Archive for တွေးစရာ
{ April 24,08 @ 11: 08 am }
·
{ တွေးစရာ }
{ }
·
{ }
အစ်မကေသွယ် ရဲ့ တနှစ်စာဘလော့သက်ပြင်း သွားပြီးဆားချက်ထားတာပါ..
ဘလောဂ်ရေးတယ်… ဒီအတွက် ဘယ်လိုသဘောထားမိသလဲဆိုတာလေး……. ဒီလောက်ပါပဲ
မူရင်းပိုစ်က ဒီမှာ ပါ..
ရေးပေးခဲ့တဲ့မှတ်ချက်က…..
အစ်မရေ…အရမ်းပြည့်စုံနေတော့လည်း
ဘယ်လိုမှတ်ချက်မျိုးပေးရမလဲတောင်မဝေခွဲတတ်တော့ဘူး..
အခု.. ကျနော်တို့တွေဘလောဂ်ကြတယ်…
အဲ့ဒီဘလောရ်ခြင်းတွေအတွက်စတင်ခြင်းဟာ..
ဘာအရောင်တွေမှမရှိခဲ့ပါဘူးနော်…
ရေးခဲ့ကြတဲ့အခါကျတော့လည်း… နေ့စဉ်ထမင်းစားကြရသလိုပေါ့…
စားကောင်းတဲ့ရက်ရှိသလို စားမကောင်းတဲ့ရက်ကလည်းရှိ
ဝရုတ်သီးဝါးမိတဲ့ရက်ရှိသလို …
ငါးရိုးဆူးမိတဲ့နေ့တွေကလည်း ရှိကြပြန်တာပေါ့…
ဒါပေမယ့် နေစဉ်စားနေရတဲ့ထမင်းဝိုင်းမှာ …
ဒါမျိုးတွေဟာ မထူးတော့ပါဘူးဆိုတဲ့အတွေးလေးတွေနဲ့ပဲ
ရေထသောက်တန်သောက် ငှက်ပျောသီးမြိုလိုမြိုနဲ့ ဖြေရှင်းကြပြီး
ထမင်းကိုဆက်စားခဲ့ကြတာပဲမဟုတ်လား…
တခါတလေ ဘလောဂ်ရေးတာဟာ
နေ့စဉ်ထမင်းစားခြင်းနဲ့တူနေတတ်ပါတယ်…
ရံဖန်ရံခါတော့လည်း ထမင်းစားချင်စိတ်ကိုကုန်ရော…
နောက်တစ်ခုက အသိအမှတ်ပြုခံလိုခြင်း …
စိတ်ပညာသဘောအရရော လောကနိယာမတွေအရပါ
ကျနောတို့ဟာ သူတစ်ထူးရဲ့..
အသိအမှတ်ပြုခံလိုမှုကို တောင့်တနေတတ်ကြပါတယ်…
ဒီအချက်ကလည်း ဘလောဂ်ရေးဖို့ တွန်းအားဖြစ်စေခဲ့တယ်လေ…
စာပေဝါသနာရှင်တစ်ယောက်သူ့ရဲ့လက်ရာလေးကို
ပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့အခါ ဝမ်းသာမိတဲ့စိတ်လိုမျိုး …
လွတ်လပ်ပျော်ရွှင်ခြင်းတွေနဲ့ ဘလောဂ်တွေကိုရေးခဲ့ကြတာ…
အရာအားလုံရဲ့ နောက်ဆုံရည်မှန်းချက်က ..
ကိုယ်ပြောလိုတာလေးသူများသိစေဖို့..
ကိုယ့်အမြင်ကို သူတို့ဘယ်လိုမြင်ကြလေမလဲဆိုတဲ့ အမြင်…
ဒါလေးတွေက အသိမှတ်ပြုခံလိုခြင်းတွေပါပဲလားအစ်မရေ…
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲတွေးတွေး မည်သို့ပင်ပဲဆိုဆို…
အရာတစ်ခုမှာ ကောင်းခြင်းနဲ့ဆိုးကျိုး ဒွန်တွဲနေသလိုမျိုး…
အကျိုးအပြစ်ဆိုတာကလည်း ရှိနေဦးမှာပေါ့လေ…
Blog..Blogger..Blogging မှာအစ်မပြောသလိုပဲပေါ့လေ…
အရေးကြီးတာက…ဟောဒီ..ဒစ်ဂျစ်တယ်ပုံရိပ်ယောင်ကမ္ဘာ ကြီးထဲမှာ..
ပုံရိပ်စစ်တွေပျေက်ကွယ်နစ်မြုတ်မသွားအောင်တော့..
သတိကြီးကြီးထားဖို့လိုမယ်ဆိုတာလောက်ပါပဲ..
ဒိတစ်ခုတည်းနဲ့လုံလောက်သွားပါပြီလို့…
ယုံကြည်မိပါတယ်ဗျာ…
ဘလောဂ်ရဲ့ဥိးတည်ချက်၊ ဘလောဂ်ဂါရဲ့ရပ်တည်မှု
မျှော်ကိုးတဲ့ရလဒ်တွေ …
ဒီအရာတွေအားလုံးဟာလည်း …
ဘလောဂ်ရေးသူတစ်ဦးတည်းရဲ့…
စိတ်တစ်ခုတည်းမှာသာ မှီတွယ်နေမှာဖြစ်တာကြောင့်လည်း….
ကျနောတို့ရဲ့စိတ်တွေလွတ်လပ်ပွင့်လင်းမျှတနေသမျှ
ကာလတစ်လျှောက်လုံး ဘလောဂ်ရေးသားခြင်းတွေ
ဆက်ရှိနေလိမ့်မယ်လို့တော့ ယူဆမိပါတယ်ဗျာ…….။
{ March 18,08 @ 2: 43 am }
·
{ တွေးစရာ }
{ }
·
{ }
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဘယ်လိုရွေ့ကြရမှာလဲ
ဆိုတဲ့ပိုစ်လေးရေးခဲ့ဖူးပါတယ်….
လူငယ်နည်းပညာသမားတွေ …
ပြည်ပအထွက်များနေတာနဲ့.ပတ်သက်လို့..
ဟောပြောပွဲတစ်ခုမှာ ဆွေးနွေးခဲ့ကြတာတွေကို….
ပြန်ပြီးရေးပြထားတာပါ….
ဟောပြောပွဲ နာမည်က နည်းပညာရိုက်ခတ်မှု
အခွင့်အလန်းနှင့် စိန်ခေါ်မှုများ ပါ။
ပြောတဲ့သူ က ကိုရဲမြတ်သူ၊
မန္တလေးဇောဂျီအယ်လ်ဖာ ကုမ္ပဏီက စီအီးအိုဖြစ်ပါတယ်။
သူပြောတဲ့စကားတွေထဲမှာ…
နိုင်ငံခြားသွားနေကြတဲ့ပုံစံတွေကလည်း
သမင်မွေးရင်းကျားစားရင်းပါပဲတဲ့။
ကျားစားလွန်းလို့ ခုဆိုရင်
ကျားစားဖို့ အတွက်ကို သမင်မွေးနေရတဲ့
အခြေအနေဖြစ်နေပါပြီတဲ့။
အဲဒီစကားကို အတော်လေးကြိုက်ခဲ့ရပါတယ်..
မနေ့က ကိုရဲမြတ်သူကိုယ်တိုင်..
အဲဒီပိုစ်လေးအောက်မှာ
ကော်မန့်လာရေးပေးသွားပါတယ်…
သူထပ်ပြောပြတာလေးကလည်း….
စိတ်ဝင်စားစရာကောင်းတာကြောင့်..
ပြန်ပြီးတင်ပေးလိုက်ပါတယ်..
