေခဲ့တဲ့သီချင်း။ နယ်ပယ်သစ်ကိုရောက်ခဲ့ပေမယ် ဇာတိကိုတမ်းတလိုက်တဲ့တမ်းချင်း။ အဝေးရပ်မှာပညာသင်ကြား ပြန်ချင်ပေ မယ့်မပြန်နိုင်၊ ရှမ်းအိုးစည်သံ၊ ရှမ်းအကဟန်တွေကိုမမြင်ရတာသိပ်ကြာခဲ့လို့ အောက်မေ့တမ်းတခဲ့တဲ့ ချစ်တဲ့ရှမ်းရိုးမကို ကျော်လွန်ပြီးအရင်ဆုံး အောင်ပွဲခံခဲ့သွားခဲ့တဲ့သီချင်း။စိုင်းထီးဆိုင်တစ်ခေတ်အစပျိုးလိုက်ပြီ။ဒီ သီချင်းပါခဲ့တဲ့ စီးရီးနာမည်က ပျောက်ဆုံးနေသောနိဗ္ဗန်ဘုံ။ စီးရီးတစ် ခုလုံး ရောင်းပြီးရလာခဲ့တဲ့ငွေကြေးက ကျပ်၆၀၀ စွန်းစွန်း။
မန္တလေးရောက်ရှမ်းတစ်ယောက်အောင်မြင်ပြီးနောက်ပိုင်း၊ ပရိသတ် ကြားထဲ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့သီချင်းက မောင့်လပြည့်ဝန်း။ ရေးသူက ကိုနေ၀င်း။ မန္တလေးအဆောင်ရှေ့များတွင် ညပေါင်းများစွာအောင်ပွဲခံခဲ့လေ သီချင်း။ ကိုယ်ပိုင်သံစဉ်ဂီတလောကတလျှောက်ဂန္တ၀င်ဖြစ်လာခဲ့မည့်သီချင်း။
ဒီတညမှာ ….. မြင်ရခဲတဲ့ မောင့်လပြည့်ဝန်း
သာလွန်းတဲ့ ….. အရင်ညက မောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားခဲ့ ….. မောင့်လပြည့်ဝန်း
(ကွယ်လွန်ခြင်းကမ္ဘာတစ်ဖက်မှာ ကျန်ရစ်သူ
မျက်ဝန်းမှမျက်ရည်လည်း အမှောင်ဆုံးညတွေ
ဘယ်မှာဆုံးမလဲ မတွေးဝံ့တော့ဘူး …..
သြော် …… မတွေးတတ်တော့ဘူး)
ချစ်၍စွန့်သွားတဲ့မင်းကို
သြော် ….. စွန့်၍ ချစ်သွားမယ်လေ …..
ဆို့နင့်နေတဲ့စိုင်းထီးဆိုင်ရဲ့ဆိုဟန်။ ကိုနေ၀င်းရဲ့ စာသားအလှည့် လူငယ်တွေရူးသွပ်စွာရင်ခုန်လိုက်ကြတာက ချစ်၍စွန့်သွားတဲ့မင်းကို သြော်စွန့်၍ချစ်သွားမယ်လေ} ဆိုသောစာသား။အလည်လွန်ခြင်းကမ္ဘာတစ် ဖက်ကိုထွက်သွားသူ။တဘက်စွန်းမှတသက်နေလဲ အချိုဆုံးစကားတွေ ဘယ်မှာဆုံးမလဲ။ မတွေးဝံ့တော့ဘူး။သြော် မမေးအပ်တော့ဘူး။နယ်ကျွံခြင်း ကမ္ဘာအပျက်မှာတဘက်လူသား ခက်လွန်းမကအခက်ပွေလည်း အငိုဆုံးမှ လေ ပြန်လာဦးမလား။ မပြောတတ်တော့ဘူး။ သြော်မပြောအပ်တော့ဘူး။ စတဲ့…. စတဲ့ စာသားတွေ။ခံစားချက်တူသူလူငယ်တို့ရဲ့ ရင်တွင်းမှပွင့်အန်ခဲ့ တဲ့သီကြွေးသံတွေ ဆင့်ကဲလို့ပဲ့တင်ခဲ့၏။ ဒီလူနဲ့တူသော အကျိုးမျိုးဘ၀ ဆက်တိုင်းမှာမင်းတစ်ယောက်ကင်းလွတ်ဝေးပါစေ။
ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့ပါလို့ ဆိုငြီးကြရင်း ထပ်တွေ့လိုက် ကြတာက လူကြမ်းမင်းသား။ သူများက ဒိုင်းခနဲတစ်ချက်ပစ်ရင် ဘ၀ဟာ တစ်ခါသေရ။ သူငယ်ချင်းက ဇာတ်လိုက်လုပ်ရင် သူခိုးဒမြဖြစ်ခဲ့ရနဲ့ အောင့် အီးလို့နေခဲ့ရသူ။ ရုပ်ဆိုးဖြစ်သမို့ ဘယ်နေရာမဆို အနစ်နာခံရင်း တကယ် သဘာဝကျဖို့ အသုံးတော်ခံရင်း ဖြစ်လာခဲ့ရတာက လူကြမ်းမင်းသား။
ဇာတ်ကြမ်းသမားအဖြစ်ဟာလေ …..
