Archive for March 23, 2008

မြို့ကြီးမှာ ”ဘာတွေလုပ်ရလဲ၊ စာဥရယ်”

မြို့ကြီးမှာ
”ဘာတွေလုပ်ရလဲ၊ စာဥရယ်”

ဟိန်းမြတ်ဖော်

စာဥလေးမြို့ကြီးမှာ ဘယ်လိုမေရမလဲ၊
စာဥဘ၀ကို ကယ်တင်ရျင်အဖြစ် စဉ်စားကြည့်တော့
စာဥ စပွန်ဆာရှာရပါတယ် ကိုကိုရယ်။
စမူဆာ ရှာလိုက်ရတယ် ဟုတ်လား…
စမူဆာရှာပြီးတဲ့နောက်မှာ အဲဒီနံပြားထောပတ်သုတ်က
အော်…..(စပွန်ဆာ)
ငါ့တို့ရွာမှာ ကြားဖူးတာတော့ စမူဆာပဲကြားဖူးတယ်၊
နင်က ဘယ်ကစပွန်ဆာလဲ၊
အော်…..(စပွန်ဆာ)
စပွန်ဆာဆိုတာ ဘာတုန်း
စပွန်ဆာဆိုတာ စာဥရဲ့ကယ်တင်ရှင်၊
စာဥဘ၀ကြီးကို တိုးတက်အောင် စာဥဘ၀ခုလိုနေနိုင်အောင်
စာအုနောက်ကွယ်ကနေ အစစအရာရာ ကြိုးစားပေးနိုင်တဲ့၊
ပံ့ပိုးပေးနိုင်တဲ့၊
ရွှေရောင်အရိပ်ကလေးနဲ့တူတဲ့ လေးလေးတစ်ယောက်ကို
စာဥရှာထားတယ် ကိုကို….
ဟင်…..
(စာဥမပြောချင်ပါဘူးလေ) ကိုကိုရယ်… ဟင့် … လှိုင်းလုံးများ
စာဥရယ် စာဥဘ၀ ဒီလောက်အထိပဲ အဖြစ်ဆိုးလား။
ကိုကို မသိပါဘူးကွယ် … ဟင့် …
ကိုကို ဒေါသတွေ နည်းနည်းလျော့၊
စာဥလည်း နည်းနည်းလျော့မယ်
ကိကိုဒေါသတွေ သိပ်များနေတယ်ကိုကို…
ကိုယ့်ရင်ထဲမှာ မခံစားနိုင်လို့ပါစာဥရယ်။
ဆက်ပြောပါဦးစာဥရယ်…
ဘယ်သူလဲဟင်….
စာဥရဲ့နောက်မှာလေ စာဥရဲ့ကယ်တင်ရှင်
လေးလေး တစ်ယောက်ပါသေးတယ် ကိုကို…
ပြောရမယ်ဆိုရင် စာဥရဲ့နောက်က လေးလေးတစ်ယောက်က
စာဥရေ…စာဥ၊ စာဥက ဒီရောက်နေတာကိုး၊ ကိုယ်ဖြင့်ရှာ
လိုက်ရတာ ချွေးဇောတွေတောင်ပြန်လို့ ဇောချွေးလည်းမဟုတ်
ဘူး။ ဒီရန်ကုန်သား ဘာတွေပြောနေတာတုန်း၊
မင်းမတတ်ရင် မပြောပါနဲ့၊ ငါတတ်သလို ငါပြောမှာပေါ့၊
စာဥ (တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်)
ကိုကို(တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်)
မျက်နှာကြည့်တော့လည်း မျှော့တွေ ကပ်နေသလိုပဲ….
တို့ရွာက မျော့တွေ ကပ်နေသလိုပဲ….
မျှော့ဆိုတာ ဘာလဲကွ၊ ငါနားမလည်ပါလား
မျှော့ဆိုတာ ခင်ဗျားခြေထောက်ကို တွယ်နေတဲ့ဟာကိုမျှော့
ခင်ဗျားအနေအထိုင်မတတ်ရင် အဲ့ဒီ့မျှော့က ကျုပ်တို့ရွာက
မျှော့ဗျ။
မျှော့ဆိုတာ ငါဘာမှ နားမလည်ဘူး။
မျှော့ဆိုတာ ပျော့ပျော့နဲ့ ခင်ဗျားကိုင်ကြည့်မလား….
မင်းဟာမင်းကိုင်ပါလား
စာဥ
ဘယ်သူလဲ အဲဒါ
သူကလေ
ငါမသိလို့ အဲဒါဘယ်သူလဲ
အဲဒါ စာဥရဲ့ စပွန်စာပါ (စပွန်ဆာ)
စပွန်ဆာပါ ကိုကို။ ။

