နာဂစ်နဲ့ရန်ကုန်- ၃
မေလ ၃ ရက် နံနက် ၁နာရီခွဲကျော်
လေပြင်းတွေတအားတိုက်ပြီး..
မုန်တိုင်းစ၀င်တဲ့လက္ခာတွေ့ ဖြစ်လာနေပြီ…
ဝင်ရင်တော့ ရန်ကုန်တောင်ပိုင်းဖက်ကစ၀င်မယ်..
မုန်တိုင်းစ၀င်တော့မယ်….
မေလ ၂ရက်နေ့ ည ၁၀နာရီကျော်
မုန်တိုင်းရဲ့ ဦးတည်ချက်က ရမ်းနေတဲ့သဘောရှိပါတယ်..
ည၁၀နာရီကျော်တဲ့အထိ ရန်ကုန်ကိုရောက်မလာသေးပါဘူး..
၆၆၇၇၆၆ ကိုလှမ်းမေးကြည့်ရသလောက်တော့..
သမီးလှကျွန်းကနေ ရန်ကုန်နဲ့သာယာဝတီအစပ်ကိုဖြတ်လိမ့်မယ်လို့…
ဆိုပါတယ်… ပြောတဲ့အတိုင်းဆိုရင်တော့ ရန်ကုန်ကိုကွင်းသွားနိုင်ပါတယ်..
အခုချိန်မှာတော့ ရန်ကုန်မှာ လေပြင်းတွေစတိုက်နေပါပြီ..
ညနေကမိုးကရပ်လိုက်ရွာလိုက်ဖြစ်နေရာက ..
လေပြင်းစတိုက်လာတာ အခုပထမဆုံးပါ..
ညဆယ်နာရီကျော်နေပါပြီ….

အချိန်နဲ့တပြေးညီ သတင်းထုတ်လွှင့်နေတဲ့ မုတ်သုန်အသံလွှင့်ဌာနပါလား။ အားလုံးဘေးကင်းကြပါစေ ဆုတောင်းပါတယ်။