မူရင်းပိုစ်ကတော့ ဒီမှာပါ ….။
ကိုရဲမြတ်သူပေးခဲ့တဲ့
ကောမန့်ကတော့…
ကျားစာရောင်းသည်ဆိုပြီး
သမင်မွေးစားတာဟာ လုပ်ငန်းတခုပါ။
ကျားကြိုက်မဲ့ အနေအထား
၀၀ဖီးဖီးဖြစ်မှဈေးကွက်ဝင်ပါလိမ့်မယ်။
စင်္ကာပူဟာ ပညာတတ်တိုင်းပြည်ဖြစ်ဖို့ 
လေ့လာစရာတွေ နဲ့ 
လုပ်ကိုင်စရာအခွင့် အလန်းတွေပေးထားပါတယ်။
ကျွန်တော်တို့ လူမျီုးတွေ ယူတတ်ရင် ပညာတွေ
အတွေအကြုံတွေ အများကြီးရမှာပါ။
ဂျပန်မှာ ပန်းကန်ဆေးသလောက်
ဝင်ငွေ ရချင်မှရပေမဲ့ 
ဒီအသိဟာ တချိန်ချိန်မှာ
တိုင်းပြည်ရဲ့ အားဖြစ်လာနိုင်ပ်တယ်။
နည်း ပညာ နဲ့အတူ ဈေးကွက်၊
လုပ်ငန်းကြီးလုပ်ဆောင်မှု
အတွေံအကြုံ၊ စနစ် စတာတွေ သိလာပါမယ်။
ICT ဟာ globalization ကြောင့်
ရည်တူပြိုင်ဆိုင်ခွင့်ရှိနိုင့်ခွင့်များပါတယ်။
ဒီလို အချိန်မှာ
ပြည်တွင်း အတွေ့ အကြုံနဲ့ ပြည်ပတိုးမရပါဘူး၊
ICT မဟုတ်တဲ့ ကုန်ပစ္စည်းထုတ်လုပ်ရာနေရာတွေမှာ
production cost က နိုင်ငံတကာကို
ပြိုင်နိုင်ပေမဲ့ ဈေးကွာက်မှာ မပြိုင်နိုင်တာ
logistic cost က ၃၀-၄၈% ရှိနေလို့ ပါ။
ICT မှာ ဒါမရှိပါဘူး
comnnection infra ကောင်းရင်ရပါပြီ။
ရန်ကုန်ကြည့်မြငိတိုင်င်းဒိုင်က ၂၀၀၀ တန်ငါးဟာ
စာသုံးသူလက်ထဲ၅၀၀၀ နဲ့ရောက်ပါတယ်။
ဒါ logictic cost ပါ။
ကမ္ဘာမှာ မြန်မာ software,service,
outsource,body shoping market တွေ
နေရာရလာဖို့  ကစားစရာကွင်းကောင်းကောင်းလို ပါတယ်
လောလောဆယ် အဲဒါစင်္ကာပူပါဘဲ။
ကံကောင်းတာက အခုခေတ်ဟာ
ယှဉ်ပြိုင်လေ့လာရတူတဲ့ခေတ်ပါ။
USA က လူ google မှာ ရှာတွေ့ တာနဲ့
မြန်မာကျေးရွာလေးမှာ
google မှာရှာတွေ့ တာတူတူပါဘဲ။
အားသာချက်က ပြည်တွင်းမှာလေ့လာရတာ
စရိတ်နဲပါတယ်။
ကြိုးစားကြစေချင်ပါတယ်။
programmaer တွေ www.elance.com
လိုတွေမှာလေ့လာ လေ့ကျင့်စေချင်ပါတယ်။
တိုင်ပြည်ချစ်ဖို့ က တိုင်းပြည်ထဲနေဖို့ ထက်
အရေးကြီးပါတယ်။
myanmar brand ကို ၀ိုင်းဝန်းတည်ဆောက်ပေးကြပါ။
{ February 29,08 @ 8: 02 pm }
·
{ တွေးစရာ }
{ }
·
{ }
ဆိုင်ရာစာပေတွေမှာ မှားသွားလို့ရှိရင်..
အမှားပြင်ဆင်ချက်ထည့်ပေးကြသဗျ..
ဆိုတော့…ပြီးခဲ့တဲ့ပိုစ်မှာ…
မုတ်သုန် အရေးမှား၊အမှတ်မှားသွားတာရှိခဲ့ပါတယ်..
ပြင်ပေးတဲ့လူတွေကပြင်ပေးလေတော့..
အမှန်သိရတာပေါ့ဗျာ…
စိတ်မဆိုးနဲ့လို့ပြောတဲ့ ကိုတည်ညိမ်း နဲ့
မဟန်နီတို့..အမှားကိုပြင်ပေးကြတဲ့အတွက်..
ကျေးဇူးအထူးတင်ပါကြောင်းပြောပါရစေ…
ခွေးလေးခုန်လို့ဖုန်မထ..
ခွေးလှေးခုန်လို့ဖုန်မထ…
မုတ်သုန် မှာအားနည်းမှုတွေအများကြီးရှိနေပါသေးတယ်..
မဟန်နီ ထံမှ…….
ကိုမုတ်သုန်
စကားပုံက `ခွေးလှေး ခုန်လို့ ဖုံမထဘူး´ တဲ့ ခွေးကိုယ်ပေါ်မှာ
နေတဲ့ လှေးကောင်၊ မွှားကောင်လေးကို ပြောတာဗျ နော။
ခွေးသေးသေးလေးတွေကို ပြောတာမှ ဟုတ်ပဲ။
(ဆောရီး … ရှမ်းမက ဗမာစကားကို ၀င်ရှင်းပြနေတယ် ဟီး)
ကိုတည်ညိန်းကို ထံမှ…..
ကိုမုတ်သုံရေ …“ ခွေးလေး ခုန်လို့ ဖုန်မထ” မဟုတ်ဘူးဗျ …
“ခွေးလှေးခုန်လို့ဖုန်မထ” ဗျ … ခွေးလှေးဆိုတာ ခွေးသန်းကိုပြောတာ …
မြင်မိလို့ပြောလိုက်တာပါ ကိုမုတ်သုံရေ … စိတ်ဆိုးနဲ့နော် ..
{ February 2,08 @ 10: 46 am }
·
{ တွေးစရာ }
{ }
·
{ }
အခါအခွင့်သင့်တိုင်း အမေ
အမြဲပြောလေ့ရှိတဲ့အကြောင်းက..
ကျနော့နာမည်ကို
ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့ရသလဲဆိုတာ…
သားသမီးအကြောင်း
သတင်းကောင်းလေးတွေများ ကြားရရင်ဖြင့်..
အမေ အမြဲပြောနေခဲ့တာဟာလည်း
သူပေးခဲ့တဲ့နာမည်နဲ့လိုက်လို့ ပေါ့တဲ့…
သားသမီးတွေနာမည်ပေးဖို့
ဘယ်လောက်ခေါင်းစားခဲ့ရတာလည်းဆိုတာလည်း…
အမေပြောခဲ့တာပေါ့…
ပြန်စဉ်းစားကြည့်မိတော့လည်း..
အမေနာမည်ပေးတော်ခဲ့တယ်လို..
ပြောရပါလိမ့်မယ်…
အမေပေးခဲ့တဲ့နာမည်လေးက..
ရိုးရှင်းပြီးတော့…နာမည်တူလည်းရှားခဲ့တဲ့နာမည်မျိုးပါ…
သူပေးခဲ့တဲ့နာမည်နဲ့ကိုက်ညီတဲ့..
အခြအနေတစ်ရပ်ဖြစ်နေသရွေ့လည်း..
အမေဟာပျော်နေတတ်ပါတယ်..
လူမှန်းသိတတ်စကတည်းက..
ဒိနေ့အချိန်ထိလည်း..အမေပေးခဲ့တဲ့နာမည်ကို..
မကြိုက်တဲ့စိတ်တစ်ခါမှမပေါ်ခဲ့ဘူးတာကြောင့်..
သတင်းစာမှာပါတဲ့..
အမည်ပြောင်းကြော်ငြာတွေတွေ့ရင်..
စိတ်ထဲအထူးအဆန်းဖြစ်ခဲ့မိတာလည်းရှိခဲ့ပါတယ်..
နာမည်ဟာအရေးကြီးတယ်ကွ..
အဖေကတစ်ခါလေ…
အမေပြောတဲ့ နာမည်အကြောင်းတွေမှာ..
ဝင်ဝင်ပြောတတ်ပါတယ်..
လူတစ်ယောက်ကနာမည်သေသွားရင်..
သူဘ၀လည်းဆုံးရော..
မင်းတို့တွေကြီးလာရင် နာမည်မသေကြစေနဲ့…
ငယ်ငယ်ကဆရာတစ်ယောက်ပြောခဲ့ဘူးတာ..
သိပ်နားမလည်ခဲ့ပေမယ့်…
အဲ့ဒီအချိန်တုန်းကတော့ …
နားလည်ချင်ယောင်ဆောင်ခဲ့ပါသေးတယ်..
အသက်ကြီးလာတာနဲ့အမျှ..
လူတွေအများကြီးနဲ့ထိတွေ့လာတဲ့အချိန်မှာ..
နာမည်အကြောင်းပိုသိလာခဲ့သလို..
နာမည်အရေးကြီးတာလည်း..
နားလည်ရကောင်းမှန်းသိလာခဲ့ပါတယ်..
ထားပါတော့လေ…
ပြီးခဲ့တဲ့ရက်ပိုင်းကစာအုပ်တစ်အုပ်..
ဖတ်ဖြစ်တယ်..
စာအုပ်နာမည်က…“နာမည်နဲ့နိဗ္ဗန်“။
ရေးတဲ့လူက ကိုမြင့်ထွန်း(Quality) ပါ…
ဆောင်းပါးတိုလေးတွေစုထားတဲ့အထဲက..
“နာမည်“ ဆိုတဲ့ ဆောင်းပါးလေးပါလာခဲ့ပါတယ်။
အဲ့ဒီထဲမှာရေးထားတဲ့စာတစ်ချို့က….
