မြန်မာသက္တရာဇ် ၁၃၇၀ ခုနှစ်အတွက်သင်္ကြန်စာ
လေ့လာလိုသူများအတွက်….လာမယ့်မြန်မာနှစ်အတွက်
သင်္ကြန်စာပါဗျို့…ဘတ်စ်ကားပေါ်မှာ အော်ရောင်းနေတဲ့
လူဆီက၀ယ်လာခဲ့တာပါ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
မှန်သည် မမှန်သည် အပထား…..အပျင်းပြေတော့ဖတ်
ကောင်းတာတော့ အမှန်ပါပဲ… .ရေးထားတာတွေထဲက
အများစိတ်ဝင်စားလောက်မယ့်….အရာတွေပြန်တင်ပေး
လိုက်ပါတယ်….
ဗုဒ္ဓဟူးသားသမီးတွေကတော့
အတာစားသတဲ့ဗျာ……
မြန်မာသက္တရာဇ် ၁၃၇၀ ခုနှစ်အတွက်သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာ
………ဘာနုရာဇာမည်သော
တနင်္ဂနွေဂြိုလ်မင်းသည်
ကြာဆံဝတ်ဆံအဆင်းနှင့်တူသော
အ၀တ်တန်ဆာကိုဝတ်ဆင်လျက်
နဂါးကိုစီး၍ လက်တစ်ဖက်ကမြား၊
လက်တစ်ဖက်ကားလွှားကိုကိုင်ကာ
အရှေ့မြောက်ထောင့်မှ အနောက်သို့ဝင်၌……….
…..သင်္ကြန်အကျမိုးဦး၊
မိုးလည်ကောင်းအံ့၊ မိုးနှောင်းတန့်အံ့၊
ပြည်ရွာမီးဘေးအန္တရယ် သတိပြုသင့်၏
ကျွဲနွား စသောခြေလေးချောင်းတို့…
အနာများအံ့၊ ရေပိုးသားငါးများအံ့၊
အတောင်ရှိသောကျေးငှက်တို့ ဥပါဒ်ဖြစ်ကုန်အံ့၊
ကွမ်းသီး၊ ငြုပ်စွံအံ့……….
တနင်္ဂနွေသားသမီးတို့သည်….
- လုပ်ငန်းကိစ္စများပြားပြီးတာဝန်ကြီးအံ့…
အိမ်ထောင်ရေး၊ အိမ်တွင်းရေးကိစ္စများတွင်..
တစ်ဦးနှင့်တစ်ဦး၊ သဘောထားကွဲမှုရှိအံ့…
မိတ်ဆွေအပေါင်းအသင်းတို့အပေါ်…
သည်းခံပြီးဆက်ဆံပါက..
အကျိုးရလဒ်ပိုမိုရှိပါအံ့..
စိတ်တိုလွယ်သည်..
စိတ်ရှည်ရှည်ထားပြီးလုပ်ဆောင်ပါက…
ကောင်းကျိုးရလဒ်ကောင်းရရှိအံ့..
ဦးခေါင်းနှင့်ပတ်သက်ပြီး၊ ဝေဒနာဖြစ်အံ့..
ကန်ထရိုက်လုပ်ငန်းများ၊အစုပ်စပ်ရှယ်ယာများကို…
သတိနှင့်ယှဉ်ပြီးလုပ်ဆောင်ပါမှ…
ကံကောင်းအံ့၊
အချစ်ရေးကိုဦးစားမပေးပဲ
ကြိုးစားပါမှ ပညာရေးတွင်ထူးချွန်အံ့။
တနလာင်္သားသမီးတို့သည်…
- ငွေရကံကောင်းတတ်ပြီး ထွက်ငွေများအံ့..
သူတစ်ပါးအတွက် တာဝန်ခံအာမခံကိစ္စများကို..
မလုပ်သင့်ပါ…
လုပ်ငန်းတိုးတက်မှုရှိပြီး အောင်မြင်အံ့…
အတိုက်အခံအနှာက်အယှက်တို့ကို..
ကျော်လွှားပြီး အောင်မြင်အံ့….
တရားဘာဝနာအားထုတ်ပြီး..
ကောင်းမှုကုသိုလ်ပြုရအံ့…..
ယာဉ်၊ ကား စက်ပစ္စည်းဝင်ကိန်းရှိအံ့..
နိုင်ငံရပ်ခြားခရီးဝေသွားရအံ့..
ပညာရေးတွင်အခွင့်အလန်းများတွေ့ရအံ့…ထူးချွန်အံ့…
အချစ်ရေးတွင်စန်းပွင့်အံ့၊ အနောက်မြောက်အရပ်ရှိ..
မိတ်ဆွေကောင်းတို့ထံမှ အကူအညီများစွာရရှိအံ့။
အင်္ဂါနေ့သားသမီးတို့သည်….
- အထက်လူကြီးတို့၏ မ စ ကူညီခြင်းခံရအံ့…
ဂုဏ်သတင်းကျော်ကြားအံ့…
လုပ်ငန်းများကိုတိုးချဲ့ပြီး လုပ်ဆောင်အံ့..
သားသမီးအတွက်ပူပင်ရအံ့…
အိမ်တွင်းရေး၊ အိမ်ထောင်ရေးရှုပ်ထွေးမှုရှိအံ့..
