မကြာခင်ပြန်လာခဲ့မည်…
မုတ်သုန်အတွက် စိတ်ပူပေးခဲ့ကြသူအားလုံး ….
အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ…
အင်တာနက်တွေလည်းနေရာတိုင်းမရသေးတော့…
ပြန်လာခဲ့ပါမည်.. အချိန်တော့နည်းနည်းကြာမယ်ထင်ပါတယ်…
ပြောစရာတွေလည်းအများကြီးရှိနေပါသေးသည်…
မုန်တိုင်းမတိုက်ခင်အချိန်အထိတော့…
မုတ်သုန်လည်း အေးအေးပဲရှိနေခဲ့ပါတယ်…
မုန်းတိုင်းလည်းတကယ်ဝင်လာရော…
ဘာမှကိုမလုပ်နိုင်ခဲ့တာပါ…
ဘေး ဘယ် ညာမှာ ရှိနေခဲ့တဲ့ မှန်တွေပွင့်ထွက်ကုန်တာများ…
ခုနေပြန်တွေးရင်တောင် ကျောချမ်းစရာ..
မှန်စတွေကလေထဲမှာဝဲလို့….
အိမ်အမိုးပါသွားခဲ့တာတော့ နောက်နေ့အိမ်ရောက်မှသိခဲ့ရတာ…
ရန်ကုန်ဟာတောလား…
မုန်တိုင်းစဲလို့ အပြင်ထွက်ကြည့်တော့…
လမ်းတိုင်းကတောအုပ်ဖြစ်နေပါတယ်..
နှစ်ရှည်သစ်ပင်တွေရော နှစ်တိုသစ်ပင်တွေပါ…
တစ်ခုမှ မမတ်နိုင်ရှာတော့ပါဘူး…
တကယ်ကြုံခဲ့ရတဲ့အချိန်ကအကြောင်းတွေ..
ဘယ်လောက်ခက်ခဲခဲ့ရတယ်ဆိုတာ…
ဘယ်လိုစိတ်နဲ့များ ပြန်ပြောပြရမလဲ…
အိမ်တိုင်းအမိုးမရှိတော့တဲ့မြင်ကွင်းတွေ…
သွပ်ဆိုင်တွေရဲ့ လူမဆန်မှုတွေ…
ညာတာစိတ်ကင်းတဲ့လူတွေ…
အချင်းချင်း လည်လှီးလိုကြတဲ့စိတ်တွေ…
သံသရာမကြောက် လူစိတ်ကင်းမဲ့ကြသူတွေ…
ဒီလူတွေအများကြီးပေါ်လာခဲ့တယ်…
တောကြောင်တွေအပြိုင်းအရိုင်းပေါ်….
ရန်ကုန်ဟာအများကြီးတော်ခဲ့ပါသေးတယ်..
ဆိုးတာက နယ်ကလူတွေ..
ရွာလုံးကျွတ်ပျောက်ခဲ့ကြတာများ…
ဒီနေရာမှာ ရွာရှိခဲ့ပါတယ်ဆိုတာ …
ဘယ်လိုသက်သေထူလို့ ယုံကြရမှာလဲ..
အားလုံးရေလျှံနေတဲ့ရေသားပြင်တွေချည်း…
ပေါလောမျောနေတဲ့ အလောင်းတွေကမြင်ရက်စရာမရှိ..
မှောက်ခုံကားယား၊ ပက်လက်ကားယားနဲ့..
မီးကျွမ်းသလိုဖြစ်နေအောင်မဲချိတ်နေတဲ့အလောင်းတွေ..
ကောက်လို့တောင်မနိုင်ပါဘူး…
တကယ်ကိုအိပ်မက်ဆိုးကြီးပါပဲ…
ညဖက်ဆိုဆူညံအောင်ကြားနေရတဲ့အသံနက်ကြီးတွေက..
သေဆုံးသူတွေရဲ့အော်မြည်သံတွေလား…
သူတိုမျက်လုံးတွေက မျှော်လင့်ချက်တွေပျောက်ကုန်ပြီ..
အသက်ရှင်နေကြတဲ့ အသေကောင်တွေလေ…
တစ်ဘ၀လုံး အတွက် …
တစ်ဘ၀လုံးအတွက် မျှော်လင့်ချက်တွေမဲ့ကုန်ကြတာ…
ဘယ်လိုတန်ခိုးရှင်တွေက သူတို့ကို..