- “တကယ်တော့လူဆိုသည်မှာ မသေခင်တော့
ကြီးကြီးမားမာ ကမ္ဘာနှင့်ချိ၍ ကောင်းကျိုးမဆောင်ရွက်
တောင်မှ လက်တစ်ဝါးစာ မိမိပတ်ဝန်းကျင်အတွက
အကျိုးပြုသင့်ပါသည်။ပတ်ဝန်းကျင်ကိုအကျိုးမပြုသည့်
တိုင် အနှာက်အဟှက်တော့မဖြစ်သင့်ပေ။
ပတ်ဝန်းကျင်အတွက် အမှိုက်တစ်စဖြစ်နေကြ
သူများသည် ဘ၀တွင်လည်း မကောင်း၊ သံသရာတွင်
မကောင်းနိုင်ပါ။ တိုသို့သောလူမျိုးများကတိုင်းပြည်တစ်
ပြည်၏ ခေါင်းဆောင်နေရာတွင် ကံအားလျော်စွာ ဖြစ်ခဲ့
ပါသော် ထိုတိုင်းပြည်အတွက် မတွေးရဲစရာပင်။၎င်းတွင်
ရှိသော အတ္က၊ အာဃာတမျာဖြင့် အုပ်ချုပ်ပြီဆိုပါလျှင်
ပြည်သူတို့၏စားဝတ်နေရေးနှင့်ရပိုင်ခွင့်အခွင့်အရေးများ
အသက်အိုးအိမ် စည်းစိမ်တို့၏ လုံခြုံမှုများ ရရှိနိုင်လိမ့်
မည်မဟုတ်ပေ။ အမြဲလိုလိုကြောက်စိတ်ဖြင့်သာ ရှင်သန်
နေထိုင်ရမည် ဖြစ်ပေသည်။ ဟစ်တလာ၏ မုန်းတီးရန်လို
ုမှုကြောင့် ဂျူးပြည်သူများ၏ အသက်ပေါင်းများစွာစတေး
ခဲ့ရသလို ဟစ်တလာ၏ အမည်သည်လည်း နာမည်ဆိုး
ဖြင်ကျော်ကြားခဲ့ရသည်။ ထိုနည်းတူ စီးပွားရှာရာတွင်
ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဖြင့် အခွင့်အရေး
များကို မရ ရအောင်ယူကာ မိမိတစ်ဦးတည်း ချုပ်ကိုင်
လိုသော စီးပွားရေးသမားများ၊ အကျင့်ပျက်ဝန်ထမ်းများ
၊ သမ္မာအာဇီဝ မဟုတ်သော အသက်မွေးဝမ်းကျောင်း
သူများသည်လည်း မသေခင်ကပင် အပုပ်နံ့ထွက်ထကြွ
ကာ နာမည်ဆိုးဖြင့် ကျော်ကြားမည်သာဖြစ်သည်။”
လို့ ဆိုတားပြီးတော့ သူမိတ်ဆွေ..
ကဗျာဆရာ မောင်သက်ကြူရဲ့..
အပုပ်ကောင်ကဗျာကိုလည်း..
ဖော်ပြပေးခဲ့ပါတယ်…။
အပုပ်ကောင်
သည်ခန္ဓာရုပ် ၊သေမှပုပ်သော်
မြေမြှပ်သင်္ဂြိလ်ပစ်ရုံပေါ့။
တစ်ချို့တလေ..
မသေပဲပုပ် ခန္ဓာရုပ် ကြောင့်
မြေမြှပ်လည်းခက်၊ လူလုပ်ခက်ကာ
ရှက်ရှက်နှင့်ပင်၊ အသက်ရှင်သည်
လူစဉ်မမီဖြစ်တော့တယ်။
တစ်ချို့တော့လည်း
ဝံ့ရဲကြောင်တောင်၊ မျာနှာပြောင်စွာ
ပုပ်ဟောင်ညှီနံ့၊ တသံ့သံ့နှင့်
ဝင်ဆံ့လူတော၊ ပေါင်းဖက်နှော၍
မြင်သောလူပေါင်း၊ ထိုမျက်စောင်းဖြင့်
နှာခေါင်းရှုံ့လျက်၊ လွှဲရှောင်ထွက်သည်
အဖက်မတန်သလိုပင်။
မသေပဲပုပ်၊ခန္ဓာရုပ်နှင့်
လူလုပ်ရတာ၊ ရှက်စရာ..
သေတာကမှ ကောင်းပါ၏။ ။
ဆောင်းပါဆုံးသွားတော့..
အတွေးကြားထဲ မေးခွန်းဝင်လာပါတယ်..
ကိုယ်တိုင်ကရော ဘယ်လိုလဲပေါ့..
တကယ်ကတော့ နာမည်ကောင်းဖိုလိုပါတယ်..
အပုပ်နံ့မထွက်ဖိုကလိုပါတယ်..
အရင်းခံကတော့ စိတ်ထားကောင်းပြီး..
ရိုးသားဖို့ပဲလိုတာပါ..
နာမည်ဆိုးနဲ့ အပုပ်နံ့ထွက်နေသူတွေကတော့..
အရှက်ကင်းမဲ့စွာ လူလုပ်နေပါသေးတယ်လို့
စာရေးသူက ဆက်ပြောသွားခဲ့ပါသေးတယ်။
{ January 31,08 @ 11: 10 am }
·
{ တွေးစရာ }
{ }
·
{ }
မိုးလင်းကတည်းက မိုးတစ်အုံ့အုံ့ ဖြစ်နေတာ..
နေလည်ကျတော့ရွာချပါလေရော…
အိပ်ရာထဲကွေးနေရရင်တော့ အပြတ်မိုက်မဲ့ရာသီဥတုပဲ….
သို့သော်လည်းပေါ့လေ…လစာလာယူလို့ရပါပြီဆိုတဲ့…
ဖုန်းသံလေးမမြည်မချင်း…စိတ်ကဟိုပျံ့ဒီပျံ့….
တိုင်လို့မရ ထလို့မရနဲ့ တကြွကြွဖြစ်နေပါရာလား…
အပြင်သွားပြီး လက်ဖက်ရည်ဆိုင်ထွက်တိုင်နေရင်ကောင်းမလား…
ဒါလည်းမဖြစ်ပြန်ဘူး…ဒီမိုးကပိုသည်းလာရင်ခက်သား…
ထီကလည်းမရှိလေတော့…လဖက်ရည်ဆိုင်ထိုင်မယ့်အတွေးဖျက်လိုက်တယ်…
ဖုန်းကထအော်လာတော့ ၀မ်းသာအားရကိုင်လိုက်တယ်…
(……လား.?
…ဟုတ်ကဲ့ဗျ…
ပြောစရာလေးရှိလို့….ညနေလာနိုင်မလား…
ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့ပါမယ်…)
စောင့်တဲ့ဖုန်းကတစ်ခု လာတာကတစ်ခု..
ဝရမ်တာမှာ ထွက်ငေးနေတဲ့ လူတွေကိုလှမ်းကြည့်နေမိတယ်..
သူတို့လည်းစောင့်နေကြတာကိုး…
လွမ်းနေတဲ့လူတွေလည်းပါကြတော့မပေါ့..
မိုးရွာရင်လွမ်းနေတတ်တာလည်း ရောဂါတစ်ခုပဲ…
လှမ်းအော်ပြောလိုက်တော့ စစ်ကြေငြာမဲ့အကြည့်တွေ..၀ဲလာတယ်..
ဒီကြားထဲ…စကားလေးလာပြောပေးပါဦး..
စိတ်ထဲမကောင်းဖြစ်နေလို့ဆိုတဲ့သူကရှိသေး…
ကယ်တင်ရှင်ကြီးများထင်နေလားမသိ..
အော် ဟူတ်ကဲ့ လာခဲ့ပါပြီ…ပြောပါဦးဘာဖြစ်လို့လဲ….
(……………………)
အော် …ဒါလား…..ခံစားစရာမှမဟုတ်တဲ့ဟာ..
ခံစားမနေနဲ့လေ…ပင်ပန်းတာပေါ့…
အင်း..အင်း…
ဝရမ်တာမှာ ဆက်ရပ်နေလိုက်မိတယ်…
လွမ်းလိုက်တာနော်….
ဘာလွမ်းနေလို့ လွမ်းနေမှန်းမသိ…
ဒိနေ့ သူမွေးနေ့ပဲလေ….
ပို့လိုက်တဲ့ မွေးနေ့လက်ဆောင်က ရောက်မှရောက်ပါမလား….
ချောပိုတဲ့ဆီကတော့ ဒီနေ့ရောက်မှာပါ စိတ်ချလို့ပြောတာပဲ…
တစ်ခုခုတော့လုပ်ဦးမှ….
ချယ်ရီမဖတ်ရသေးဘူးပဲ..
စားပွဲမှာပြန်ထိုင်….
ဒိနေ့မှ အပြင်မှာလည်းငြိမ်သက်နေလိုက်တာ…
စာအုပ်ထဲအာရုံပြန်သွင်း…
စာမျက်နှာတွေ လျှောက်လှန်နေလိုက်တာ…
မင်းခိုက်စိုးစန်ဆိုပါလား….
ဒိလူလည်းပျောက်နေလိုက်တာ..
စာအုပ်ထဲလည်း ချူသံပါအောင်ငြီးပြနေသေတယ်း…
ဒီနှစ်ထဲတော့ မင်းခိုက်စိုးစန်နာမည်နဲ့….
စာအုပ်တွေ ဆက်တိုက်ထွက်နိုင်အောင်လုပ်မယ်တဲ့….
အပြောအဆိုတွေက ကောင်းတုန်းတုန်းပဲဟ..
လူဆိုတာကိုယ်ဘာလုပ်ချင်လဲ ဆိုတာရယ်…
ကိုယ်ဘာလုပ်နိုင်မလဲဆိုတာရယ်ကို….
အမြင်ရှင်းရှင်းသိထားမှ အေးချမ်းတယ်ဆိုပဲ…
ပတိဝန်းကျင်ကိုလည်း ဒုက္ခပေးသလိုမလုပ်မိတော့ဘူးတဲ့…
ဆကိပြီးတော့လည်း ပြောသေးသဗျ…
လူ့အဖွဲ့အစည်းမှာအခြေခံအကျဆုံးယူနစ်က…
လူတစ်ယောက်ချင်းစီဟာ(အနည်းဆုံးတော့…
စား၊ ၀တ်၊ နေ ရေးမှာပေါ့) ကိုယ့်တာဝန်ကိုယ်ယူနိုင်ရေးပဲတဲ့။
တယ်ဟုတ်တဲ့လူပါလား…..
လူအဖွဲကအစည်းတည်ငြိမ်ဖို့လည်း ….
အရေးကြီးသေးတယ်ဆိုပဲ….
