header image
နှစ်ဆယ့်သုံးကမ္ဘာဖြတ်ကျော်ခဲ့ခြင်း…
တစ်နှစ်တစ်နှစ်ကိုဖြတ်သန်းနေရတာတစ်ကမ္ဘာလောက်ကြာတယ်…
အခုတော့နှစ်ဆယ်သုံးကမ္ဘာပြည့်သွားခဲ့ပြီ…
၁၉၈၅ ခုနှစ် ဧပြီ ၂၇ ရက် စနေနေ့
ညနေငါးနာရီလောက်ဗိုက်နာလာတာ …
ဆေးရုံကိုအဘိုးလိုက်ပို့တာလေ …
ဟိုလည်းရောက်ရောဘာမှတောင်မလုပ်ရသေးဘူး…
တခါတည်းမွေးလိုက်တာပဲ ဗိုက်နာချိန်တောင် မရှိခဲ့ဘူး…
မောင်နှမတွေထဲမှာသားငယ်ကိုမွေးရတာအမြန်ဆုံးပဲ …
ဘယ်လောက်တောင်လောကကြီးထဲရောက်ချင်နေလဲမသိဘူး…
နားထဲမှာအခုထိစွဲနေသေးတဲ့….
အမေရဲ့အိပ်ရာဝင်ပုံပြင်တွေထဲကတစ်ခု….
အခုတော့လည်းလွမ်းစရာတွေရယ်ပါ…
သူငယ်ချင်းတွေကတော့ပြောပါတယ်..
မင်းကိုနှစ်ဆယ်ကျော်လိုပြောရင် ..
ဘယ်သူမှယုံမှာမဟုတ်ဘူးတဲ့..
သုံးဆယ်လောက်လို့ပဲထင်ကြမှာတဲ့…
ထားပါတော့လေ…
အခုအသက်နှစ်ဆယ့်သုံးနှစ်…
ဘာမှမဖြစ်သေး၊ ဘာမှမလုပ်ရသေး…
လုပ်စရာတွေတော့အများကြီးရှိနေသေးသည်။
ပြောချင်တာလည်းပြောပြီးသွားပြီဆိုတော့ ဝါးတီးပေါ့ဗျာ..
အားမနာတမ်းသာစားသွားကြပေတော့ .. :)
မုန့်ဟင်းခါးကြိုက်သူတွေအတွက် …
မုန့်ဟင်းခါးမကြိုက်တဲ့သူတွေအတွက်တော့ ရှမ်းခေါက်ဆွဲပေါ့
ထမင်းပါစားချင်တယ်ဆိုလည်း ရသဗျာ ဟင်းကတော့ သိပ်မကောင်းဘူး
လက်ဖက်သုတ်လေးလဲစားသွားပေါ့
ရေနွေးသောက်ချင်သူတွေအတွက်
(လက်ဖက်ခြောက်ကတော့ အစ်မဟန်နီဆီက ယူလာတာ.. :P )
အချိုပွဲလည်း စားလို့ရပါရဲ့
~ by မုတ်သုန်လေ on April 27,08.
15 Responses to “နှစ်ဆယ့်သုံးကမ္ဘာဖြတ်ကျော်ခဲ့ခြင်း…”
  1. မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ နောက်နှစ်ပေါင်းများစွာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနိုင်ပါစေ…
  2. မုန်ဟင်းခါးစားသွားတယ်ဗျာ။ ပျော်ရွှင်စရာမွေးနေ့ ပေါင်းများစွာ ဖြတ်သန်းပိုင်ဆိုင်နိုင်ပါစေ။
  3. Happy Birthday Little Brother..
    May you be a happier, healthier, wealthier & wiser from this Birthday onward.
  4. ပျော်ရွှင်စရာမွေးနေ့ပါ။ စာမေးပွဲကြီးများလည်းအောင်ပါစေ။ ရေလိုအေးလို့ ပန်းလိုမွှေးပါစေ။ ထိမယ့်ခလုတ်ဆုတ်ပါစေ။ လာမယ့်ဘေးဝေးပါစေ။ ရတနာစိတ်ကျောက် ဇယ်တောက်လို့ကစာနိုင်ပါစေ။ အဲ.. ဆုတောင်းကောင်းကောင်းနဲ့ အလှူခံက ဆုပေးနဲ့ ရောသွားတယ်။
  5. 23 ကမ္ဘာအတွက် မုန့်ဟင်းခါးတပွဲထဲနဲ့ ကျေနပ်လိုက်ပါတယ်
    ဒီမှာ မုတ်သုန်
    23 မပြောနဲ့ 46 နှစ်ထိ မိဘကို တပြားမှ ပြန်မကန်တော့နိုင်တဲ့သူတွေ တပုံကြီးပါကွဲ့
    အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့နောက်
    (မင်းပြောသလိုပဲ)
    ဘာမှ
    ……………………………………………
    အိပ်ရာထနောက်ကျသွားလို့ ဆုတောင်းနောက်ကျသွားတယ်
    ရှေ့လျှောက် မျှော်လင့်ချက်တွေ ပြည့်စုံပါစေ။
    စိုးရွံ့မှုတွေ ကင်းဝေးပါစေ။
    oxygenလည်း ပြည့်ဝပါစေဗျာ ;)
    မုန့်ဟင်းခါးလိုက်ပွဲလေး လုပ်ပါဦး
    မနေ့ကတော့ espresso ပါတိုက်မယ် ပြောသွားသလားလို့
    CHEERS!
