Archive for March 2, 2008

လှူချင်သူများသို့….

မီးဘေးသတင်းကိုကြားပြီး…
ဘာလုပ်ပေးလို့ရမလဲလို့မေးနေကြသူများအတွက်ပါ..
အဆင်ပြေနိုင်မယ်ဆိုရင် အလှူငွေများထည့်ဝင်နိုင်မယ့်…
အခွင့်အရေးတစ်ခု ပေါ်ပေါက်လာကြောင်းပြောပရစေ…
မင်းယွန်းသစ် က သူ့ဘလောဂ်မှာ…
မီးဘေးအတွက်အလှူငွေထည့်ဝင်နိုင်ကြောင်း..
ပြောလာပါတယ်..
အသေးစိတ်သိချင်ရင်တော့..
သူ့ကိုပဲဆက်လက်မေးမြန်းကြပါလို့ပြောပါရစေ..
အလျင်းသင့်မယ်ဆိုရင်လည်း…
ဒီသတင်းလေးကိုလက်ဆင့်ကမ်းပေးကြပါလို့…
မင်းယွန်းသစ်ကတော့ သူ့ဘလောဂ်မှာ..
ဒီလိုဆိုထားပါတယ်….

      မီးဘေးအတွက် အလှူငွေထည့်ဝင်နိုင်ပါတယ်

      ကျွန်တော်တို့ လှိုင်သာယာ တွင် မီးဘေးသင့်တဲ့ ဒုက္ခသည်များအား
      အလှူပေးရန်အတွက် အလှူငွေများကောက်ခံလျှက်ရှိပါတယ်။
      မီးဘေးအတွက် လှူဒါန်းချင်သူများအနေဖြင့်
      မိမိသဒ္ဓါသလောက် ငွေကြေးတတ်နိုင်သည်ဖြစ်စေ၊
      သို့မဟုတ် အကျီအ၀တ်အစားများဖြစ်စေ လှူဒါန်းနိုင်ကြပါတယ်။

      ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်………
      မြေနီကုန်း၊ ရတနာလမ်း၊ Kodak ဓာတ်ပုံတိုက် အပေါ်ဘက်ရှိ
      Service+ (7 internet) ရုံးခန်းသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
      ဖုန်း- 500457 (မဘာညာ)