လူတစ်ဦးချင်းစီဟာ မိမိယုံကြည်ရာကို…
လွတ်လွတ်လပ်လပ် ရွေးချယိခွင့်ရှိရမတဲ့…။
Osho ရဲ့ Love, freedom, alonenessဆိုတဲ့စာအုပ်ကိုလည်း
ကြီုက်လွန်းလို့ ညွန်းလိုက်ပါသေးသဗျ…
ဘာတဲ့….စာအုပ်ထဲမှာပါတယ်တဲ့…
သင်ဟာ ဆင်းရဲနေချိန်မှာ ချမ်းသာခြင်းကို တောင့်တနေလိမ့်မယ်…
ဘာကြောင့်လဲ…သင့်မှာချမ်းသာခြင်းမှ မရှိပဲကိုး…
သင်ဟာ တစ်ကယ်ချမ်းသာကြည့်ပါလား…
ဒိအကြောင်းကိုစကားထဲတောင် ထည့်ပြောမှာမဟုတ်ဘူး။
အစားအသောက်စားချင်တဲ့အကြောင်း…
ပြောနေရတာဟာလည်း…
ငတ်မွတ်နေခြင်းကြောင့်ပဲဖြစ်တယ်….
ဗိုက်ဝပြည့်အင့်နေချိန်မှာ အစားအသောက်အကြောင်..
ဘယ်သူမှ မပြောပါဘူး။
အဲလိုပဲပေါ့။ ဒီနေ့ကမ္ဘာပေါ်မှာ လူတိုင်းနီးနီးဟာ..
အချစ်အကြောင်းပြောနေကြတယ်…
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ အချစ်စစ်စစ်မရှိသေးလိုပဲတဲ့။
Truth and seeker cannot exit together.
You and love cannot exit together.
အမှန်တရားနဲ့ အမှန်တရားကိုရှာဖွေသူဟာ..
တစ်ပြိုင်နက်တည်းမှာ..အတူယှဉ်တွဲပြီး…
မရရှိနိုင်မဖြစ်နိုင်ဘူး….
သင်နဲ့ချစ်ခြင်းမေတ္တာတရားဟာလည်း…
တပြိုင်နက်ထဲမှာ…
အတူယှဉ်တွဲပြီးရှိမနေနိုင်ဘူး……
မလှဘူးလားတဲ့…
်ပြန်တောင်မေးလိုက်သေးရဲ့
Osho ကိုသိတဲ့လူတွေရှိမှာပါ….
အတော်ကကြီးကကြောင်နိုင်တဲ့လူကြီး..
သူဟာနဲ့သူတော့ ဟုတ်နေတာပဲ..
ဆရာပါရဂူဆိုလည်း. Osho ဆို အရူးအမူးပဲ…
စာစဖတ်တုန်းကတော့ ဒါမျိုးတွေသိပ်ကြိုက်ပေါ့…
ခုချိန်တော့လည်း သိပ်ပြီးတော့ ဟပ်ဟပ်ပက်ပက်မရှိပါဘူး..
မင်းခိုက်စီုးစန်ကပါ ကြီုက်တယ်ဆိုတာ့…အင်း..
ဖုန်းက ထမြည်လာပြန်တယ်…
လာစာလာယူလို့ရပါပြီတဲ့..
သာယာလိုက်တဲ့အသံလေး….
ချမ်းသားခြင်းဆိုတာ ဒါပဲနေမှာ…
လစာထုတ်တဲ့နေရာရောက်တော့….
ကိုယ့်ထက်ဦးတဲ့လူတွေက ရှေ့မှာ ပြုံးဖြီးဖြီးတွေနဲ့…
အပေါ်ထပ်ကိုပြန်ရောက်တော့…
မိုးက တဖွဲဖွဲရွာနေတုန်းပဲ…
ဝရမ်တာမှာတော့ လူတစ်ယောက်မှ ရပ်မနေတော့ပါဘူး…။
{ January 31,08 @ 6: 06 am }
·
{ တွေးစရာ }
{ }
·
{ }
ပြုံးစရာလေးပါ…
သူငယ်ချင်းတစ်ယောက်မေးလ်ပို့လိုက်လေးကို
ပြန်လက်ဆင့်ကမ်းလိုက်ပါတယ်………

{ January 30,08 @ 11: 19 am }
·
{ တွေးစရာ }
{ }
·
{ }
cbox မှာ မောင်မျိုးက ဒီလိုစကားလေးသုံးပြီး…
နှုတ်ဆက်သွားတော့ ခေါင်းထဲအတွေးဝင်လာပါတယ်…
ဒီစာသားလေးကို ဒီရက်ပိုင်း တော်တော်ကြားနေရပါတယ်…
လူတိုင်းကလည်း တစ်ယောက်နဲ့တစ်ယောက် ဒီစကားလေးတွေနဲ့….
တောင်းဆုခြွေလေ့ရှိပါတယ်…
အမှန်တော့ လူတိုင်းပြုံးပျော်ပြီး အဆင်ပြေချင်ကြတာပါပဲ..
လက်တွေ့မှာဖြစ်မလာကြတာကလည်း လူတိုင်းကြုံနေရတာပါပဲ…
ဘာကြောင့် လူတွေဟာ မပြုံးပျော်ပြီး အဆင်မပြေဖြစ်နေကြရတာလဲ…
ဟိုတုန်းက လူကြီးမိဘတွေပြောကြတာကတော့…
သူတို့ဘ၀တွေမှာ များသောအားဖြင့် အချိန်တော်တော်များများက…
အပူအပင်ကင်းခဲ့ရတဲ့ အချိန်တွေများခဲ့ရပါသတဲ့…
စိတ်ညစ်တယ်ဆိုတာကလည်း ဒီခေတ်လောက်တော့မများလှပါဘူးလို့လည်းဆိုကြပါတယ်…
သိုသော်လည်းစိတ်ညစ်စရာတွေရှိနေခဲ့တာပဲတဲ့…
စိတ်ညစ်စရာတွေကိုလည်း ပြေပျောက်အောင် အချိန်တိုအတွင်းမှာပဲ…
လုပ်ဆောင်နိုင်ကြပါတယ်တဲ့ ….
အဲ့လိုလုပ်ဆောင်နိုင်ဖို့ အဓိက ကူညီပေးကြတာက..
လူကြီးမိဘတွေ..သူငယ်ချင်း အပေါင်းအသင်းတွေနဲ့…
ပတ်ဝန်းကျင်အနေအထားအထားတွေက
အများကြီးကူညီပေးခဲ့ကြတာပါတဲ့……..
သူတို့ပြောသလိုဆိုရင်တော့ ကြုံနေရတဲ့ဒီနေ့အခြေအနေတွေက…
တွေးစရာဆက်ဖြစ်လာပါတယ်…
လူတစ်ယောက်စိတ်ညစ်နေတယ်ဆိုပါစို့….
အဲဒီလူအတွက်..စိတ်ညစ်စရာတွေလျော့ပါးအောင်
ပတ်ဝန်းကျင်အနေအထားတွေက…
ဘယ်လောက်ဖြည့်ဆည်းပေးနိုင်ပါမည်လဲ…
သူသူကိုယ်ကိုယ် ရုန်းကန်နေရတာချင်းအတူတူ..
အိမ်ပြန်ရောက်လို့မှ ထမင်းတောင်အတူမစားနိုင်…
မျက်နှာတောင်သေချာမကြည့်ရ….
စကားဖြင့် လေးလုံးကွဲအောင်မပြောနိုင်..
ဘ၀အမောတွေကို အိပ်ရာဝင်ချိန်မှာပဲ..
သက်ပြင်းအရှည်ကြီးတွေချလို့….
အိပ်ရာဝင်ပုံပြင်ထဲရောက်အောင်…
အိပ်မက်ဆိုးတွေကိုအသက်သွင်း..
ကြောက်ရွံ့ခြင်းတွေမွေးမြူ ….
နောက်တစ်နေ့မိုးလင်းချိန်…၀မ်းစာရှာဖို့အတွက်..
ကျင်လည်ရာအသိုင်းအ၀ိုင်းတွေဆီပြန်သွားရောက်…
ဒီလိုဘ၀မျိုးတွေကရော..
စိတ်ညစ်စရာတွေလျော့ပါးနိုင်မတဲ့လား…
သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း…
သူလိုကိုယ်လို…တစ်ကယ်တန်းရုန်းကန်ရတော့..
သူ့ဘ၀ကိုယ်မကူနိုင်…ကိုယ့်ဘ၀ သူမကယ်နိုင်နဲ့…
ဒီသံသရာတောမှာပဲ…စုန်ဆန်မျောကြရင်း…
စကားအလှတွေနဲ့ အားပေးနိုင်မူတွေကိုသာ..
အများစုက ပိုင်ဆိုင်ထားကြရတာပါ….
သူလက်ကမ်းလို့ကိုယ်မသွားနိုင်…
ကိုယ်လက်ကမ်းတော့ သူမမြင်နိုင်…
အဖော်မွန်ဆိုတာကရော….
ဒိခရီးမှာ ဘယ်လောက်အပြန်အလှန် မှီခိုကြရပါမည်လဲ…
သေချာတာကတော့…
ကိုယ်လမ်းကိုယ်ဖောက် ကိုယ်ခရီးကိုယ်လျောက်ကြရင်း…..
ကိုယ့်က်ုကိုယ်သာ အားကိုးရာဆိုပြီး…
ခေတ်ကိုလည်းအပြစ်မမြင်နိုင်…
စနစ်ကိုလည်းအပြစ်မတင်နိုင်ကြတော့ပဲ…
ကိုယ့်အမှိုက်ကိုယ်ရှင်း…
ကိုယ့်ဇာတ်ထုတ်ကိုယ်ခင်းရင်း….