မျှော်လင့်မထားသော ငွေကြေးဥစ္စာရရှိအံ့…
ထီပေါက်ကိန်းရှိအံ့…
ဆီးစပ်ဝေဒနာ၊ ဆီးအိမ်ရောဂါဖြစ်တတ်အံ့..
စက်မှုလုပ်ငန်း ၊ အင်္ဂါနံနှင့်ပတ်သက်သော..
လုပ်ငန်းများတွင် အောင်မြင်မှုရရှိအံ့…
ပညာရေးတွင် ထူးချွန်စွာအောင်မြင်အံ့..
မိမိ၏စိတ်ကောင်းစေတနာကြောင့်…
အောင်မြင်မှုပိုမိုရရှိအံ့။
ဗုဒ္ဓဟူးသားသမီးတို့သည်….
- ရည်မှန်းချက်ကြီးထားပြီး…ဇွဲလုံ့လကောင်းမှုကြောင့်
အောင်မြင်တိုးတက်မှုရရှိအံ့…
ပညာရေးတွင် အဆင့်မြင့်ပညာရပ်များကို…
လေ့လာတတ်မြောက်အံ့..
အခက်အခဲအနှောက်အယှက်များကြောင့်…
အောင်မြင်မှုရရှိအံ့..
မည်သည့်ကိစ္စမဆို လုပ်ဆောင်ရာတွင်..
တယူသန် တဇွတ်ထိုးလုပ်ခြင်းမှ..
ရှောင်သင့်သည်…
ရွှေအဖိုးတန် ရတနာများဝင်အံ့..
ရေလမ်းခရီးသွားရာတွင်…
သတိကြီးစွာထားသင့်၏..
ကျန်းမာရေးတွင် လေထိုးလေအောင့်ဝေဒနာ….
ဝမ်းဗိုက်အစာအိမ်ဝေဒနာဖြစ်တတ်သည်…
ပညာရေးတွင်.. လျှပ်စစ် အီလက်ထရွန်နစ်ပညာ..
ဥပဒေပညာရပ်တို့တွင်ထူးချွန်အံ့။
ကြာသပတေးသားသမီးတို့သည်…
- မိတ်ဆွေအပေါင်းအသင်းကောင်းတွေ့အံ့..
စိတ်စေနာကောင်းထားပြီး…
လုပ်ဆောင်ချက်ကောင်းမွန်မှုတို့ကြောင့်…
လုပ်ငန်းကိစ္စများအောင်မြင်အံ့..
မိသားစုရေး၊ အိမ်တွင်းရေးအညံ့ဖြစ်တတ်သည်..
ပညာရေးတွင် ဆရာကောင်းနှင့်..
တွေ့ပြီးမိမိရည်မှန်းချက်များအောင်မြင်အံ့…
ပေါင်၊ ချက်အောက်ပိုင်း ခြေသလုံးနှင့်ပတ်သက်သော..
ဝေဒနာဖြစ်အံ့..
အချစ်ရေးတွင် သဘောကွဲလွဲမှုများ …
ဖြစ်တတ်သောကြောင့်..
စိတ်ရှည်စွာထားသင့်သည်။
သောကြာသားသမီးတို့သည်..
- ခရီးသွားခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းအံ့..
ခရီးဝေး( သို့) နိုင်ငံခြားခရီးသွားရအံ့..
မိမိရရှိထားသော အခွင့်အလန်းကောင်းမျာကို..
လက်လွတ်မခံပဲ အရယူသင့်၏…
အသည်း၊ သားအိမ်၊ ဆီးနှင့်ပတ်သက်သော..
ဝေဒနာဖြစ်အံ့..
အိမ်ထောင်ပြုရာတွင် အနှောက်အယှက်..
မကင်းတတ်ပါ…
အပေါင်းအသင်း မိတ်ဆွေတို့၏…
မနာလိုဝန်တိုမှု ခံရအံ့…
လုပ်ငန်းတွင်မည်သို့သော..
အတိုက်အခံနှင့်ပင်တွေ့စေကာမူ..
ဇွဲရှိရှိနှင့် အောင်မြင်အောင်လုပ်ဆောင်နိုင်အံ့…
အိမ်ထောင်ဖက်ကျန်းမာရေးညံ့တတ်သည်။
စနေသားသမီးတို့သည်…
- ကံကောင်းပြီး အမြော်အမြင်ကြီးမားမှုကြောင့်..
လုပ်ငန်းစီးပွားရေးတွင်…
ထူးခြားစွာအောင်မြင်မှုရရှိအံ့…
မိမိ၏ စိတ်ကောင်းစေတနာကောင်းနှင့်..
ကူညီမှုအပေါ် ပြန်လည်ကျေးဇူးတုံပြန်မှု့..
မရတတ်၍…သတိနှင့်လုပ်ဆောင်သင့်သည်…
သားသမီးနှင့်ပတ်သက်သော…
သတင်းကောင်းများကြားရအံ့…
အိမ်ထောင်ဖက်၏ဆွေမျိုးများထံမှ..
ကူညီထောက်ပံ့မှုရအံ့…
အရိုး ၊ အကြောနှင့်ပတ်သက်သော..
ဝေဒနာဖြစ်အံ့…
အချစ်ရေးတွင် တစ်ခါတစ်ရံ..
သဘောထားကွဲလွဲခြင်းဖြစ်အံ့။