      အော်စကာဆုပေးပွဲကို အပေါ်ယံလေ့လာကြည့်ခြင်း

      ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့..
      အကြိမ်ရှစ်ဆယ်မြောက်အော်စကာဆုပေးပွဲအကြောင်း….
      နဲနဲလောက်ပြောပြချင်ပါရဲ့…
      အများသတိပြုနိုင်လောက်တဲ့..
      ထူးခြားမှုတစ်ချို့နဲ့အော်စကာပေးပွဲကတော့..
      အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ..
      အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်ဆိုတော့..
      ဘာတွေများအခက်အခဲရှိခဲ့လို့ပါလိမ့်..
      ဒီနှစ်အော်စကာမှာ ထင်သာမြင်သာရှိမယ့်..
      ထူးခြားမှုသုံးခုဖြစ်ပေါ်ခဲ့ပါတယ်..
      တစ်အချက်က ဆုပေးပွဲမတိုင်ခင်…
      ကြိုတင်ကြေငြာထားတဲ့အတိုင်း..
      ဆုပေးပွဲကို ကျင်းပနိုင်ခဲ့တာပါ..
      အမေရိကန်ဇာတ်ညွှန်းရေးဆရာတွေရဲ့..
      အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ…
      တောင်းဆိုမှုဆန္ဒပြမှုတွေက..
      အော်စကာဆုပေးပွဲကိုလုပ်နိုင်ပါ့မလားလို့..
      အများကသံသယရှိခဲ့ပါတယ်..
      အော်စကာဆုပေးပွဲမတိုင်ခင်..
      ရှေ့ကလုပ်ခဲ့တဲ့ရွှေကမ္ဘာလုံးဆုပေးပွဲဆိုရင်..
      ဇာတ်ညွှန်းရေးဆရာတွေရဲ့.
      တောင်းဆိုမှုဆန္ဒပြမှုတွေ ကို သရုပ်ဆောင်တွေက..
      ထောက်ခံသောအားဖြင့်ဆုပေးပွဲကို..
      တက်ရောက်ခြင်းမပြုတော့ဘူးလို့..
      ဆုံးဖြတ်ခဲ့ကြတာကြောင့်…
      သရုပ်ဆောင်တွေတက်ရောက်ခြင်းမရှိတော့တဲ့…
      ဆုပေးပွဲကိုဖျက်သိမ်းလိုက်ရပြီး…
      ဆုရသူများရဲ့အမည်စာရင်းကိုသာ..
      ထုတ်ပြန်ကြေငြာခဲ့ရပါတယ်…
      ဒီအတွက်အော်စကာဆုပေးပွဲကိုရော…
      လုပ်နိုင်ပါ့မလားလို့ အများကသံသယရှိခဲ့ကြတာပါ..
      အော်စကာဆုပေးပွဲကျင်းပသူတွေ..
      ကံကောင်းသွားခဲ့ပါတယ်..
      ဆုပေးပွဲမလုပ်ခင် ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာပဲ..
      ဇာတ်ညွှန်းရေးဆရာတွေရဲ့.
      တောင်းဆိုမှုဆန္ဒပြမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်..
      ထုတ်လုပ်သူတွေနဲ့သဘောတူညီမှုရသွားခဲ့တာပါ..
      ဒါကြောင့် အော်စကာဆုပေးပွဲကိုလည်း..
      အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး…
      သရုပ်ဆောင်တွေလည်း
      အတော်များများတက်ရောက်ခဲ့ကြပါတယ်….
      နောက်ဒုတိယထူးခြားမှုက…
      ဆုရသွားတဲ့လူတွေရဲ့အကြောင်းပါ…
      အရင်ကဆိုရင် ရွှေကမ္ဘာလုံးဆုရခဲ့တဲ့..
      သရုပ်ဆောင်တွေ၊ ဇာတ်ကားတွေဟာ…
      အော်စကာဆုကိုပါဆက်ပြီးတော့..
      သိမ်းယူသွားလေ့ရှိကြပါတယ်..
      ဒီနှစ်မှာတော့ အကုန်လုံး…
      တက်တက်စင်အောင်လွဲသွားခဲ့ပါတယ်…
      မင်းသားဆုရသွားတဲ့ ဒယ်နီရယ်ဒေးလ်လူးဝစ်ကလွဲရင်…
      ကျန်တဲ့လူတွေအတော်များများက..
      ရွှေကမ္ဘာလုံးဆုအတွက်…
      ဆန်ကာတင်အဆင့်မှာပဲကျေနပ်ခဲ့ရတာပါ…
      အော်စကာမှာတော့ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်..
      ရွှေကမ္ဘာလုံးဆုရတဲ့လူတွေတော်တော်များများ..
      အော်စကာဆုအတွက်ဆန်ကာတင်စာရင်းမှာပဲ…
      ကျေနပ်ခဲ့ကြရပါတယ်…
      ဒီအကြောင်းအရာနဲ့ဆက်စပ်ပြီး…
      တတိယထူးခြားမှုကတော့..
      ဆုရသွားတဲ့လူတွေအတော်များများက..
      အမေရိကန်သရုပ်ဆောင်တွေမဟုတ်ကြပဲ…
      အခြားဥရောပတိုက်သားတွေဖြစ်နေကြလို့ပါပဲ…
      အရင်နှစ်တွေကဆိုရင်..
      အမေရိကန်သရုပ်ဆောင်တွေကပဲ..
      အော်စကာဆုတော်တော်များများကို..
      သိမ်းကျုံးယူသွားလေ့ရှိတာပါ…
      ဒါတွေကတော့ အများထင်သာမြင်သာရှိမယ့်…
      အကြိမ်ရှစ်ဆယ်မြောက်အော်စကာဆုပေးပွဲက..
      ထူးခြားမှုတွေဖြစ်ပါတယ်..
      ဆုရသွားတဲ့ လူတွေအကြောင်းအပြည့်အစုံ
      ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်…
      နောက်အော်စကာဆုပေးပွဲရဲ့ထူးခြားမှုတွေထဲမှာ…
      အော်စကာပွဲတက်ခဲ့ကြတဲ့မင်းသမီးအတော်များများဟာ..
      အနက်ရောက်နဲ့အနီရောင်တွေပဲဝတ်ခဲ့ကြတာပါ…
      အော်စကာဆုပေးပွဲရဲ့ ပေါ်ပြူလာဖြစ်ခဲ့တဲ့…
      အရောင်တွေလို့ဆိုရမှာပေါ့…
      နောက် No Country for Old Man ဇာတ်ကားတစ်ခုထဲက..
      အကောင်းဆုံးဇာတ်ကားဆုအပါအ၀င်..
      ဆုခြောက်ဆုရသွားခဲ့တာပါ…
      နောက်တစ်ခုကတော့..
      ဆုကြီးတွေနဲ့လွဲနေခဲ့တဲ့..ဒစ္စနေထုတ်…
      Ratatouille ဆိုတဲ့ ကြွက်ကလေးရမ်မီအဓိကပါဝင်ထားတဲ့
      ဇာတ်ကားက အကောင်းဆုံးကာတွန်းရုပ်ရုင်ဇာတ်ကားဆုကို…
      ရသွားခဲ့တာဖြစ်ပါတယ်…..
      ဒီနှစ်အော်စကာဆုပေးပွဲကို..
      နိုင်ငံတကာက ရုပ်သံကြည့်ပရိသတ်၃၂သန်းကျော်…
      တီဗွီဖန်သားပြင်ကတစ်ဆင့် ကြည့်ရှုအားပေးခဲ့ပြီး..
      ဒီအရေအတွက်ဟာ ၂၀၀၃ ခုနှစ်ကစာရင်းတွေနဲ့စာရင်…
      ပရိတ်သတ်အရေအတွက်…
      တစ်သန်းလောက်ကျဆင်းသွားခဲ့တယ်လို့…
      ဆိုကြပါတယ်…..
      ဒီနှစ်အော်စကာဆုပေးပွဲရဲ့…
      ကျင်းပမှုကြာချိန်ကတော့ စုစုပေါင်းသုံးနာရီလောက်..
      ကြာမြင့်ခဲတယ်လို့သိရပါတယ်….