အဆင်မပြေတာတွေပုံထပ်…
ပျော်စရာတွေလွှင့်ပါး..
တစ်နေ့တဲတခြားပို ရုန်းကန်ရတာကလွဲလို့……
ဘာရယ်မှ ထူးမလာတော့တဲ့အခြေ..
ဘုရားဟောအတိုင်းချည်းသာဆို ဘာမဆိုဒုက္ခချည်းပေါ့…
ရလာတာကိုကဒုက္ခ၊ ရောက်လာတာကိုက ဒုက္ခပဲလား…
သေချာကြည့်တော့ တရားရနိုင်သလိုနဲ့….
တနေ့တခြား အပြုံးတွေ အားနည်းလာတာက…
တရားနဲ့ပိုဝေးလာနေသလို….
ခေတ်တွေကတော့မြင့်လာပါရဲ့….
စိတ်အနေတွေကရောမြင့်ခဲ့လိုလား…
နောင်ဆုံးထုတ် Reader’s Digest ထဲမှာမေးခွန်းထုတ်ထားတာက
အ၀တ်အစားတွေ အသုံးအဆောင်တွေကို ခေတ်မီအောင်တော့
Upgrades တွေလုပ်နိုင်ပါရဲ့တဲ့ ခင်ဗျားတိုရဲ့စိတ်တွေကိုရော..
ခေတ်အခြေအနေတွေနဲ့ လိုက်ဖက်အောင် Upgrades လုပ်ပြီးကြပြီလားတဲ့…
နားလည်သယောင်ထင်ရပေမယ့်…အလန့်တကြားဖြစ်ခဲ့ရတဲ့..
မေးခွန်းတစ်ခု ကောက်မေးခံလိုက်ရသလိုပါပဲ..
ပြန်စဉ်းစားကြည့်တော့…
အရာရာကို သိနားလည်လောက်ပါရဲ့ လို့ တွေးထားတဲ့..
အမြင်တွေက ပြိုကွဲသွားတော့တာပါပဲ…
ကြည့်စမ်းပါဦး…
ကိုယ့်ရဲ့စိတ်ကို Upgrades မလုပ်ပဲပစ်ထားထာတာ..
လယ်လောက်တောင်ကြာခဲ့ပါပြီလဲ..
ဘယ်လောက်အထိ လုပ်ဖိုလိုအပ်နေပါပြီလဲ…
ကြောက်စရာကောင်းလှတဲ့အဖြေကို သွားတွေ့ပါရော…
ပိုင်ဆံတွေဘယ်လောက်ရှိရှိ…
အနေအထိုင်တွေ ဘယ်လောက်အဆင်မြင့်မြင့်….
ဘယ်အရာကြီးတွေ ဘယ်လို ရထား ရထား…
ကိုယ့်စိတ်ကိုယ်…အခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့်..
Upgrades မလုပ်နိုင်မှတော့….
ပျော်ရွှင်အဆင်ပြေခြင်းဆိုတာ ပျောက်ဆုံးနေအုန်းမည်လားမသိ…
သေချာတာကတော့ စိတ်ကျဆေးတွေ
ရောင်းကောင်းနေတယ်ဆိုတဲ့သတင်းတွေ…
စိတ်ရောဂါကုဆေးရုံမှာ လူနာတွေပိုများလာတယ်ဆိုတဲ့
သတင်းတွေက လူတွေကို အချိန်ပြည့် ကိုင်လှုပ်နေတုန်းပါပဲ…
ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင် အဆင်ပြေခြင်းဆိုတာက…
ဆုတောင်းပေးနိုင်ထဲ့ အရာထက်..
ကာယကံရှင်တစ်ဦးတစ်ယောက်ခြင်းကသာ…
ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့တော့ ထင်မြင်ယူဆမိပါတယ်…
အများအမြင်နဲ့တော့ ကွဲလွဲကောင်းကွဲလွဲနိုင်နိုင်ပါလိမ့်မယ်…
မုတ်သုန်ကတော့ ဒီလိုပဲမြင်မိပါတယ်….
တစ်နေ့ထက်တစ်နေ့တော့…
အဆင်မပြေတာတွေ…
မပျော်ရွှင်နေကြတာတွေ….
လျော့ပါးကောင်း လျော့ပါးလာနိုင်လိမ့်မယ်လို့……
ခပ်ရေးရေးကလေး မျှော်လင့်မိပါတယ်…
ဒါပေမယ့် သိပ်မကျိန်းသေလှပါဘူး….
စိတ်ဖိစီးမှုဆိုင်ရာဆေးတွေ…
ရောင်းအားကောင်းနေတုန်းပါပဲ…
မွန်းကျပ်မှုတွေအတွက်…နှစ်သိမ့်ပေးနိုင်မယ့်..
နှစ်သိမ့်ဆွေးနွေးပေးတဲ့ နေရာတွေကလည်း…
ပိုများလာနေတုန်းပါပဲ….
အားလုံးကလည်း ဟန်ဆောင်အပြုံးတွေ..
တပ်ဆင်နေကြတုန်းပါပဲ…။
{ January 27,08 @ 10: 57 am }
·
{ တွေးစရာ }
{ }
·
{ }
ပြီးခဲ့တဲ့ရက်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို သွားရင်းအတွေးစတစ်ခုပေါ်ခဲ့တယ်..
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့လည်း..
ဒီအကြောင်းလေးကိုပဲ စကားစပ်မိကြပြန်ပါတယ်..
ကျေးလက်ဒေသတွေမှာတော့ ရပ်ဆွေ ရပ်မျိုးဆိုတာ
တစ်ယောက်နဲ့ တစ်ယောက် ဆွေးမျိုးရင်းတွေလို ရိုင်းပင်းကြပါတယ်..
မြို့ကြီးတွေရဲ့ အနီးအနားမှာရှိနေတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့..
ကျေးလက်ကလူတွေလိုမျိုး တစ်ယောက်တစ်ယောက်ရင်းရင်းနှီးနှီး..သိပ်မရှိကြသလို
ဂုဏ်တုဂုဏ်ပြိုင်လေးတွေနဲ့..အရောင်တွေကလည်းစုံကြပါတယ်…
အရောင်တွေစုံတော့လည်း ပြသာနာလေးတွေးကလည်းစုံပါတယ်..
စာရေးကောင်းသူတွေအတွက်တော့ စာကောင်းတစ်ပုဒ်ရနိုင်ပါရဲ့..
ရပ်ကွက်ထဲကိုစရောက်ရောက်ချင်း နာရေးတစ်ခုနဲ့ တန်းတိုးပါတယ်..
သက်ကြီးပိုင်းတစ်ယောက်ကွယ်လွန်သွားတာပါ…
ဆွေမျိုးသိပ်မရှိတာကြောင့် သူကွယ်လွန်သွားတဲ့အချိန်မှာ..
ဘေးနား လူတစ်ယောက်မှတောင်ရှိမနေခဲ့ပါဘူးတဲ့…
ဆွေမျိုးမရှိတော့ ရပ်ကွက်ကပဲ နောက်ဆုံးခရီးကို စုပေါင်းလုပ်ပေးကြရတာပေါ့..
ဒီလိုနဲ့ပဲ မြေ့ကျဖို့အရေးက ပြေလည်သွားခဲ့ပါတယ်…
မြေကျဖို့ အရေးပြီးသွားတော့ ရက်လည်ဆွမ်းသွပ်အတွက် စဉ်းစာကြရပြန်ပါတယ်..
ဒီနေရာမှာ စကားပြောလာတာက ပိုက်ဆံပါ..
အလောင်းမြေကျဖို့အရေးက ပြေလည်သွားပေမယ့်…
ပိုက်ဆံစုပေါင်းစိုက်ထည့်ထားတာဆိုတော့ ဆွန်းသွပ်အတွက်ခေါင်းစားသွားကြပါတယ်..
အနီးအနားမှာနေတဲ့လူတွေကလည်း လက်လုပ်လက်စားတွေပဲများတာဆိုတော့..
တစ်နေ့ဝင်ငွေက ရလှမှ သုံးထောင်လောက်ပဲရကြပါတယ်..
အခုလည်းရက်လည်လုပ်ပေးဖို့ ငွေကစကားပြောလာတာပါ..
နီးစပ်ရာလူတွေတိုင်ပင်ပြီး အဆင်ပြေသလိုလုပ်ကြဖို့ အဖြေထုတ်ကြပါတယ်..
ထွက်လာတဲ့အဖြေကတော့ …..လမ်းထဲမှာရှိတဲ့လူတွေ အားလုံးဆီက..
ရက်လည်မှာကူမယ့်ငွေ ဘယ်လောက်ရှိနိုင်မလဲဆိုတာ လိုက်မေးပြီးဖြေရှင်းတာပါ..
ရက်မလည်ခင်ငွေကြိုကောက်လိုက်တဲ့ သဘောပါပဲ…
သဘောတူညီစွာနဲ့ပဲ စုပေါင်းလုပ်လိုက်ကြတာ နားရေးအတွက်တော့ အဆင်ပြေသွားပါတယ်..
နာရေးအဆင်ပြေသွားလို့ မကြာသေးပါဘူး …
မလှမ်းမကမ်းအိမ်တစ်အိမ်က ဆဲသံ ဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လို့လာပါတယ်..
အကြောင်းရင်းက သကြန်ရောက်ရင် လှူဖို့တန်းဖို့ ဆိုပြီး နီးစပ်ရာလူတွေ ….