ကောင်းတိုင်းလည်း ….. အကောင်းမထင်ခံရဘူး
(ဒီလူအမူအရာများ ….. အကယ်ဒမီခေါ်ထိုက်သလား
ပြောကြတယ် ….. လူကြမ်းကို ဒီလိုအိုက်တင်များ
အကယ်ဒမီယူထိုက်သလား ကဲ့ရဲ့တယ်)
လူကြမ်းသမားဖြစ်ရင်း၊ အကဲ့ရဲ့ခံအဖြစ်နေထိုင်ရင်း အရာအားလုံးကို
ပြန်ဆွဲတင်ဖို့ ကြိုးစားပြလိုက်သည့် သီချင်းက ပလက်ဖောင်းမင်းသား ။
ကြယ်ရောင်တွေပျောက်တဲ့ညမှ အပြင်လောကသို့ထွက်လာခဲ့သောသူ။မှီခိုရာ အိမ်ဆိုပေမယ့်အိမ်ရယ်မမည်တော့သူ။ ငွေဆိုလို့ တစ်ဆယ်တန် နဲ့အကြွေ တစ်ချို့ သာရှိတော့သူ။ဒီလိုအမှောင်တွေကြားထဲကမှ မျှော်လင့်ချက် ကြီးတစ်ခုကိုရင်မှာပိုက်ထားခဲ့သူ။အားတင်းဆွဲခေါ်လိုက်တာက။
အပျံသင်စ တဖြစ်လဲတဲ့အခါ…..
ကိုယ်ပလက်ဖောင်းမင်းသားအရင့်စား
ရေဆိုတာက ….. နွေအခါမှာခက်သေး
ငွေဆိုတာက ….. ရှာနိုင်သူအဖို့မရှား
(လုပ်စရာရှိတာ ပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့….. သိပ်မမေးနဲ့ …..
အချိန်ကုန်တယ် ….. လေကုန်တယ် …..
အရလွယ်တိုင်းလည်း ….. တွေ့တာအကုန်မယူနဲ့
အန္တရာယ်က ….. လက်တစ်ကမ်းမှာ
ကြာကြာဝါးမယ့်သွား …..
