header image
 

ရိုးရာအငွေ့တို ပြယ်လွင့်ခဲ့လေသော သင်္ကြန်

သင်္ကြန်နာမိကြလို့ ထမလာနိုင်သေးသော..
သင်္ကြန်ပျော်သူတို့ရောက်မလာခင်..
သူတို့ဆင်နွဲခဲ့ကြတဲ့သင်္ကြန်အကြောင်းပြောကြရအောင်…

ပျော်သလားဟေ့ မောင်တို့ရေ…
ပျော်တယ်ဟေ့…. ပျော်တယ်ဟေ့…
(သားစိုးရဲ့ သီချင်းထဲမှ စာသားများ)

အိုးလေးလှုပ်ပါဦး အိုးလေးလှုပ်ပါဦး..
အိုးကြီးငါးရာဟေ့.. အိုးလေးသုံးရာဟေ့…
(စိုင်းစိုင်းခမ်းလှိုင်သီးချင်းထဲက စာသားများ)

ထူးလည်းထူးတဲ့ မူးလည်းမူးတဲ့..
တို့ ကိုကြီးကျော်..
ထူးလည်းထူးတဲ့ ဘူးလည်းဘူးတဲ့..
တို့ ကိုကြီးကျော်…
(သားစိုးရဲ့ သီချင်းထဲမှ စာသားများ)