တစ်နေ့ကို တစ်ရာကျပ်စီ စုနေကြရာက ပိုက်ဆံကိုင်ထားတဲ့လူက….
အခြားသူတွေကို အလှုငွေပိုက်ဆံထဲကနေ့ ငွေတိုးချေးစားနေလို့ပါတဲ့…
သိသွားတဲ့လူက မကျေနပ်လို့ ပိုက်ဆံပြန်တောင်းရာက အချင်းများကြတာလို့ဆိုပါတယ်..
လာထုတ်တဲငွေက ငါးထောင်တောင်ကျော်နေလို့ စိတ်မချတောလို့ ပြန်ထုတ်တာပါတဲ့..
ငွေကိုင်ထားတဲ့လူကလည်းခွန်းတုန့်ပြန်ပါတယ်..
တစ်နေ့တရာထည့်ထားတဲ့ ငွေကို တစ်နေ့တစ်ရာပဲ ပြန်ထုတ်ပေးနိုင်ပါမယ်တဲ့…
ဘယ်လိုညှိနှုင်းလိုက်ကြသလဲတော့ မသိပါဘူး…
ဆဲဆိုသံတွေတော့ တိတ်သွားပြီး အဆုံးသတ်အော်ပြောသံတစ်ခုပဲ ထွက်လာပါတယ်..
ငါ့အလှုတုန်းကတော့ တစ်မိသားစုလုံး တစ်ဖြဲနှစ်ဖြဲလာစားကြပြီး….
အခုကျတော့ သူတို့မဟုတ်သလိုနဲ့ ငါ့ကိုများပြောလိုက်ကြတာ…
နင်တို့တွေ ငါ့အကြောင်းသိဖို့သာပြင်ထားပေတော့ တဲ့။
ပိုက်ဆံလာထုတ်တဲ့ အမျိုးသမီးကြီးကပြောသွားတာပါ…..
သိရသလောက်တော့ သူဒီလိုမျိုးပြောတာ များလွန်းလို့ ..
လမ်းထဲကလူတွေက ရိုးတောင်နေပါပြီတဲ့….သူအိမ်အလှူလုပ်ရင်လည်း….
မျက်နှာမပျက်တက်စားကြတာ မိသားစုကုန်လို့ ညနေတောင်ထမင်းလွတ်ပါသတဲ့။
အဲ့ဒီအချိန်ဆို သူမျက်နှာကြီးကလည်း ပြုံးလို့ပျော်လို့ပါပဲတဲ့။
မကြာပါဘူးကလေးတွေ ပန်ကန် အလျိုလျိုကိုင်ပြီးဆင်းလာတာမြင်တော့ စပ်စုမိပါတယ်..
လမ်းထိပ်ကအလှူသွားကြမလို့ဆိုပြီးပြန်ဖြေပါတယ်…
လမ်းထိပ်မှာခုံတွေခင်းထားတာ ဒါကြောင့်လို့ စိတ်ထဲတွေးမိပါတယ်…
နှစ်ကျိပ်ရှစ်ဆူဘရားပွဲအလှူ လာသမျှလူတွေကို ထမင်းကျွေးမှာပါတဲ့..
ဟင်းကတော့ ပဲကလားဟင်းနဲ့ ငပိကြော်လို့ဆိုပါတယ်..
စောစောသွားမှ ၀၀စားရမှာဖြစ်လို့ ကိုယ့်ပန်ကန် ကိုယ်ယူပြီး သွားတန်းစီကြရမှာပါတဲ့..
ကလေးတွေနောက်က လူကြီးတွေလည်းလိုက်သွားကြတာတွေ့ရပါတယ်…
စောစောသွားရခြင်းက မ၀သေးရင်နောက်တစ်ခေါက်ယူလို့ ရအောင်ပါလို့ပြောပါတယ်…
အဓိကကတော့ ကိုယ့်အလှည်မရောကခင် ကုန်မသွားဖို့ပဲအရေားကြီးပါသတဲ့..
ရထားတဲ့တစ်ပန်ကန်ကိုမြန်မြန်စား မ၀သေးရင် နောက်တစ်ခေါက်တန်းစီစားရတဲ့ပုံပါ..
ဒီလိုမျိုးထမင်းကျွေးတာမျိုးတစ်နှစ်မှာ တစ်ခါနှစ်ခါလောက်တော့ ရှိတတ်ပါတယ်တဲ့..
အကုန်လုံးကတော့ ပျော်ပျော်ပါးပါးသွားစားကြရာတာပဲလို့ဆိုပါတယ်…
အားလုံးကတော့ ပျော်ရွှင်နေကြတဲ့ပုံပါပဲ…မျက်နှာတွေကလည်း အပူအပင်ကင်းပုံပါပဲ..
စိတ်ဖိစီးမှုဆိုတာလည်း သူတို့ဆီမှာရှိမယ်ပုံမပေါ်သလို အခက်အခဲတွေ့ရင်လည်း
ကြုံသလို ရှင်းတတ်ကြတဲ့ စိတ်ပဲရှိပြီး..နောက်အရေးလည်းခေါင်းထဲထည်းမထားပုံပါပဲ..
ပြောဖို့ကျန်နေသေးတာတစ်ခုကျန်ပါသေးတယ်…
အဲဒီရပ်ကွက်က လူတွေဟာ ဗီဒီယိုလည်းကြည့်တတ်ကြပြီး…
သူတိုကြိုက်တဲ့ဇာတ်ကားတွေက ချမ်းသာတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်.
တစ်ယောက်နဲ့တစ်ယေက်စိတ်ဆိုးနေကြတာကို သူငယ်ချင်းမိဖတွေက..
ပြေလည်အောင်ဖန်တီးပေးကြတဲ့ ဟာသပျော်ဇာတ်ကားတွေဖြစ်ပြီးတော့..
ဘယ်တော့မှ လွတ်လပ်ရေးမရသေးတဲ့ သီဟတင်စိုးတို့ရဲ့
လွတ်လပ်ရေးကြိုးပမ်းမှု အက်ရှင်ဇာတ်ကားတွေကိုလည်း ကြိုက်ကြပါသတဲ့..
ဘာရယ်မဟုတ်ပါဘူး…ဆင်ခြေဖုံးရပ်ကွက်တစ်ခုကိုရောက်သွားခဲ့တာပါ။ ။
{ January 27,08 @ 10: 18 am }
·
{ တွေးစရာ }
{ }
·
{ }
ကုန်ခဲ့တဲ့သုံးလေးပတ်လောက်က
ဂျာနယ်တစ်စောင်မှာ..
ကိုရီးယားကားကြည့်တာမကောင်းဘူးလို့
ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ဖတ်မိပြီး
အတော်လည်းအူပွမိပါတယ်..
သူပြောပုံတစ်ခုမှ မကောင်တဲ့ဖက်ကကြီးပါပဲ..
ပြန်ပြောရအောင်ကလည်း မပြေတတ်နဲ့..
အီလည်လည်ကြီးဖြစ်နေတုန်း..
လူထုစိန်ဝင်းက ဆောင်းပါးရေးလာပါတယ်..
စိတ်ဓာတ်အခြေခံကောင်းဖို့ဆိုလား…
သူကလည်း အစောကပြောခဲ့တဲ့..
ကိုရီးယားဆောင်းပါးကိုပဲရည်ညွှန်းပုံရပါတယ်..
သူပြောတာကလည်း မုတ်သုန်ပြောတာချင်တာနဲ့..
ထပ်တူနီးပါးရှိနေတော့လည်း
အတော်ဝမ်းသာသွားပါတယ်..
ကိုရီးယားကားကြည့်တာ ကြည့်ပါစေတဲ့..
အတုယူခြင်းမယူခြင်းဆိုတာက..
လူ့ရဲအခြေခံစိတ်နဲ့ပဲဆိုင်ပါတယ်တဲ့..
စိတ်ဓာတ်အခြေခံကောင်းရင်ကောင်းသလို..
အတုယူတာကလည်း ကောင်းမှပါတယ်..
အရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားတွေလည်း..
မြန်မာတွေကြိုက်ခဲ့ကြတာပါပဲတဲ့..
မကောင်းတာတွေ အတုယူတဲ့လူ ..
ဘယ်လောက်များများရှိခဲ့ပါသလဲတဲ့..
နောက်ပြီး ကိုရီးယားကောင်မလေးတွေက
ကောင်လေးတွေကို
အတင်းလိုက်ကြိုက်တယ်ဆိုတာကလည်း..
သူတို့ဆီမှာက အခုလိုမတိုးတက်ခင်
မိန်းမ၊ ယောကျာ်း ခွဲခြားမ များခဲ့လို..
အခုလိုတိုးတက်ချိန်မှာ ပွင့်ပွင့်လင်းလင်း..
ပြောဆိုလုပ်ကိုင်လာကြတာတွေရှိလို့ပါတဲ့..
မြန်မာတွေကျတော့ သူတိုလိုမဟုတ်ပါဘူးတဲ့..
မြန်မာယောကျာ်းလေးနဲ့ မိန်းခလေး ခွဲခြားမှုဆိုတာ..
ဘယ်လောက်ကြီးများရှိခဲ့လို့ပါလဲတဲ့…
နောက်ပြီး မြန်မာမိန်းကလေးတွေဆိုတာ …
ကိုယ်ကျင့်တရားကိုလည်းတန်ဖိုးထားတတ်ပြီး..
ရိုးရာကိုလည်း မြတ်နိုးထားတတ်သူတွေမို့..
