မင်းရယ်… ငါရယ်… မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်

မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်

အချိန်ခြစားသံတွေဆူညံ့
နေမစောင်းခင်လေး
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်…

မြေနီကုန်းဆိုသောမြေနီကုန်း၊
အလှမ်းမဝေးသောမြေနီကုန်း၊
မလုံ့တလုံ လုံ့တလုံ၊
မတို့တတို့ တို့တတို၊
ရင်ခုန်သံတွေ ဖောက်ပြား၊
မြင်ကွင်းတွေက အမောဖောက်သတဲ့…
(ရတက်မအေးရှာနိုင်သူတွေပေါ့လေ)
လမ်းကြုံရင် ရွှေဧည့်သည် ၃၀၀ပေးစီးလို့
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်….

လေဆာဆိုတာနားမလည်၊
သေပါဆိုတာဘာကိုခေါ်လဲ
ဝေဒနာတွေအသေအချာမှတ်လို့
မနေ့ကဘာနေ့ဖြစ်ပြီး
မနက်ဖြန်ကဘာဆိုရင်
ဒီနေ့ ဘာနေ့ဆိုတာ…
လာမပြောနဲ့(အာရုံစားတယ်)
နားအညစ်အကြေးသန့်စင်ဖို့
နားဖာကလော်တစ်ချောင်းသာလိုတယ်
နို့ထွက်ပစ္စည်းရရှိဖို့…
နွားတရှဉ်းသားအဓိကကျပေမယ်
ရေမထွက်တဲ့ရေပန်းတွေနား
ညာချင်ပါသတဲ့ ကြော်ငြာဘုတ်တို့နံဘေး
ဝမ်းစတောပ်စူပါမားကတ်ကြီးရဲ့ရှေ့
အိမ်လောက်ကြီးတဲ့တီဗွီကြီးရှိသတဲ့
(အဲ့ဒါ….)
မြေနီကုန်းကတီဗွီကြီးပေါ့…
ခွင့်သာခိုက်မို့ သွားကြည့်ချင်ပါရဲ့
သက်မွန်မြင့်၊ အိနြင်္ာကျော်ဇင်၊
မိုးဟေကိုလဲ တွေ့ရမတဲ့….
ဟိုအသံ၊ ဒီအသံ
ယာဉ်သံဆူတွေကြား
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်…

(မြို့ကြီးပြကြီးတွေမှာ… ခုတလောခေတ်စားနေတဲ့
ဗီဒီယိုဇာတ်လမ်းဆိုတာ… ကျေးတောသားမို့…
မကြည့်ဖူးသေးပါ….
ရောင်စုံရုပ်တွေဆိုလား မတွေဖူးသေးသမို့
မြင်ဖူးချင်လှသဗျာ…
ရွာဘုရားပွဲနဲ့ဘုန်းကြီးပျံမှာကြည့်ဖူးပါရဲ့ဗျာ..
ရွာဘုရားပွဲနဲ့ဘုန်းကြီးပျံမှာကြည့်ဖူးပါရဲ့ဗျာ..
သုံးကားပေါင်းမိုးလင်းဆိုတဲ့…
ရုပ်ရုင်ကားတွေထဲမှာ…..
ချီးဗူးနဲ့ရွှေဘကိုတော့ တရင်းတနှီးမြင်ဖူးတာ…
ဒီနှစ်တော့စပါးပေါ်ရင်ဗျာ…
မြို့တက်ကာ ဗီဒီယိုကြည့်မယ်…
အရီးလေးရယ် ဆက်ဆက်ခေါ်ပါဗျာ…..)

၈၀ပြည့်လွန်ကသီချင်းတစ်ပုဒ်
အတင်းလုပ်လို့ဆိုမနေနဲ့….
မကုန်သေးသောအနာဂတ်များ
တွေးတဆဆချင့်ချိန်ရင်း
အဝေးဆုံးလမ်းတွေ
အဝေးဆုံးသို့မရောက်ခင်စပ်ကြား
မင်းရယ်… ငါရယ်…
မြေနီကုန်းမှာ တီဗွီသွားကြည့်မယ်။ ။

 

 

5 Comments »

  1. thinker Said:

    on March 27,08 at 4: 36 pm

    မြေနီကုန်းမှာ တီဗီမကြည့်ဘူးဗျို့။ ပဒုမ္မာကွင်းနောက်က ဘီယာဆိုင်မှာ ဘီယာချမယ်။ country နဲ့တူတဲ့ဆိုင်လေးမှာ ကြက်ကင်ကောင်းတယ်။

  2. honey Said:

    on March 28,08 at 5: 20 am

    အဝေးဆုံးသို့ မရောက်ခင်စပ်ကြား
    အမှတ်တရ ၀င်ရေးသွားတယ်
    နေပူတာကို သိသလို
    ပျဉ်းမတွေပွင့်နေတာလဲ မြင်လိုက်ပါကွာ
    ဘာမှ ၀မ်းနည်းနေစရာ မလိုဘုး ;)

  3. မောင်မျိုး Said:

    on March 28,08 at 10: 34 am

    မနေ့ကဘာနေ့ဖြစ်ပြီး
    မနက်ဖြန်ကဘာဆိုရင်
    ဒီနေ့ ဘာနေ့ဆိုတာ…
    လာမပြောနဲ့(အာရုံစားတယ်)
    ယနေ့ ကိုပဲ ငါစိတ်ဝင်စားတယ် ကျန်တာတွေ မသိချင်ဘူး :D
    ငါရန်ကုန်ရောက်ရင် မြေနီကုန်းလိုက်ပို့ ပေးနော့်။

  4. mothonlay Said:

    on March 28,08 at 11: 46 am

    နေပူတာကို သိသလို
    ပျဉ်းမတွေပွင့်နေတာလဲ မြင်လိုက်ပါ တဲ့လားအစ်မရဲ့…
    ပျဉ်းမပင်သိရင်တော့..
    ပျဉ်းမပွင့်ကို တွေ့ရလိမ့်မယ်ထင်ပါရဲ့….
    အရှေ့ဖက်ကမ်းမှာ….
    အဆင်ပြေပါစေဗျာ….

  5. မောင်မျိုး Said:

    on March 28,08 at 12: 24 pm

    အော်….အစ်မဆိုတော့ နာတို့ မပါဘူးပေါ့ ဖြစ်ရလေ မောင်ဂျမ်းစိန်တို့ ရွာ.
    ဒါပဲ :P

{ RSS feed for comments on this post} · { TrackBack URI }

Leave a Comment