သင်္ကြန်ရနံ့၊ မြေသင်းနံ့တို့သင်းပျံ့နေပါသောရန်ကုန်
မရေးဖြစ်မတွေးဖြစ်သော အကြောင်းတွေဘေးဖယ်လို့..
ရန်ကုန်အကြောင်းပြောကြပါစို့လား..
နေရောက်တွေတောက်လို့ ပျင်းမတွေကြွေ…
မြို့ရွှေရန်ကုန်မှာတော့ဖြင့် သတင်းတွေကလည်း စုံလို့ပါဗျ..
ဟိုနေရာသွားလည်း သင်္ကြန်သီချင်းသံ…
ဒီနေရာသွားလည်းသင်္ကြန်သီချင်းသံ…
သင်္ကြန်သီချင်းသံတွေဆူညံလို့..
မီးက်သံတွေနဲ့အပြိုင်ကျဲနေပါပေါ့လား….
လတန်းခူးပေမို့ မြအဖူးတွေသစ်သစ်ဝေ
လို့တောင်ဆိုရလေမလား..
ပိတောက်ဖူးတစ်ချို့ကတော့ မိုးအလာစောင့်ရင်း…
ပွဲတော်ရက်မတိုင်ခင် အပြိုင်ပွင့်ဖို့ ဟန်ချီနေကြပါရဲ့..
မနေ့ တနေ့ကများ မိုးကလေးတစ်ပေါက်နှစ်ပေါက်ကျ…
မြေသင်းနံ့တွေသုတ်ခနဲ့အဝေ့..
နောက်တစ်နေ့နံနက်….
ပိတောက်ပန်းတစ်ချို့ပန်ထားလေတဲ့…
လည်တိုင်ကြော့တွေကိုမြင်လိုက်ရတော့..
ဒိနှစ်မှာလည်း ပိတောက်က ငုလောက်တောင်…
သစ္စာမရှိတော့ဘူးလို့ပြောကြထင်ပါရဲ့..
သင်္ကြန်သီချင်းသံတွေပျံ့လွင့်ဆိုပေမယ့်…
ကြားနေရတာတွေက အဟောင်းဟောင်းတွေပါရယ်..
အသစ်တွေတော့ထွက်ကြပါရဲ့..
သစ်လွန်းတော့လည်း ကြားရသူနားဘ၀င်..
စိမ်းလွန်းတယ့်နဲ့တူပါတယ်…
ဟိုနေ ဒီနေရာ ပျံ့လွင်နေတာ….
ကြားနေကျ မြို့မသီချင်းတွေကြီးပါပဲ…
သင်္ကြန်ရောက်တော့မယ်ဆိုတော့..
သင်္ကြန်အကြောင်းပြောစရာတွေကအများကြီးပေါ့ဗျာ…
ဟိုးတုန်က သပြေခက်သင်္ကြန်..
စစ်ကြီုသင်္ကြန်။ စစ်ပြီးခေတ်သင်္ကြန်၊…
သံချပ်သင်္ကြန်၊ စသဖြင့်ပေါ…
နောက် နောင်များတော့လဲ…
ရောခ်သင်္ကြန်။ ဟစ်ဟောပ့်သင်္ကြန်…
ဒီနှစ်များတော့ အီမိုသင်္ကြန်ဖြစ်လေအုံးမလားမသိ…
ဆင်ခြေဖုံးရပ်ကွက်ကလူတွေအပြတ်နွဲကြလေတဲ့..
သကြန်င်္ချိန်ခါလက်သုံးစကားက
လမ်းလျှောက်သင်္ကြန်တဲ့လေ…
သင်္ကြန်မှာ စီးပွားရှာလိုသူတွေကတော့..
ခုကတည်းက ခတ်ကွင်းပြင်နေကြပါရဲ့….
ကွမ်းယာရောင်းတဲ့လူက အရက်ရောင်းမယ်..
ဘယာကျော်ရောင်းတဲ့ကုလားက…
စာလေးကြောင်ရောင်းမယ်နဲ့..
