စိုင်းထီးဆိုင်ကွယ်လွန်
စိုင်းထီးဆိုင်ကွယ်လွန်
မြန်မာကိုယ်ပိုင်သံဇဉ်လောကမှာ…
လမ်းကြောင်းတစ်ခုကိုဖောက်လုပ်ပေးနိုင်ခဲ့ပါသော…
မန္တလေးရောက်ရှမ်းတစ်ယောက်တဖြစ်လဲ…
ဂီတအနုပညာရှင် စိုင်းထီးစိုင်တစ်ယောက်..
ဒီကနေ့မနက်ငါးနာရီလေးဆယ့်ငါးမိနစ်မှာ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့..
အစာအိမ်နဲ့အူလမ်းကြောင်းဌာနမှာ…
ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း..
စိတ်မကောင်းစွာကြားသိခဲ့ရပါတယ်…
တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာဂုဏ်ယူချင်ပါကြောင်း..
ဆိုခဲ့ပါသော စိုင်းထီးဆိုင်ဟာ ကွယ်လွန်ချိန်မှာ…
အသက် ၅၈ နှစ်သာရှိပါသေးတယ်…
သေအောင်သာရွာပါမိုး…
ထာဝရဟာ ထာဝရပါ စတဲ့ သိချင်းတွေနဲ့..
မန္တလေးလူငယ်တွေကြားမှာ…
၇၀ ပြည့်နှစ်အစောပိုင်းတွေက…
အလှုပ်ခတ်နိုင်ဆုံးဖြစ်ခဲ့ပါသောစိုင်းထီးစိုင်ဟာ..
၇၄ ခုနှစ်လောက်ရောက်မှ..
ရန်ကုန်ပရိတ်သတ်စသိခဲ့တာပါ…
ရန်ကုန်မှာပထမဆုံးထုတ်ခဲ့တာက နန်းခမ်းနွဲ့အတွက်..
သိချင်းတပုဒ်အယ်ဘယ်…
နောက်စိတ္တဇအလွမ်း…
ဒီအယ်လ်ဘမ်မှာပါခဲ့တဲ့ မောင်လပြည့်ဝန်းကတော့..
ရန်ကုန်ပရိတ်သတ်တွေကို…
ပါးစပ်အဟောင်းသာဖြစ်သွားစေခဲ့တာတော့အမှန်ပါ…
ပလက်ဖောင်းမင်းသား…
ရေဒီယိုကမာရွတ်..
လူကြမ်းမင်းသာ..
နွေနံနက်ခင်း….
အများကြီး… အများကြီးပါပဲ
နောက်တော့လည်းတနိုင်ငံလုံးသိအောင်..
အောင်မြင်သွားခဲ့တာပါ…
သူနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေတွေ…
ဆက်ရေးပေးသွားပါမယ်…