လာကယ်တင်ကြမှာလဲ…
မမေးဝံ့ မတွေးဝံ့တော့တဲ့မေးခွန်းတွေ…
မုတ်သုန်တို့အားလုံး…
သူတို့ထက်တော့အများကြီးသာနေပါသေးတယ်…
နောက်ဆက်တွဲရောက်လာဦးမယ့်ပြသာနာတွေ…
ဘယ်လိုစိတ်ဓာတ်တွေနဲ့ ရင်ဆိုင်ကြရမှာလဲ…
သူတို့တွေအတွက် ကူညီပေးကြပါ..
သူတို့တွေအတွက် စာနာပေးကြပါ..
သူတို့သောကတွေကို မျှဝေပေးကြပါ…
တစ်ရက်လောက်ဖြစ်ဖြစ်တော့ ..
ခင်ဗျားတို့ရဲ့အပျော်တွေ…
ရယ်မောစရာတွေ ရပ်တန့်ပြီး…
သူတို့အတွက်ဆုတောင်းပေးကြပါ…
အခြေအနေတွေက တော်တော်ကိုဆိုးနေပါတယ်…
ပြောပြစရာတွေအများကြီးနဲ့ မုတ်သုန်ပြန်လာခဲ့ပါဦးမယ်

မုတ်သုန်ပြောမှာကိုလည်း အမတို့စောင့်မျှော်နေပါတယ်ဟာ။ အင်တာနက်မှာလည်း ဓာတ်ပုံတွေ မြင်ရပါတယ်။ မုန်တိုင်းဝင်ပြီးတဲ့နေ့ကစလို့ အိပ်မပျော်တာလည်း ဒီနေ့ထိပါပဲ။ အိမ်ကို စိတ်ပူရတာတစ်မျိုး၊ ပြည်သူတွေရဲ့ ရင်နင့်စရာကောင်းတဲ့ဖြစ်ရပ်တွေ၊ လူမဆန်တဲ့ လူကြီးတွေ အားလုံးကို ရင်နဲ့အမျှ ခံစားရပါတယ်ဟာ။ ကိုယ်တတ်နိုင်တဲ့ဘက်ကလည်း ကူညီနေပါတယ်။ အဆင်ပြေမယ်ဆိုရင်သာ မြန်မြန်ပြန်လာခဲ့ပါ။
ခုလိုပြန်တွေ့တာ ၀မ်းသာပါတယ် မုတ်သုန်ရေ … သတင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ အများကြီး တွေ့ရတယ်။ မယုံနိုင်လောက်အောင်ပဲ။
ခုလိုပြန်တွေ့တာ ၀မ်းသာပါတယ် မုတ်သုန်ရေ … သတင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ အများကြီး တွေ့ရတယ်။ မယုံနိုင်လောက်အောင်ပဲ။
(အပေါ်က ကော်မန့်က အကောင့်မှားတင်မိတာပါ ဆောရီး)
မုတ်သုန်ရေ… တကယ်ကို မသေလို့တွေ့ရ ၀မ်းသာတယ်ကွာ။ သီတင်းတွေကတော့ ရင်နင့် စရာချည်းပဲဟေ့။
မောင်မျိုးကိုတောင်ပြောနေသေးတယ် မုန်တိုင်းတိုက်တဲ့အချိန်မှာ မုတ်သုန်အိမ်မှာ ရှိမှာမဟုတ်ဘူးလို့ စမ်းချောင်းထဲရောက်ရင် teacherတို့ဖက်ကြည့်လိုက်ပါဦး ငုံးဥလည်း ကနေ့ အီးမေးလ်ပို့လာတယ်
နေ့တိုင်းဝမ်းနည်းကြေကွဲရပေမယ့် သူငယ်ချင်းတွေ မသေမပျောက်ပြန်ရောက်လာတာ ကိုတော့ ၀မ်းသာရပါတယ်
take care
အန္တရယ်ကင်းတာ သိရလို့ တော်သေးတာပေါ့ ကိုမုတ်သုန်ရေ။
ဒါပေမယ့် ရင်ထဲနင့်နေတယ်။ မကြည့်ရက် မခံစားနိုင်ဘူး။ ကြားနေမြင်နေရတာတွေ ဆွံ့အသွားရတယ်။ အဲဒါငါ့မိသားစုသာဖြစ်ရင်လို့တွေးမိရုံနဲ့တင် ရင်နာရလွန်းပါတယ်။
တော်သေးတာပေါ့ သူငယ်ချင်းရာ ငါ့မှာ အိပ်မ၀င် ၊ စားမပျော်နဲ့း) သတင်းတွေဖတ်ပြီး စိတ်မကောင်းလိုက်တာ ပြောတောင်မပြောတက်တော့ဘူးကွာ……………………..။
မင်းလည်း အစစ ဂရုစိုက်အုံးးးး