သင်္ကြန်အတက်နေ့ညနက်ပိုင်းရောက်တဲ့အထိအောင်..
ပျံ့လွှင့်နေတဲ့အော်ဟစ်သံတွေက…
အဲဒီစာသားတွေပါပဲ…
ဟုတ်ပါပြီလေ…
ပျော်ပါတယ်ဆိုတဲ့မောင်တို့တွေ..
တကယ်ရောပျော်ခဲ့ကြပါရဲ့လား….
အဝေးရောက်ရန်ကုန်သားအပေါင်း…
မေးကြမယ့်မေးခွန်းတွေပါပဲ…
အစိုးထုတ်သတင်းစာတွေမှာတော့..
ဒီနှစ်သင်္ကြန်ဟာ…
အရင်နှစ်တွေကထက်စည်ကားတယ်လို့..
ရေးထားခဲ့ပါတယ်…
ပြောရရင်တော့ ဆိုသလောက်လည်းမဟုတ်လှပါဘူး..
ရန်ကုန်မြို့ထဲမှာတင် ရေမစိုသောလမ်းများ..
အများအပြားရှိနေခဲ့ပါတယ်..
အထူးသဖြင့်ကတော့မီးပါပဲ..
မီးမလာတော့ ရေမလာ..
ရေမလာတော့ ရေကုန်တာနဲ့တင်..
ရေကစားကြတာတွေက ရပ်သွားကြတာပါ…
ဒီအခြေအနေတွေကို ဆင်ဖြေဖုံးနဲကတနိုင်တပိုင်..
ရေကစားခဲ့ကြတဲ့သူတွေကအဓိကကြုံတွေ့ခဲ့ရပါတယ်…
စည်ကားတယ်ဆိုတဲ့နေရာတွေက..
အရင်နှစ်တွေက စည်ကားခဲ့တဲ့နေရာတွေပါပဲ..
ရန်ကုန်မှာ အစည်ကားဆုံးဖြစ်ခဲ့တဲ့နေရာတွေကတော့..
အင်လျားလမ်း၊ တက္ဘသိုလ်ရိပ်သာလမ်း၊
ကမ္ဘာအေးဘုရားလမ်းကအယ်လ်ပိုင်းမဏ္ဍပ်
(အဲဒီမှာ အိုင်စီအဖွဲ့ ရက်တိုင်းစေ့ဖျော်ဖြေခဲ့ပါတယ်)
နောက် ဗိုလ်စိန်မှန်၊ ဆရာစံလမ်းတလျှောက်နဲ့
မြို့ထဲပိုင်းကဆိုရင် ဗိုလ်ချုပ်ဈေးနဲ့..
၁၉လမ်းမဏ္ဍပ်တွေပါပဲ….
ကျန်တဲ့နေရာတွေကတော့..
ပြောပလောက်အောင်စည်ကားခဲ့တာမဟုတ်ပါဘူး..
မဏ္ဍပ်အရေအတွက်အရဆိုရင်တော့..
အင်လျားလမ်းမှာ ၆၀ ကျော်နဲ့..
တက္ကသိုလ်ရိပ်သာလမ်းမျာ ၄၀ နီးပါး ရှိခဲ့ပါတယ်..
ပေခြောက်ဆယ်ကျယ်တဲ့မဏ္ဍပ်တွေမှာ စီစီတိဗီတပ်ခဲ့သလို..
ယာဉ်သွားလမ်းတွေမှာလည်း
လျို့ဝှက်စိစီတီဗီ ကင်မရာဆယ်လုံးတပ်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်..
သင်္ကြန်ကာလအတွင်းယာဉ်အသွားအလာက..
အရင်နှစ်တွေကထက်စာရင်….
သ်ပ်ရှုပ်ထွေးမှုတော့မဖြစ်ခဲ့ဖူးလို့ဆိုရမှာပါ..
ယာဉ်ကြောပိတ်ဆို့မှုတွေကတော့ လျော့မသွားပါဘူး..
ယာဉ်ထိန်းရဲတွေကို အရင်နှစ်တွေကထက်ပိုတွေ့ခဲ့ရသလို..
လုံခြုံရေးအင်အားကိုလည်း အများအပြားသုံးထားခဲ့ပါတယ်..
သင်္ကြန်တွင်းမှာ လှုပ်ရှားမှုတချို့ဖြစ်ပေါ်ခဲ့တယ်လို့ပြောကြပေမယ့်..
သိပ်ပြီးသိသာထင်ရှားတာမျိုးတော့ မတွေ့ခဲ့ရပါဘူး..
ခိုက်ရန်ဖြစ်ပွားမှုတွေတော့ရှိခဲ့ပေမယ့်…
ဒီအတွက်နဲ့ လူအသေအပျောက်မရှိခဲ့ပါဘူး..
အကျနေ့က အင်းလျားလမ်းထဲမှာ ..
လူတစ်ယောက်သေနေခဲ့တာရယ်..
နောက် ဒုတိယအကြတ်နေ့က..
အင်းလျားကန်ထဲမှာ
လူတစ်ယောက်ရေနစ်သေနေခဲ့တာက လွဲရင်..
အသေအပျောက်စာရင်းကို အတိအကျမသိရသေးပါဘူး…
သက်ြန်ကာလရာသီဥတုကတော့..
ပွဲတော်ငါးရက်စလုံး နေပူကျဲခဲ့ပါတယ်…
ဒီအတွက်ကြောင့်လည်း အပူရှပ်တာတွေ..
အသားနေလှောင်တာတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်…
နောက်တစ်ခုဆိုးတာကတော့ အရက်ပါ..
သင်္ကြန်ဟာ အရက်သင်္ကြန်ဖြစ်နေခဲ့တာ…
နှစ်တွေကလည်းအတော်ကြာခဲ့ပြီမို့..
ထူးပြီးမှတော့မပြောလိုတော့ပါဘူး…
ဒါပေမယ့် အရည်အသွေးညံ့တဲ့အရက်တွေသောက်သုံးပြီး..
ဘေးထွက်ဆိုးကျိုးများခဲ့တာကိုတော့..
အရက်သောက်တဲ့သူတိုင်း..
ပြောစမှတ်ဖြစ်ခဲ့ရပါတယ်…
သူငယ်ချင်းတစ်ယောက်ပြောသလိုပြန်ပြောပြရရင်တော့..
သက်ြန်အချိန် အပြင်မထွက်ပဲ..
သင်္ကြန်လည်ထားရသလို ခံစားချင်သလား..
ဂရင်းရွိင်ရယ်တစ်လုံးသာသောက်လိုက်ပါဆိုသလိုမျိုးပါပဲ..
အရက်သောက်ပြီး ကန်ထွက်လာတဲ့အပူတွေရယ်…
ကိုယ်လက်ကိုက်ခဲ့နာကျင်နေတာတွေက..
အရက်တွေရဲ့ အရည်အသွေးညံ့ဖျင်းမှုကိုပြနေခဲ့တာပါ…
အကြီးအကျယ်ဆုံးဆိုးဝါးမှုတစ်ခုကျန်နေပါသေးတယ်
မိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုပါ…
ဒီအရာကတော့ ဒီနှစ်သင်္ကြန်မှာအဆိုးဝါးဆုံးပါပဲ…
အမျိုးသားတွေအတွက်ကတော့…
မျက်စိအစာကျွေးစရာတွေအပြည့်အ၀ဖြစ်ပေါ်ခဲ့တယ်လို့..
ဆိုရနိုင်ပေမယ့်…
အများပြည်သူ လူမြင်ကွင်းတွေရှေ့မှာ…
အမြင်မသင့်တဲ့ ၀တ်စားဆင်ယင်မှုတွေက..
မြန်မာ့ရိုးရာသင်္ကြန်နဲက ဘယ်လိုမှမလိုက်ဖက်ခဲ့ပါဘူး..
အရင်နှစ်သင်္ကြန်တွေတုန်းက
အမျိုးသားတွေအရက်သေစာသောက်စားရမ်းကားတာ..
ပြောစမှတ်ဖြစ်ခဲ့ကြပေမယ့်…
ဒီနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက..
ပြောစမှတ်ဖြစ်ကျန်ရစ်ခဲ့မှာပါ…
ဒီထကိပိုပြီးတော့လည်း မပြောလိုတော့ပါဘူး..
ဒါဟာ ပွင်လင်းသော လူနေမြှုပယုဂ်တစ်ခု (open society)ကို..
ရည်ညွှန်းပါတယ်လို့ပြောရင်တော့
လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိပါဘူး..
ကျန်တဲ့နေရာတွေမှာ မပြောလိုပါဘူး…
မြန်မာနိုင်ငံမှာလုပ်တဲ့..
မြန်မာ့ရိုးရာသင်္ကြန်ပွဲမှာ…
မြန်မာမိန်းကလေးတွေ
ဒီလိုဝတ်စားဆင်ယင်ကြတာဟာ…
မဖြစ်သင့်တဲ့အရာလို့ပဲ သဘောထားပါတယ်…
ဒီထက်မကပြောရရင်…
ပြည်ပမှာလုပ်နေကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွေမှာ..
ရိုးရာကို အတတ်နိုင်ဆုံးထိန်းသိမ်းလုပ်ကိုင်နေကြတဲ့အချိန်မှာ..
ပြည်တွင်းမှာဖြစ်နေခဲ့တာက..
အရမ်းကိုပဲ စည်းလွတ် ၀ါးလွတ်နိုင်နေခဲ့ပါတယ်..
မြန်မာဟာ မြန်မာပါပဲဆိုတာတစ်ခုတော့ ပြောပါရစေလား..
မြန်မာ့ရိုးရာသင်္ကြန်..
ဒီစာသားတွေ အများကြီးအသုံးပြုခဲ့ပြီးသွားပြီ..
ဒါဖြင့်ရင် မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ဘာကိုခေါ်လဲ..
ွှအရင်တုန်းကတော့ ရေဖျန်းသဘင်..
တကောင်းခေတ်ကတည်းက စခဲ့တဲ့ ရေဖျန်းသဘင်..
ရာဇ၀င်လာတွေ ခဧဖယ်ထားလို့..
ရေဖျန်းသဘင်လုပ်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ…
ရေနိမိတ်သုံးပါးနဲ့ပဲ ရေဖျန်းပြီး..
ပွဲတော်ကိုဆင်နွဲခဲ့ကြတယ်..
အဲဒီရေဖျန်းနည်းသုံးမျိုးက…
အေးမြကြည်လင်ခြင်း..
အညစ်အကြေးကိုဆေးကြောခြင်း..
ရေကိုသား၍အကြားမထင် ဆက်စပ်နေသလို
တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်ခြင်း စည်းလုံးခြင်း..
ဒီရည်ရွယ်ချက်သုံးမျိုးနဲ့ပဲ ရေဖျန်း၊ ရေပက်ခဲ့ကြတာ..
လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကတည်းက..
အခုတော့ဒါတွေပျောက်သွားပါပြီ..
ရိုးရာအငွေ့တွေလည်း ပြယ်လွင့်ခဲ့ပါပြီ…
ပြောလက်စနဲ့ပြောလိုက်ပါဦးမယ်လေ..
နှစ်သစ်ကူးလို့ နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်..
ပရိတ်တရားနာလေံရှိတာ မှတ်မိကြလေမပေါ့..
အဲဒီတရားနာပြီးသွားရင် မကောင်းဆိုးဝါးတို့..
ထွက်ပြေးလေအောင် ..
သံပုံးတီးမောင်းထုတ်ကြတာမှတ်မိကြဦးမှာပေါ့..
အခုတော့ သံပုံးတီးသံတွေလည်းမကြားရတော့ပါဘူး..
မကောင်းဆိုးဝါးတွေပဲမရှိတော့လို့လား..
မကောင်းဆိုးဝါးတွေပဲ ဖြစ်သွားကုန်ကြတာလားတော့..
မသိတော့ပါဘူးဗျ…
အော်… သတိရလို့..
တရားနာရတဲ့အချိန်တွေကလည်း ပြောင်းကုန်ကြပြီလေ..
အေစဆုံးနာဖြစ်တဲ့နေရာက နှစ်နာရီကျော်သုံးနာရီ..
သိပ်နောက်ကျရင် ညရှစ်နာရီဆိုတော့..
ဘယ်မှာသံပုံးတီးနိုင်ကြတော့မှာလဲ..
တရားနာပြီးချိန်တွေမှ မတူကြတော့ပဲကိုး..
ဟုတ်ပါပြီလေ..
ဒီအကြောင်းတွေနဲ့ပဲ အဆု့းသတ်လို့
နောက်မှပြန်ဆုံကြဦးစို့ရဲ့…
ဘာရယ်မဟုတ်ပါဘူးဗျာ…
မုတ်သုန်တို့ရန်ကုန်မှာပါ…

