စာမေးပွဲကြီးနီးလာပြီ
စာမေးပွဲကြီးနီးလာပြီ
စိုးမိုးယံ
နွေဦးရာသီ ငိုက်မနေပါနှင့်
စာမေးပွဲကြီးနီးလာပြီ
ဒါပဲကြည့် ကွက်တိ ခန့်မှန်းမေးခွန်း(၅) စုံ
အထူးထုတ်အနာဂတ် ဆရာများ ချစ်တပည့်သေ
လေရူးတွေ တ၀ီဝီ အမှိုက်တွေလွင့်လာသည်
နေတရှိန်ရှိန်ပူသည် တံလျှပ်မြစ်ကြီးစီးလာပြီ
အနီးကပ် မပြတ်တပြတ် သင်ခန်းစာ
ဘယ်စာကို ဘယ်နှစ်ဝါမောင်သင်မလို့တုန်း ပြောခဲ့ဦး
ကွက်လပ်မှာဘာဖြည့်မလဲ
မှန်မှား ဘယ်လိုခွဲမလဲ
စာလုံးပေါင်း မှန်ပါစေ
အတွက်အချက် မြန်ပါစေ
မေးလေ့မေးထရှိတာ ဖြစ်လေ့ဖြစ်ထရှိတာ
ဒီလိုပဲ မှားလေ့မှားထရှိခဲ့တာတွေ
တွင်းဟောင်းရေကြည် ပိုးမွှားဝေစည်
ဆူလွယ်နပ်လွယ် အသင့်ပြင်ထားကြ
သင်ရိုးကုန်အဖြေစုံ အစဉ်အလာမပျက်
အံဝင်ဂွင်ကျဖြစ်အောင် ထပ်တလဲလဲလေ့ကျင့်ကြ
မေးခွန်းကိုသေချာဖတ် အလှည့်အပြောင်းကိုသတိထား
ပြီး၇င် ပြန်စစ်ဆေးဖို့မမေ့ပါနဲ့
လိုအပ်တာထက်များရင် ဘောင်မ၀င်ဘဲ ဘေးချော်သွားမယ်
မျက်လုံးတွေဖွင့်ထားပါ
ဦးနှောက်ကိုအလုပ်ပေးပါ
အောင်မှတ်ရရုံနဲ့ စိတ်မအေးနဲ့
ဂုဏ်ထူးရရုံနဲ့ သိပ်မဝေးနဲ့
ဘယ်စာကိုဘယ်နှစ်ဝါမောင်သင်မလို့တုန်း ပြောခဲ့ဦး
စာမေးပွဲကြီးနီးလာပြီ နွေဦးရာသီ
လေရူးတွေ တ၀ီဝီ အမှိုက်များ လွင့်လာသည်
နေတရှိန်ရှိန်ပူသည် တံလျှပ်မြစ်ကြီးစီးလာပြီ
နွေဦးရာသီ ငိုက်မနေပါနှင့်။
စိုးမိုးယံ
၂၀၀၈ မတ်လထုတ် စံပယ်ဖြူ မှ