ဒီလိုဖြစ်မှာကို စိတ်မပူကြပါနဲ့တဲ့…
နောက်ထပ်ပြောသွားတာက…
လူတွေမှာ ကိုရီးယားကားလေးကြည့်ပြီး.
အပန်းဖြေနေရတဲ့အချိန်မှာ..
ကိုရီးယာကားမကြည့်ကြနဲ့ဆိုတာကလည်း…
ကိုးရီးယားကားမှ မကြည့်ရရင်..
ဘာကြည့်ကြရတော့မတုန်း…
ဘာလုပ်ကြရတော့မတုန်း…
ကိုယ့်သားသမီးတွေကိုရော…
ဘယ်လိုဖျော်ဖြေမှုတွေပေးကြတော့မတုန်းလို့လည်း..
ဆရာကမေးခွန်းထုတ်ခဲ့ပါတယ်..
ဆရာပြောတာမှန်ပါတယ်..
ကိုရီးယားကားကို ဆင်းရဲချမ်းသာမရွေးကြိုက်ကြပါတယ်..
ကြိုက်တဲ့နေရာမှာလဲ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး..
ကိုရီးယားလှိုင်းဆိုတာကလည်း …
နိုင်ငံအနှံအပြားကို ရိုက်ခတ်နေခဲ့တာပါ…
ပြည်တွင်းမှာဆိုလည်း..ကိုရီးယားစတိုင်..
ကိုရီးယားအ၀တ်အစား…နေပုံထိုင်ပုံတွေကအစ…
လမ်းဘေးမှာ ကိုရီးယားတုတ်ထိုးဆိုင်တွေ..
မှိုလိုပေါက်အောင်ပေါ်လာတာတွေ..
နောက်ဆုံး…ကိုရီးယားပဲခေါက်ဆွဲဆိုရင်..
လက်ကျန်မရှိတော့အောင်ကို…
ရောက်တာနဲ့ ကုန်သွားတဲ့အထိလည်း..
ကိုရီးယားလှိုင်းရိုက်ခတ်နေတာပါ..
လူငယ်တွေဆိုရင်လည်း…
တော်တော်များများက ကိုရီးယားပုံစံမျိုး..
နေထိုင်ဝတ်စားနေကြတာတွေ့ရပါတယ်..
ဒါမျိုးတွေက မလုပ်နဲ့လို့ တားမရပါဘူး..
မလုပ်နဲ့ပြောလည်းလုပ်ကြမှာပါ..
လုပ်တဲ့အပေါ်မှာ တစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားက..
တိန်းချုပ်သွားမှာပါ…
တစ်ခုတော့ရှိတာပေါ့လေ..
ကိုရီးယားကောင်မလေးတွေ…
ဘောင်းဘီအတို၊ စကတ်အတို ၀တ်ကြတာကို..
လိုက်ဝတ်နေလို့ကတော့ ဘယ်ဖြစ်ကြမလဲ..
သူတို့ဆီမှာက ၀င်ငွေရှိသူတိုင်း…
ကိုယ်ပိုင်ကားစီးနိုင်ပြီး…
ဒီမှာအများစုက ဘတ်စ်ကားစီးသွားနေရတော့…
ဒီလိုမျိုးဝတ်တာစားတာတော့ ရှောင်သင့်တာပေါ့..
ကျန်တာကတော့ ဆရာလူထုစိန်ဝင်းပြောသလို..
စိတ်အခြေခံကသာဆုံးဖြတ်သွားပါလိမ့်မယ်..
ကိုယ်ကျင့်တရားကသာဆုံးဖြတ်ပါလိမ့်မယ်…
ဝင်လာတဲ့အရာကို အသုံးချဖို့ပဲလိုပြီး…
ပိတ်ပင်ဖို့ကြိုးစားနေရင်တော့ ပိုပြီးနောက်ကျကုန်ပါလိမ့်မယ်..
အကောင်းဆုံးက ပြတင်းတံခါးတွေဖွင့်ထားဖို့ဖိုပါပဲ..
ပိတ်ထားတဲ့ ခြံတစ်ခုတည်းရောက်နေချိန်မှာ…
ကိုယ့်အိမ်က ပြတင်းပေါက်လေးကိုတော့..
ဖွင့်ထားပါရစေလား….။
လေကောင်းလေသန့်တွေလည်း ၀င်လာမှာပါ….
တလောကတောင်ကြားလိုက်ပါရဲ့..
နိုင်ငံပိုင်မီဒီယာတွေမှာ..
ကိုရီးယားကားတွေများလွန်းလို့…
အခြားနိုင်ငံက ဇာတ်လမ်းတွေနဲ့ အလှည့်ကျ..
ပြသသွားပါမယ်တဲ့…။
ကိုရီးယားလှိုင်းကတော့
ဆက်ပြီးရိုက်ခတ်နေအုန်းမယ်ထင်ပါတယ်။ ။
{ December 23,07 @ 11: 47 am }
·
{ တွေးစရာ }
{ }
·
{ }
မနေ့တုန်းကသွားခဲ့တဲ့ ဟောပြောပွဲက အပြန် တွေးမိတာလေးပါ။
သိပ်အဆန်းတကြယ်မဟုတ်တဲ့ မုန့်လုံးစက္တူကပ်ပုံပြင်ပါပဲ။
ဟောပြောပွဲ နာမည်က နည်းပညာရိုက်ခတ်မှု အခွင့်အလန်းနှင့် စိန်ခေါ်မှုများ ပါ။
ပြောတဲ့သူ က ကိုရဲမြတ်သူ၊ မန္တလေး ဇောဂျီအယ်လ်ဖာ ကုမ္ပဏီက စီအီးအို။
လူတော်တော်များများကသူ့ကိုသိကြပါတယ်။ အထူးသဖြင့် ဘလောဂ်ဂါတွေပါ။
နေရာက ရန်ကုန်က ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ဖြစ်ပါတယ်။
ခေါင်းစဉ်က ကြီးတော့ သွားနားထောင်ဖြစ်သွားပါတယ်။
နည်းပညာ ခေါ်နေကြတဲ့ အိုင်တီ၊ ဘယ်လောက်အထိ ရိုက်ခတ်ပြီး
စိန်ခေါ်မှုတွေပေးနေသလဲပေါ့။ ပြောသွားချိန်က တစ်နာရီစွန်းစွန်းလောက်ပဲကြာပါတယ်။
လာနားထောင်သူက လူ ၇၀ ကျော်ကျော်ပဲ ရှိပါတယ်။ ကောင်းသွားတာက
အမေးအဖြေလုပ်တဲ့ အချိန်မှာပါ။ ပြောတဲ့ အကြောင်းအရာမှာတော့
အိုင်တီ ရဲ့ ၀င်ရောက်မှုနဲ့ ပြည်တွင်းမှာလက်ခံနိုင်မှုတွေ၊
အိုင်တီလုပ်ငန်းတွေ အလုပ်မဖြစ်ကြတာ၊ တတ်တဲ့လူငယ်တွေ
နိုင်ငံခြားထွက်သွားကြတာ၊ ရန်ကုန်၊မန္တလေးက လွဲလို့
နယ်တွေမှာ ကွန်ပျူတာ အသုံးပြုမှုနည်းနေကြတာ၊
ဝေးနေကြတာ၊ ကလေးတွေ လက်လှမ်းမမီကြတာ၊
ကွန်ပျုတာ သုံးတာထက် ကွန်ပျူတာပျက်စီးမှာကို ကြောက်နေကြတာ၊
အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထားလောက်ကို အိုင်တီအခြေအနေတွေ
ဖွံ့ဖြိုးမှုမရှိသေးတာတွေ၊ စတာ စတာ တွေကို ဂရပ်ဖ်တွေ၊ ဇယားတွေ နဲ့ကို
ရှင်းပြသွားခဲ့တာပါ။ ရှင်းပြသွားတဲ့အထဲမှာ စိတ်ဝင်စားစရာတွေတွေ့ရသလို
နည်းပညာရဲ့ အခွင်အလန်းဆို တာပြည်တွင်းကလူတွေအတွက် မေးခွန်းထုတ်စရာတွေ
အများကြီးရှိနေတဲ့ သဘောတွေလည်းတွေ့ခဲ့ရပါတယ်။
လူငယ်တွေကိုတော့ အိုင်တီနဲ့ပတ်သကလာရင် နိုင်ငံခြားထွက်တာအကောင်းဆုံးပါပဲလို့
ကိုရဲမြတ်သူကပြောပါတယ်။ တနေ့နေ့မှာ ပြန်လာပြီး ပြည်တွင်းမှာပြန်လာလုပ်တာ
အကောင်းဆုံးပါတဲ့။ ပြည်ပမှာသင်ယူရင်းနဲ့ ဒီမှာပြန်အသုံးချဖို့ အတွေ့အကြုံတွေလည်း
ယူလာခဲ့ကြပါအုန်းတဲ့။ ဒါမျိုးကို Brain Drain လို့ မပြောပဲ Brain Game လို့တောင်
ခေါ်သင့်ပါတယ်တဲ့။တရုတ်တိုးတက်တယ်ဆိုတာလည်းဒီပုံစံကြောင့်ပါပဲတဲ့။
မော်ပြောခဲ့ဖူတဲ့စကားကိုတောင် ပြန်ကောက်ပြသွားပါသေးတယ်။
မော်ကပြောဖူးပါတယ် နိုင်င်္ငခြားထွက်တဲ့လူတွေ ထွက်ကြပါစေ
