ရစ်သမ် မမိသေးတဲ့ည
ရစ်သမ် မမိသေးတဲ့ည
(၁)
ဘ၀ကိုရင်းလိုက်၇တာ
မြွေရေခွံအိတ်စုတ်တစ်လုံးနဲ့
စာအုပ်အဟောင်းနည်းနည်းပဲ ရလိုက်တယ်…။
(၂)
ကိုယ့်ခေါင်းပေါ်က
နေ၊ လ၊ နက္ခတ်၊ တာရာ…စိုးမိုးဂြိုလ်တွေကတော့
ခါတိုင်းလိုပါပဲ၊
ဖုဋ္ဌဿလောကဓမ္မေဟိ
ဗုံလုံသီးနဲ့ငပျံမှာ
ဗု့လုံသီးအလှည့်မရှိ
ဘတ်စ်ကားစီးရင် ပျက်မှာကြောက်မိ…။
(၃)
မနေ့က
တိုးရစ်ဂိုက်
မမတစ်ယောက်နဲ့
ပြတိုက်ကိုရောက်သွားခဲ့
သြော်..ပလ္လင်ဆိုတာ
တယ်…ရင်ခုန်စရာကောင်းပ၊
(၄)
ဟုတ်ပြီ
ဒီ…..ပြဇာတ်မှာ..
ကျွန်တော်ဗီလိန်လား….။
-
စိုးမြင့်သိန်း
ရနံသစ်မဂွင်းအမှတ် ၈၁ မှ……
(ဒီကဗျာတင်ဖို့ကြိုးစားနေတဲ့အချိန်မှာ..
စိုင်းထီးဆိုင်ရဲ့…အချစ်ဆိုတာလျို့ဝှက်ချက်တစ်ခုပါ ဆိုတဲ့…
သီချင်းကိုလည်း အထပ်ထပ်နားထောင်နေပါသေးတယ်….)