သီချင်းက ဒီမှာပါ …
မနိုင်းနိုင်းဘလောဂ်က လင်ခ့်ယူပါတယ်
အိမ်ကိုလွမ်းနေကြတဲ့သူတွေ…
အိမ်ပြန်ချင်နေကြတဲ့သူတွေ…
နောက်….
တောတောင်ရိပ်ခို … ယာတောလေးတွေကြား…
တွယ်တာရတဲ့အသိုက်အမြုံလေးတစ်ခုနဲ့..
ဘဝကိုဖြတ်သန်းသွားချင်နေကြတဲ့သူတွေ…
သူတို့တွေအားလုံးအတွက်…
လွမ်းဘွဲ့တစ်ပုဒ်ပါပဲ..
ဓီရာမိုရ်…
နာမည်အရင်းက ကိုဖော်ထက်..
နိုင်ငံရပ်ခြားမှာ ဂီတပညာတွေသွားရောက်လေ့လာခဲ့ပြီး…
မြန်မာပြည်ကိုပြန်လာခဲ့တဲ့သူ…
မြန်မာသံစဉ်တွေသံစဉ်တွေကို…
ခေတ်ဟန်အပြည့်ဖန်းတီးပေးခဲ့တဲ့သူ…
ခေတ်ပေါ်သံစဉ်.. စာသားတွေလည်း ခြယ်မှုန်းပြခဲ့သူ..
လူငယ်အဆိုတော်တွေအတွက်ရော…
နောက်ပိုင်းထွက်ခဲ့တဲ့ ရုပ်ရုင်တွေမှာရော….
music arrangement တွေကို …
ဆန်းသစ်လှပအောင် ဖန်တိးပေးခဲ့သူ…
လူကြိုက်များဟာသစာရေးဆရာ အကြည်တော်ရဲ့ အစ်ကို
ကိုယ်တိုင်သီချင်းဆိုဖို့မေ့လျော့နေသောသူ..
အခုတော့ သူ့ရဲ့ အယ်လ်ဘမ်လေးထွက်လာခဲ့ပါပြီ..
ကျွန်တော်နှင့်ဂီတ…
အဲဒီအထဲမှာပါလာတဲ့ သီချင်း..
သီချင်းနာမည်က အိမ်…
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်..
ရံရွေလည် ထယ်ဝါစွာဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်…
အိမ်တစ်အိမ်မှာ မှီတည်ရာဘာသာတရားတွေ…
ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ..
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ..
(ကလေးလေးတွေ နွေးထွေးဖို့လေ..
ကမ္ဘာမြေမှာ.. အိမ်တစ်အိမ်ဆောက်ကြမယ်လေ..
မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ…
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ….)
အိမ်အပြင်မှာ ၀ါပင်တွေကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင်ဝါချည်မျှင် ဖျင်တဘက်ရယ်….
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့..
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ်….
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်..
လာပါကွယ် အိမ်အပြင်မှာ ဂီတာတီးမယ်..
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်..
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်…
(ကလေးလေးတွေ နွေးထွေးဖို့လေ..
ကမ္ဘာမြေမှာ.. အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ..
မြင့်မတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ…
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ….)
ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို..
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်..
အဆောင်အယောင်တွေမဆင်ရင်စေ..
ရင်ခွင်အိမ်ပျော်ရွှင်ပါစေ…
ဒဏ္ဍာရီရာဇ၀င်လို..
ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ်…သိင်္ဂါရီအိမ်…..
တစ္ဆေတစ်ကောင် ဟန်ဆောင်သလိုမာယာကင်းမဲ့..
မနာလိုတဲ့မစ္ဆရိယ ချည်နှောင်မှုမဲ့..
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ…
တို့အိမ်…. ငါတို့အိမ်..
ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်…
(ကလေးလေးတွေ နွေးထွေးဖို့လေ..
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ…
မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ…
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ…။