တနေ့မှာတော့ သူတို့တွေ ပြန်လာကြမှာပါတဲ့။ တကယ်လည်းပြန်လာခဲ့ကြပါတယ်။
ပြန်လာတဲ့လူတိုင်းကလည်း ပြန်ပြီးရင်းနှီးမြုပ်နှံကြပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ မှာလည်း ဒါမျိုးတွေတွေ့နေကြရပါတယ်။
မေးစရာကရှိလာပါတယ်။ ပြန်လာတာ ပြန်မလာတာအပထားလို့
လူငယ်တွေ နိုင်ငံခြားဒီလောက်ထွက်နေကြရင် တိုင်းပြည်ဘယ့်နှယ့်လုပ်ကြမတုန်းတဲ့။
ခုတောင် ထွက်နေကြတာ ပြည်တွင်းက အင်ဖိုတက်မှာတောင်
ဒီနေ့လာတစ်ယောက်တော့ သွားပြန်ပြီ၊ နောက်တစ်နေ့လာ တစ်ယောက်တော့ သွားပြန်ပြီနဲ့
လူလည်းမရှိတော့ပါဘူးတဲ့။ ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့ ပြင်သင့်ပါပြီလို့
အသက် ၄၀ ကျော်လူကြီးတစ်ယောက် ထပြောပါတယ်။
ကိုရဲမြတ်သူက သူလက်ခံတဲ့အကြောင်းနဲ့
လောလောဆယ်မှာတော့ သွားတာကလျှင်အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်နေပါတယ်တဲ့။
တစ်နေ့နေ့မှာ ပြန်လာကြရင်တော့ ပိုကောင်းမှာပါတဲ့။
နိုင်ငံခြားသွားတဲ့လူတွေကလည်း
ပိုက်ဆံရှာရုံသက်သက်နဲ့တော့မသွားသင့်ပါဘူးလို့ ဆိုပါတယ်။
အတွေ့အကြုံတွေယူလာနိုင်ရင်ပိုကောင်းပါတယ်တဲ့။
နေချင်းညချင်းကြီးတော့ မဖြစ်နိုင်သေးဘူးလို့လည်းဆိုပါတယ်။
နိုင်ငံခြားသွားနေကြတဲ့ပုံစံတွေကလည်း
သမင်မွေးရင်းကျားစားရင်းပါပဲတဲ့။
ကျားစားလွန်းလို့ ခုဆိုရင်
ကျားစားဖို့ အတွက်ကို သမင်မွေးနေရတဲ့ အခြေအနေဖြစ်နေပါပြီတဲ့။
လှပပြီးကောင်းတဲ့စကားတစ်ရပ်ပါ။
နိုင်ငံခြားမှာတော့ မြန်မာတွေ မညံ့ကြပါဘူးလို့လည်းဆိုပါတယ်။
စကာင်္ပူမှာဆို မြန်မာတွေ အဆင်ပြေလွန်းလို့
ဟိုကမြန်မာတွေကို ဒီကမြန်မာလုပ်ငန်းရှင်က သွားအုပ်ချုပ်ပြီး
အလုပ်လုပ်ရင်တောင်ဖြစ်နိုင်မလားမသိဆိုပြီးတော့လည်း
ကိုရဲမြတ်သူက မေးခွန်းထုတ်ပါတယ်။
ပြောသွားပုံတွေကို ခြုံကြည့်လိုက်ရင်တော့
ပြည်တွင်းမှာ အိုင်တီသမားတွေအတွက် အကောင်းဆုံးအခွင့်အလန်းက
ပြည်ပထွက်တာပဲဖြစ်နေပါတယ်။
အိုင်တီသမားတစ်ယောက်တတ်တဲ့ လက်ရှိတတ်ထားတဲ့နည်းပညာက
နောက်နှစ်နှစ်လောက်ဆို တ၀က်လောက်ပဲ သုံးရတော့တာမို့
ပြောင်းလဲနေတဲ့ နည်းပညာကို လိုက်မှီခို့ဆိုတာ
ပြည်ပမှာက အခွင်အလန်းတွေ ပိုများတဲ့အကြောင်းကိုလည်း
ထည့်ပြောသွားပါတယ်။
ဆိုတော့……..
မုတ်သုန်တို့ ကြားဖူးနေတဲ့
ဒိန်ခဲပုံပြင်သွားသတိရမိပါတယ်။
စထွက်တဲ့ စာအုပ်က င့ါဒိန်ခဲဘယ်သူနေရာရွေ့သလဲ ပါ။
အပြောင်းအလဲကိုလက်ခံပြီး အဆင်ပြေအောင်နေထိုင်ဖို့
ပြောတဲ့ မြန်မာအခေါ်တက်ကျမ်းစာအုပ်ပုံစံမျိုးပါ။
နောက်မကြာဘူး တန်ပြန်စာအုပ်ထွက်လာပါတယ်။
မင်းဒိန်ခဲကို နေရာရွေ့ခဲ့တာ ငါ ပါတဲ့။
နှစ်ခုစလုံးကတော့ ရွေ့လိုက်တာပါပဲ.
ထူးခြားတာက ရွေ့လိုက်သူနဲ့၊ အရွေ့ခံလိုက်ရသူပါ။
ဘယ်ဟာပိုကောင်းသလဲဆိုတာကတော့
မပြောလိုပါဘူး။ ဆရာသမားတစ်ယောက်ကတော့
ပြောဖူးပါတယ်။ သူများက ကိုယ်ကိုရွေ့တာမကောင်းဘူး။
ကိုယ်တိုင်ရွေ့လိုက်တာက အကောင်းဆုံးလို့ ပြောတာပါ။
ရွေ့တာကလည်း တကယ်တန်းလုပ်ကြည့်ရင်
မခက်ပါဘူးတဲ့။
ရွေ့တတ်ဖို့ပဲလိုပါတယ်တဲ့။
အခြေတစ်ရပ် ကျဉ်းတည်း၊ ကျပ်ထဲ ရောက်ပြီဆိုရင်
မုတ်သုန်တို့ အရင်စဉ်းစားမိတာက
ူဖြစ်ရတဲ့အကြောင်းအရင်းရဲ့ တရားခံကိုရှာတာပါပဲ။
ကျဉ်းတည်း၊ ကျပ်ထဲ ကလွတ်မြောက်အောင်တော့
အရင်မကြိုးစားကြမိပါဘူး။
ဒီလိုနဲ့ ပဲ သံသရာလည်နေပြီးတော့
ဖြေရှင်းနိုင်မယ့် အဖြေကို တော်တော်နဲ့ ရှာမတွေ့ကြပါဘူး။
ရှာတွေ့တဲ့အချိန်ရောက်ရင်လည်း
အရာရာဟာ နောက်ကျနေခဲ့တာများပါတယ်။
သူများရွေ့ခြင်းကို ခံနေကြရပြီး
ကိုယ်တိုင်ရွေ့ဖို့တော့ မကြိုးစားမိတတ်ကြပါဘူး။
အရာအားလုံးရဲ့ အရင်းခံအကြောင်းရင်ကလည်း
ဒါပဲဖြစ်နေပါတယ်။ အားလုံးက ရွေ့ခံရပြီးမှ
ဘယ်သူရွေ့သွားတာလဲဆိုတာကိုပဲ
သည်းသည်းမဲမဲရှာနေတတ်ကြပါတယ်။
ကိုယ်တိုင်ရွေ့လိုက်ဖို့ အရင်မစဉ်းစားမိတတ်တာဟာ
ရွေ့ခြင်းကိုမသိတာလား၊ ဘယ်လိုရွေ့ရမလဲဆိုတာကို
နားမလည်တာလားဆိုတာမေးစရာဖြစ်နေပါတယ်။
ပတ်ဝန်းကျင် ကျင်လည်မှု အားလုံးကစလို့
စားဝတ်နေရေး ၊ လုပ်ငန်းတွေ အဆုံး
အရွေ့ခံရပြီးမှ ဘယ်သူရွေ့သွားတာလည်းဆိုပြီး
ရှာဖွေနေကြတဲ့ပုံ၊ ကိုယ်ခံလိုက်ရတဲ့
အရွေ့ကို တသသပြောမဆုံးတဲ့ သူတွေဖြစ်နေကြရပါတယ်။
ဒီအခြေအနေက လွန်မြောက်ဖို့ ဘယ်လိုလုပ်ကြရမလဲတော့ မသိပါဘူး။
မုတ်သုန်ကိုယ်တိုင်လည်း အရွေ့ခံနေရတုန်ပါပဲ။
ကိုရဲမြတ်သူရဲ့ ပြောစကားတွေနဲ့တော့ ဆိုင်၊မဆိုင် မသိပါဘူး။
မုတ်သုန်တွေးမိတာလေးပါ။
ရွေ့ခြင်းမခံချင်ဘူးဆိုရင် ဘယ်လိုရွေ့ကြရပါ့မလဲနော်။
အဖြေကိုတော့ မုတ်သုန်ကိုဟ်တိုင်လည်းမသိပါဘူး။
မနက် အိမ်က ထွကမလာခင် သတင်းစာထဲမှာတော့
သတင်းတပုဒ်တွေ့လိုက်ရပါသေးတယ်။
လှိုင်သာယာမှာ ဂတ်စ်ပိုက်ပေါက်ပြီး ကားမီးလောင်လို့
ယာဉ်နောက်လိုက်ကိုတော့ ဖမ်းမိထားပြီး
ထွက်ပြေးသွားတဲ့ ယာဉ်နောက်လိုက်ကိုတော့
ရှာနေဆဲဖြစ်ပါတယ်တဲ့။
မုတ်သုန်တို့ ရွေ့တတ်ဖိုတော့ လိုနေပါပြီ။