ဘာစားစားအရိုးကြည့်ရှောင်ဟေ့)
အမှောင်တကာ့အမှောင်တွေကြားထဲကမှ ရတဲ့အလင်းတစ်စကိုကောက် ယူနိုင်ဖို့ချိန်ထိုးပြရင်း ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ နောက်ဆုံးနေ့ အထိလျှောက်ဦးဟေ့ လို့ဟစ်ကြွေးသံတွေဆူညံ့ စိုင်းထီးဆိုင် ခေတ်အကောင်း ဆုံးဖြစ်လာခဲ့တာတော့အမှန်ပင်။
(၃)
နွဲ့တင်အတွက်သီချင်းသီချင်းတစ်ပုဒ်၊ နောက်ဆုံးသီချင်း၊ ဘီးနံပါတ် ဥု ၀၁၂၂ူ၊ အိပ်စက်အနားယူပြီ၊ ငယ်ချစ်ဦး၊ နွေနံနက်ခင်း၊ ဥပက္ခာလော ကသား၊ အဖေရောက်တဲ့အခါပြန်နှိုးပါ၊ ရန်ကုန်မှာသာတဲ့လ၊ မေတ္တာရေစုန် မျောခဲ့သူ၊ ကိုယ်တစ်ယောက်တည်းကြောင့်တော့မဟုတ်ဘူး၊ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်၊ ရေဒီယိုကမာရွတ်၊ မောင့်အရိုင်း ပန်း၊ သခင့်ဆီအပြေးပြန်လာမည်၊ လေညာအရပ်ကအချစ်၊ ဘ၀မီးအီမ်၊ မေမြို့မိုး၊ အားလုံးကိုပျော်စေချင်ခဲ့သူ။
စိုင်းထီးဆိုင်အတွက် စိုင်းခမ်းလိတ်ရေးပေးခဲ့သော သီချင်းပုဒ်ရေပေါင်း ကခုနှစ်ရာကျော်၊ ပစ်ရက်စရာတစ်ခုမှမရှိခဲ့။ သီချင်းတိုင်းအောင်မြင်ခဲ့၏။ မန္တလေးရောက်ရှမ်းတစ်ယောက်ကစလို့ နှလုံးသားမှာကျွန်းခံနေသည်အဆုံး လူငယ်ကြိုက်သီချင်းများစွာ၊ မောင်လပြည့်ဝန်းကဲ့သို့သောဂန္တ၀င်သီချင်းများ၊ သဘာဝကဲ့သို့သောအတွေးအခေါ်သီချင်းများ။
အချိန်တွေကိုဖြတ်သန်းရင်း၊နေ့ရက်တွေကိုဖြတ်သန်းရင်၊ ရာသီတွေကို ဖြတ်သန်းရင်း၊ စိုင်းခမ်းလိတ်နှင့်စိုင်းထီးဆိုင်။ ကိုယ်ပိုင်သံစဉ် ဂီတလောက တလျောက်ရာစုနှစ်တစ်စိတ်ကျော် (နှစ်ပေါင်းနှစ်ဆယ်ငါးနှစ်နီးပါး)လွှမ်းမိုး ထားနိုင်ခဲ့သူ။စိုင်းခမ်းလိတ်၏အရေး၊ စိုင်းထီးဆိုင်ရဲ့ဆိုဟန် ဂီတ၀ိညာဉ် နှစ်ခုပေါင်းစပ်ထားတဲ့မှော်အောင်အနုပညာ၊ ဘယ်လိုမှထပ်မံပေါ်လာ လိမ့်မည်မဟုတ်တော့။
ကရုဏာသံအပြည့်နှင့်သီချင်းတိုင်းကို ခံစားမှုအပြည့်ဖြင့်ဆိုပြခဲ့သူ၊ရှမ်း တောင်တန်းများဆီကအသံသစ်ကို သယ်ဆောင်လာခဲ့သူ၊ စိုင်းထီးဆိုင်တစ် ယောက်ပထမဆုံးထွက်ရှိခဲ့တဲ့စီးရီးမှာကတည်းကဆိုပြထားခဲ့တဲ့သီချင်း၊လူတိုင်း မှတ်မိနေမယ့်သီချင်း။]စိုင်းပြန်ရဦးမယ်}။
ပြန်လည်ဆုံစည်းဖို့ရယ် ….. ရင်မှာ မတင်မကျနဲ့ကွယ်
စိုင်းပြန်ရအုန်းမယ် ….. မကြာခင်ပြန်တွေ့ကြမယ်
ယုံကြည်မျှော်လင့်ရင်းနဲ့ ….. စိုင်းပြန်ရအုန်းမယ်
ကိုယ်ကအဝေး ….. ဘယ်လောက်ဝေးနေ
ဘယ်လောက်ဝေးလဲ …… စိတ်မှာတော့
ချစ်သူထံအမြဲကျန်ရစ်နေမယ်…..