ပုံမှန်ဝင်ငွေထက် အဆများများရနိုင်မယ့်…
သကြန်စီးပွားအတွက် ပြင်ဆင်နေကြတာများ…
စတောပ့်ရှယ်ယာဈေးကစားမယ့်သူတွေတောင်
ရှုံးလောက်ပါရဲ့ဗျာ…
ဖြစ်တတ်တဲ့စီးပွား ပြောဖို့ကျန်နေသေးရဲ့..
ဟိုသင်္ကြန် ဒီသင်္ကြန်…
အရက်သင်္ကြန်ဆိုတာလဲ ရှိပါသေးရဲ့မဟုတ်လား..
မဏ္ဍာပ်ထိုးလိုသူတွေသောကပွေနေတဲ့အချိန်ပေါ့..
နေရာကောင်းမှရပါ့မလား..
ငွေကုန်ကြေးကျ ဘယ်လောက်ရှိမှာတုန်း…
ဟိုလူလာလို့ဝိုင်းပါဦး…ဒီလူလာလို့ကုန်ပါဦး…
ကန်တော့ပွဲကြေးကတောင့်ဖို့လိုတယ်နော်နဲ့..
လှုပ်လှုပ်ရှားရှား မဏ္ဍာပ်ထိုးသူများဖြစ်နေပြန်ပါပေါ့…
ဒီကြားထဲ စပွန်ဆာ စပွန်ဆာ နဲ့..
စပွန်ဆာရှာရတဲ့ဒုက္ခကလည်းမသေးလှဘူးဗျ..
နီးမှပေးမယ်၊ ဝေးမှပေးမယ်…
နီးနီးဝေးဝေး ပေးချင်မှလည်းပေးမယ်ဆိုတာတွေပေါ့
တတ်လည်းတတ်နိုင်ကြသူတွေရယ်ပါ…
သင်္ကြန်ကာလက ငါးရက်ထဲရယ်…
ဒိငါးရက်အတွက် ရတက်မပွေနိုင်သူတွေက ဒုနဲဒေးပါပဲ…
ဒီငါးရက်မှ စိးပွှားရှာမယ့်သူတွေကလည်း ဒုနဲဒေးပါနဲ့..
ဒီနှစ်ခုကြား အပြတ်ပွေးမယ့် သူတွေကလည်း ဒုနဲ့ဒေးပါပဲ…
သင်္ကြန်ပိတ်ရက်ဆိုပြန်တော့လည်း…
အပျော်ဆုံးဖြစ်ကြမှာက အစိုးရ၀န်ထမ်းတွေပါ…
နှစ်သစ်ကူးရုံးပိတ်ရက်ဆိုပြီး …
ဆယ်ရက်ဆက်တိုက်ပေးလေတော့..
သူတို့ခဗျှာ အပျော်ကြီးပျော်ဆိုပဲ..
ပေးသီးခေါက်လို ဈေးတွက်တွက်ရလေတဲ့…
ပုဂ္ပလိက ကုမ္ပဏီတွေကတော့..
ပိတ်ရက်က ၅ရက်၊၆ရက်ထက် ပိုမပေးနိုင်လေတော့..
အော် တတ်လဲတတ်နိုင်ကြပါဘိလို့ ..
တွေးနေကြတဲ့လုတွေလဲ ရှိနေကြလိမ်းမပေါ့..
အာဆီယံဆယ်နိုင်ငံထဲမှာတော့..
မြန်မာက ရု့းပတိရက်အများဆုံးစာရင်းမှာ..
ဒုတိယဖြစ်သွားခဲ့တာ နှစ်သစ်ကူးရုံးပိတ်ရက
သတ်မှတ်ပြီးကတည်းကပေါ့..
သင်္ကြန်ခါနီးတော့ ဈေးကွက်အနေအထားကကျသကိုး
တက်သင့်တာတွေတက်လို့..
ကျသင့်တာတွေက လုံးဝမရောင်းရဆိုသလို..
ဈေးသည် ကုန်သည်တွေလဲ ငြီးလှပါပြီ…
ရန်ကုန်ရနံ့ ရန်ကုန်အငွေ့.နဲ့..
ဝေးနေသူတို့ရေ….
နောက်ရေးမယ့်အရာတွေရောက်မှ…
အခြား အခြားသော အရာတွေ..