ဟိန်းမြတ်ဖော်
၂၀၀၈ မတ် Beauty

နေလျှံကျနေတဲ့ ငါတို့မိသားစု ကိုစောလည်း စောစောထ ကမ္ဘာကြီးလည်းစောစောထ

နေလျှံကျနေတဲ့ ငါတို့မိသားစု
ကိုစောလည်း စောစောထ
ကမ္ဘာကြီးလည်းစောစောထ

လင်းဝေးခက်

ကိုစောလည်း စောစောထ၊ ကမ္ဘာကြီးလည်းစောစောထ
ကျွန်တော်တို့ နောက်ကျနေပြီ၊ ရထားလည်မမီတော့ဘူး၊
ကားလည်းမရှိတော့ဘူး
ခြေသာလျှင် ယာဉ်ရှိကုန်၏ စကားလို
မိတ်ဆွေ ကဗျာဆရာလည်း တောင်မြောက်လမ်းစုံပေါ်က
လရောင်ထဲ သူ့သားလေးလည်းလွမ်းနေမယ်
သူ့သွားပေါ်အောင်လည်း ပြုံချင်ရှာမယ်
သူ့နေ့ရက်တွေဟာ သူကကိုအိပ်မပျော်အောင် တစ်ရက်
တစ်ရက် ဖေဖော်ဝါရီဟာ ရောက်လာတော့မယ်
ပိတောက်တွေဖူးလာပြီ မကြာခင် ဖွန်မိုးလေတွေလာပြီ
ကျွန်တော်တို့အရပ်က မိုးကောင်းတယ် မျိုးကောင်းဖို့
စကားလုံးတွေကို ပစ်ပေါက်ရင်း အဓိပ္ပာလ်နောက်က
စကားလုံးကိုလိုက်ရှာရင်း ကိုယ့်သားလေးရဲ့အနာဂတ်
အဓိပ္ပာလ်ကို ဘယ်မှာရှာဖွေရ၊
စိတ်ချဉ်ပေါက်ပြီး စိတ်ကိုချည်ကာ အဲဒါတွေထားလိုက်ပါကွာ
ကိုယ့်ဒုက္ခကိုယ်ချိုမြိန်ဖို့
ကိုယ့်ဒုက္ခသူစာနာစေမယ့် အရင်ကကဗျာမျိုးလည်းရေးချင်
ရှာမယ်၊ သားအတွက်၊ ဒီသတင်းသူမဖတ်မိပါစေနဲ့
သူ့သူငယ်ချင်းကွန်ပျူတာရှေ့ရောက် သူ့အလွန်းတွေ
ရေမကူးတတ်သေးသူ ရှေ့တတိယလှိုင်း
တကယ်မညာတမ်းပြောရရင် ပထမလှိုင်းမှာပျော်ဝင်ခွင့်ရသူ
ချဉ်ပေါင်စိုက်မယ်၊ ဖရဲစိုက်မယ်၊
ကန်စွန်းစိုက်မယ်၊
ပိုက်ဆံထုတ်ချေးစရာ ဘဏ်တိုက်ကြီးတွေလည်းမရှိတော့ဘူး။
သူမရောက်ခဲ့ရှာသော တက္ဘသီလာ သူသားခြေချရမယ်
သူလည်းတွေးရှာမယ် ပသီကိုတွေးရင်း သူနဲ့ သူဝေး
သစ်သားတွေချောဖို့ ကော်ပတ်စားရင်း
လက်ဖ၀ါးတွေကြမ်းကြမ်းလာ ကြမ်းကြမ်းနေတဲ့ လက်ဖ၀ါးတွေနဲ့
ဘောလုံးဂျာနယ်တွေပေါ် ဂိုးသွင်းရင်း
မနှစ်ကမရခဲ့လည်း ဒီနှစ်မရလည်း နောက်နှစ် နှစ်တွေအများ
ကြီးပါဆိုပေမယ့်
အသက်တွေကြီးလာပြီ ကိုစောကလည်း စောစောထ၊ကမ္ဘာ
ကြီးလည်း စောစောထ
မနက်ခင်းတော့ နိုးလာရင် လင်းနေတာပဲ။

လင်းဝေးခက်, ၂၀၀၈ မတ် Beauty