စိုင်းထီးဆိုင်တစ်ယောက်အမှန်တကယ်ပင်ပြန်သွားခဲ့လေပြီ။ ဒီတခေါက် ပြန်သွားခြင်း ကဘယ်တော့မှပြန်လာတော့မည်မဟုတ်။ ပြန်သွားတဲ့ စိုင်းရဲ့ စိတ်ကချစ်သူထံကျန်ခဲ့သလို စိုင်းထီးဆိုင်ရဲ့အသံတွေက ပရိသတ်တွေဆီမှာ တ၀ဲလည်လည်။ ဒီအချိန်မှာမှသီချင်းသံကအတင်းတိုးဝင်လာ၏။စိုင်ခမ်းလိတ် ရေးပြီးစိုင်းထီးဆိုင်ဆိုထားခဲ့တဲ့]မင်းသွားနှင့်တော့ နောက်မှလိုက်ခဲ့မယ်} စိုင်းခမ်းလိတ်ရဲ့ ညီစိုင်းခမ်းသီကွယ်လွန်သွားတုန်းကရေးဆိုခဲ့ကြတဲ့သီချင်း။
စိုင်းခမ်းလိတ်ကိုယ်၌ကလည်းအခုအချိန်မှာဒီသီချင်းကိုပဲဆိုငြီးနေမလားမသိ။
ရှင်ချိန်တုန်းက မင်းပြောလာတယ် ….. ပျော်ပျော်နေသေခဲဆို
သြော် ….. ခုများတော့ ထ ပြီး ထိုင်ကာ
နှုတ်ဆက်စကားပြောဦးလေ …..
နောက်ဆုံးစကားပြောရစ်လေ ….. ပျိုရွယ်ဘ၀မှာ
မာန်မာနနဲ့ ….. မင်းရဲ့အားကို ….. အဆင်မသင့်ခင်
သင်္ခါရက ….. လက်ဦးသွားပြီပဲ …..
ကွေးသောလက်သည် ….. မဆန့်နိုင်ခင်
ဆန့်သောလက်သည် ….. မကွေးနိုင်ခင်
လျှပ်တပြက်လာတတ်တယ်…..
(မင်းသွားနှင့်တော့ နောက်မှလိုက်ခဲ့မယ်နော်
ညီလေးရေ ….. ဘယ်သူမှလဲ ဒီသေခြင်းကို…
မလွန်ဆန်နိုင်ဘူး ….. မရှောင်ဖယ်နိုင်ဘူး …..။ )
ဝါသနာတူလွန်းတဲ့ ….. တို့နှစ်ယောက်ကိုလေ
ညီအစ်ကိုသူငယ်ချင်းတဲ့ …..
တနယ်စီဝေးပြီးသွားသည့်တိုင်အောင် …..
စိတ်ဓာတ်ကမပြောင်းလဲတယ်…..
လမ်းဟောင်းကလမ်းကောင်းပဲ…..
ရည်ရွယ်ချက်တွေ …..
အကောင်အထည်ပေါ်အောင်ကြိုးစားဆဲပါ…..
အလံလုပွဲမှာ ….. အရှင်သေမင်းက
အလဲထိုးသွားပြီပဲ ……
မင်းရဲ့သီချင်းသံ ….. ၀ဲပျံဆဲ
မင်းရဲ့ဘ၀အမြင် ….. ကြားယောင်မြဲ
လက်ခုပ်သံမစဲခင် …..
(မင်းသွားနှင့်တော့….
နောက်ကလိုက်ခဲ့မယ် ညီလေးရေ၊သူငယ်ချင်းရေ …..
နာမည်ကောင်းတစ်ခု ….. အရှင်သေမင်းက
အသေအချာချစ်ရစ်မယ်…… ။)
၂၀၀၈ခုနှစ်မတ်လ ၁၀ ရက်နေ့ကကွယ်လွန်သွားခဲ့သော
ဂီတ အနုပညာရှင် စိုင်းထီးဆိုင်ကောင်းရာသုဂတိလားပါးစေကြောင်း …..