ဆက်ပြောကြပါစို့လားဗျာ…
ဘာရယ်မဟုတ်ပါဘူး…
မုတ်သုန်တို့ရန်ကုန်မှာပါဗျာ….။ ။

သင်္ကြန်ရဲ့ အခြေအနေ၊ သင်္ကြန်ရဲ့ ရူခင်း၊ သင်္ကြန်ရဲ့ ထုံးစံပေါ့နော်။ ရေးထားတာစုံနေတာပဲ။ သင်္ကြန်တောင်နီးလာပြီနော်။ တစ်ခါတစ်လေကျတော့လည်း မဏ္ဍာပ်ကနေ နားကွဲအောင်ဖွင့်တဲ့သီချင်းသံလေးကိုလည်း လွမ်းသား။
မုတ်သုန်ရေ.. ဒီနေ့မနက်တောင် တွေးမိသေးတယ်.. ဒီမှာ ချယ်ရီပွင့်ပြီဆိုတော့ ရန်ကုန်မှာလည်း သင်္ကြန်သီချင်းသံတွေ ညံနေလောက်ပြီ။ ပိတောက်ရောပွင့်နေပြီလားဆိုပြိး တွေးမိတယ်။ အခုနောက်ပိုင်းသင်္ကြန်က အမတို့နဲ့ သိပ်ပြီး ကီးမကိုက်တော့ဘူး။ ကိုယ်တွေက ကားနဲ့လည်း မလည်ဖြစ်၊ ပြီးတော့ ရေကစားတဲ့ မဏ္ဍာပ်ဆိုလည်း ကိုယ်နဲ့မကိုက်တော့ မသွားဖြစ်တော့ဘူး။ တခါမှလည်း မရောက်ဖူးပါဘူး။ အဲဒီတော့ သင်္ကြန်ပိတ်ရက်ဆိုတာ အမအတွက်တော့ အိမ်ထဲမှာ အနားယူပြီး ဖတ်ချင်တာ ဖတ်ရင်း ကိုယ်စားချင်တာ ချက်စားရတဲ့ရက်တွေလို့ပဲ သတ်မှတ်ထားလိုက်တော့တယ်။ ရေမကစားဖြစ်တာ ၁၀ စုနှစ်တခုတောင် မကတော့ဘူး။ ကိုယ်ကပဲ ခေတ်တအားနောက်ကျနေတာဖြစ်မယ်။ မုတ်သုန်ပြောသလို ဈေးသည်တွေလည်း ဒီရက်မှာ အနားမယူနိုင်ပဲ ဈေးရောင်းဖို့ စဉ်းစားနေကြတာပေါ့။ စားဝတ်နေရေးကိုး။ ဘာပဲဖြစ်ဖြစ် မုတ်သုန်ရေ.. သင်္ကြန်အငွေ့အသက်လေးတွေ ပြန်ရလာတာမို့ ကျေးဇူးပါ။ အခုလည်း အမ သင်္ကြန်မိုးခွေကြည့်နေတာ။ ရန်ကုန်သင်္ကြန်တော့မဟုတ်ဘူးပေါ့။ မန္တလေးသင်္ကြန်။
သင်္ကြန်သတင်း ရန်ကုန်သတင်း လာဖတ်တယ်ဝေ့ အရေးသားတွေ ကောင်းလာတယ် သယ်ရင်းရေ့ ပါတောက်တွေနဲ့  သင်္ကြန်ကိုတော့ သတိရတယ်ကွာ ဒါပေမယ့်လည်း သိတယ်ဟုတ် ဘ၀တူတွေဆိုတော့ ပြောမနေတော့ပါဘူး မုတ်သုန်ရာ။ တစ်ခါခါတော့ ဘယာကြော်ကုလားလိုပဲ မွေးရပ်မှာပြန်လုပ်စား ကောင်းမလားလို့  ဟားဟား ဒါပေမယ့် မဖြစ်သေးပါဘူး ငါက အကြော်အလှော်မတတ်ဘူးကွ မင်းနဲ့ ငါ ရှယ်ယာစပ်ရောင်းမလား မင်းကကြော် ငါကရောင်း ဟားဟား ဂွတ်မယ်နော့်