  6. အဟား နောက်ကျသွားတယ် တန်ခူးလေနဲ့မွေးတဲ့ ကိုမုတ်သုန်ပေါ့ …
    မွေးနေ့မှသည် နောက်နှစ်များစွာတိုင် ပျော်ရွှင် အဆင်ပြေပါစေဗျာ ..။
  7. မုတ်သုန်ရေ.. ဒီနေ့တော့ မိုးခိုးတိတ်ပဲဟေ့..စားသွားပြီ..ပါဆယ်ရောနော်..။
    အသက်တစ်နှစ်ကြီးသွားတာနဲ့ အတူ
    စိတ်ချမ်းမြေ့ အဆင်ပြေမှုတွေ ပိုင်ဆိုင်ပါစေ..။
    ခင်တဲ့
    လေးမ
  8. မုတ်သုန်ရေ… မွေးနေ့မှာပျော်ရွှင်ပါစေ.. ဘ၀နဲ့ ဆန္ဒတထပ်တည်းကျသောသူဖြစ်ပါစေ… လို့ အမဆုတောင်းပေးပါတယ်။
    မုန့်ဟင်းခါးက မနက်က မြန်မြန်စားသွားရလို့ မ၀သေးဘူးဟ.. နောက်တစ်ပွဲ.. ဒီအချိန်လောက်ဆိုရင် ဟင်းရည်က ပိုစားကောင်းသွားပြီ။ မုန့်အချိုရော ရေနွေးကြမ်းလေးပါ သောက်သွားတယ်ဟေ့.. (မစားရလို့ ပြောကောင်းကောင်းနဲ့ ပြောနေတာ.. ဒီမှာတော့ သွားရည်ပဲ သိမ်းနေရတယ်… :D) ထမင်းတော့ စားတော့ဘူးနော်.. :)
  9. Happy Birthday ကိုကြီးမုတ်သုန်……… :P
    ၂၃ နှစ်မွေးနေ့ မှသည် စိတ်ချမ်းသာဖြင်း ကိုယ်ကျန်းမာ နိုင်ပါစေ သူငယ်ချင်းရေ့ မင်းက စကားကြွယ်တော့ မွေးနေ့ ဆုတောင်း ကောင်းကောင်းပေးတက်တယ် ငါကတော့မပေးတက်ဘူးဟ ဆုတောင်းပေးတိုင်းသာ ပြည့်ရင်တော့ မုတ်သုန် ယခုချက်ချင်း သိန်း ၅၀၀ ထီပေါက်ပါစေလို့ ဆုတောင်းပေးတယ်ချင်တယ် ။
    ဘာမှတော့စားတော့ဘူးကွာ အုန်းနို့ ခေါက်ဆွဲစားပြီး နေမကောင်းဖြစ်နေလို့  မွေးနေ့ ကို ကြိုးစားပြီး မရောက် ရောက်အောင် လာခဲ့တယ် :)
  10. Happy 23 Birthday ! :)
  11. Happy Happy Birthday ပါကိုမုတ်သုန်ရေ။ နောက်တောင်ကျသွားပြီ။ ဆက်လျှောက်ရမယ့် ဘ၀ခရီးလမ်းတစ်လျှောက်အဆင်ပြေ ဖြောင့်ဖြူးပါစေ။ :D
  12. Happy Birthday!!
    Many Happy Returns Of The Days..,
    Best of Luck..,
    Soe Mya Nandar Thet Lwin
  13. happy belated birthday bro :)
    မွေးနေ့က လာဖတ်ဖြစ်ပေမဲ့ comment မပေးဖြစ်ပဲ ဆုတောင်းနောက်ကျတာ ခွင့်လွှတ်နော်။ နောက်ထပ် ကမ္ဘာပေါင်းများစွာကို မုတ်သုန်ရဲ့ ဘေးမှာ ချစ်ခင်သူ မိသားစု သူငယ်ချင်း များနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
  14. ၂၃နှစ်ပြည့်တာအခုမှလား..
    နာကနင့်ကို ၃၂မှတ်နေတာ (ဟိဟိ)
    ငါထင်တော့ထင်သား ..ဒီကောင်လေးကြည့်ရတာ ရုပ်ကလေးထက် အသက်ကငယ်လောက်ပါတယ်လို့ ခုတော့ ငါထင်တာမှန်နေသကိုး(ဟိဟိ နာကွ)
    နာ့ထက်ငယ်တယ်..မမလို့ခေါ်ကြားလား…း)
    မုန့်တွေကအကုန်ကြိုက်တယ်…ပြီးတော့အချိုပွဲဆို သိပ်ကြိုက်ပဲ
    အကုန်စားသွားတယ် ရတယ်ဟုတ် မရလည်းစားမှာပဲ…း)
    ငါ့သူငယ်ချင်းလေး.(သှို).ကြီး…
    ၂၃နှစ်မြောက်မွေးနေ့မှသည်
    နောင်နှစ်ပေါင်းများစွာတိုင်အောင်
    ဘ၀ခရီးကိုဖြတ်ကျော်ရာတွင်
    စိတ်ချမ်းသာမှုစစ်မှန်စွာဖြင့်
    ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ပါစေ…..
    လို့ဆုတောင်းပေးလိုက်ပါတယ်..
    နင့်လိုသားလိမ်မာလေးတစ်ယောက်အနေနဲ့
    စိတ်ချမ်းသာမှုအစစ်အမှန်ကို ရမှာမုချဆိုတာ
    ငါပြောရဲတယ်
    အဆင်ပြေပါစေဟာ…
    ခင်တဲ့
    သူငယ်ချင်း
    စိန်သူဌေးမလေး
  15. ၂၃ နှစ်ပြည့်မွေးနေ့မှသည် ရှေ့ဆက်လျှောက်လှမ်းသော အနာဂတ်မှာ ပျော်ရွှင် အောင်မြင်စွာနဲ့ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိပိုင်ဆိုင်ပါစေမုတ်သုန်ရေ…း)
Leave a Reply