~ by မုတ်သုန်လေ on April 17,08.

4 Responses to “ရိုးရာအငွေ့တို ပြယ်လွင့်ခဲ့လေသော သင်္ကြန်”

  1. ထင်တာထက်တောင် ဆိုးနေပါပေါ့လား
    မမြင်တာတောင် ခပ်ကောင်းကောင်း။

    တို့တောင်ကြီးမှာတော့ ဘုန်းကြီးကျောင်းတက် အလှူလုပ်ကြတုန်းပဲ :)

  2. အမလည်း ရန်ကုန်ကို ဖုန်းခေါ်ပြီး မေးသေးတယ်။ ဒီနှစ်သင်္ကြန်စည်လားလို့မေးတော့ အိမ်က မီးမလာတာ ဘယ်လိုလုပ် ရေကစားကြနိုင်မှာလဲတဲ့.. ဒီနှစ်သင်္ကြန်ကို နိဂုံးချုပ်လိုက်ရင် မီးမလာဘူး။ ရေမရှိဘူး၊ အရက်သောက်တဲ့သင်္ကြန်ဖြစ်လာပြီ။ မိန်းကလေးတွေ သင်္ကြန်တွင်းဝတ်စားဆင်ယဉ်မှုက အတော်ကိုဆိုးဆိုးလာပြီ။ မနှစ်ကလည်း သူငယ်ချင်းတစ်ယောက်ပေးတဲ့ အခွေကြည့်ရတယ်။ မြန်မာ့သင်္ကြန်ဆိုတာ ဘုရားစူးကျိန်ပြီးပြောရမလိုပဲ။ ၀တ်စားထားတာတွေရော မိန်းကလေးတန်မဲ့မူးနေတာတွေရော.. အင်း.. နောက်ဆုံးတော့လည်း ဒီနှစ်သင်္ကြန်ပြီးသွားပြန်ပြီပေါ့လေ..

  3. မုတ်သုန် တို့ ရန်ကုန်အကြောင်းကြားရတာ ရင်လေးလိုက်တာ တစ်ခြားဟုတ်ပါဘူး ၀တ်စားဆင်ယင်မှုအကြောင်းကြားရလို့  အဲ့တစ်ခုတော့ တော်၂ဆိုးတယ် နောက်တော့ ရေကစားတဲ့ပုံစံပါ ငါောတ့ လုံးဝသဘောမကျဘူး သူများဆီကမို့ အထင်ကြီးတာလည်းမဟုတ်ပါဘူး ဒီမှာက ခွက်စောင်းခုတ်တာ ဘာမှန်းတောင်မသိကြဘူး ယောက်ျားလေးချင်းလဲပက်တာပဲ အရမ်းကိုလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် ဟော့ရမ်းတာတွေ သိပ်မတွေ့ ရဘူးနောက်ပြီး အမျိုးသမီးအားလုံးလိုလိုက အရင်ဝတ်နေကျအတိုင်းပါပဲ သင်္ကြန်မို့ ပုံစံပြောင်းတာတွေမတွေ့ ရဘူးး အေး၂ချမ်း၂ နဲ့  ဒီကသင်္ကြန်က စိတ်ကျေနပ်တယ် မြန်မာ့ ယဉ်ကျေးမှုကိုဖော်ပြတဲ့ အတာရေသဘင်က မော်ဒယ်ရှိုးပွဲတွေလို အပြိုင်ဝတ်နေကြတာကိုတော့ စိတ်ပျက်မိတယ် ရိုးရိုးလေးလည်း လှနိုင်တာပဲ ခေတ်ဆန်တာကောင်းပေမယ့် တန်ဆေ လွန်ဘေး ဆိုသလိုလေ :) ဆရာဝင်လုပ်သွားတာ ။

  4. ဒီမနက်ပဲ သင်္ကြန်မှာ အသားကုန်ကဲနေကြတဲ့ (မူးနေကြတဲ့) ကောင်မလေးပုံတွေ အီးမေးလ်နဲ့ ရောက်လို့ ကြည့်လိုက်ရတယ်။ တစ်နှစ်ထက်တစ်နှစ် ခေတ်လွန် လွန်လာကြပါလား။ :(

Leave a Reply